What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသားကပ်ဘောင်းဘီရွေးချယ်တဲ့အခါ…

အသားကပ်ဘောင်းဘီက ဖက်ရှင်ကျတဲ့ မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ ရွေးချယ်စရာ အသားကပ် ဘောင်းဘီ အမျိုးအစားများစွာရှိပါတယ်။ စကပ်နဲ့ တွဲဝတ်မယ့် အသားကပ် ဘောင်း ဘီလား၊ ဒါမှမဟုတ် အားကစား လုပ်ဖို့ အသားကပ်ဘောင်းဘီလား စသဖြင့် ကိုယ်ဝတ်မယ့် အခြေအနေပေါ် မူတည်ပြီး သင့်တော်တာကို ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။

ဒါ့ကြောင့် အသားကပ်ဘောင်းဘီဝယ်တော့မယ်ဆိုရင် သိထားသင့် တာလေးတွေ ကို sharing လုပ်ချင်ပါ တယ်။
(၁) Size
အသားကပ်ဘောင်းဘီ ဝယ်တော့မယ်ဆိုရင် ဆိုဒ်ကိုသေချာရွေး ယူတတ်ဖို့က အဓိကကျပါတယ်။ အသားကပ်ဘောင်းဘီဆိုတော့ ကိုယ့်အသားနဲ့ ကပ်နေမှ ဖက်ရှင်ကျမှာပါ။ တင်၊ ခါး နေရာ size က fit ဖြစ်နေဖို့ အဓိကထား ရွေးချယ်ပါ။
(၂) Length
ဘောင်းဘီအတို၊ အရှည်ကို သေချာကြည့်ဝယ်ပါ။ အရမ်းရှည်နေတာမျိုး အထူးရှောင်ကြဉ်ပါ။ ခြေတံရှည်တဲ့သူ၊ အရပ်ရှည်တဲ့သူတွေကျတော့ ဒူးတစ်ဝက်အရှည်ရှိတဲ့ အသားကပ်တွေကို ရွေးချယ်နိုင်သလို၊ ခြေမျက်စိအပေါ် လောက်ကျတဲ့ အရှည်မျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။
(၃) အရောင်
အသားကပ် ဘောင်းဘီကို အရောင်နဲ့ ဝတ်မယ်ဆိုရင်တော့ ကြည့်ရတာ ကြောင်ကြောင်ကြားကြား ဖြစ်မနေဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ အထူးသဖြင့် အကွက်ဒီဇိုင်းမျိုး အသားကပ်တွေကို ဝတ်တဲ့အခါ အပေါ်အကျီင်္က ပြောင်အကျီင်္ဖြစ်နေဖို့ လိုပါတယ်။
(၄) နေရာတိုင်းမဝတ်သင့်
အသားကပ်ဘောင်းဘီကို ဂျင်းဘောင်းဘီလိုသဘောထားပြီး နေရာတကာဝတ်သွားဖို့ မသင့်တော်ပါဘူးလို့ ဖက်ရှင်ဒီဇိုင်းနာများက အကြံပြုထားပါတယ်။ ဒါ့အပြင် တင်းကြပ်လွန်းတဲ့ အတွင်းခံဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်တာ၊ crop top နဲ့ ဝတ်ဆင်တာက ကြည့်ရဆိုးပါတယ်။ ဒါကတော့ သတိပြုသင့်တဲ့ အချက်ပါပဲ။

source:myanma platform

Read 1936 times
Rate this item
(1 Vote)