What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်အတွက် ကံကောင်းစေတဲ့ အဝတ်အစားအရောင်များ

ကိုယ့်အတွက် ကံကောင်းစေတဲ့ အဝတ်အစားအရောင်များ google


တောင်းမှာအကွပ်၊ လူမှာ အဝတ် ဟူသည့် ဆိုစကားရှိ၏။ အဝတ်အစားဝတ်ဆင်ရာတွင် သူ့နေ့နှင့်သူ အရောင်တွေကို ရွေးချယ်ဝတ်ဆင်ပါကလည်း

အလိုရှိရာ အောင်မြင်နိုင်ပြီး အဆိုးအညံ့များကိုလည်း ကျော်လွှားပစ်နိုင်ပါတယ်တဲ့။


ကဲ ဒါကြောင့် နေ့အလိုက် ဝတ်ဆင်ပြီးကံကောင်းစေမဲ့ အရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်

တနင်္ဂနွေနေ့မှာဆို အဝါရောင် ကို ရွေးချယ်ဝတ်ဆင်ပါ။

တနင်္လာကျတော့ အဖြူရောင်

အင်္ဂါမှာတော့ အနီ ဒါမှမဟုတ် ကြက်သွေးရောင်၊ လိမ္မော်ရောင် တို့ကို ဝတ်ဆင်ရင် အဆင်ပြေမယ်။

ဗုဒ္ဓဟူးနေ့ကျတော့ ငွေရောင်တောက်ပသော အရောင် တို့ကို ရွေးချယ်ဝတ်ဆင်ပါ။

 ကြာသပတေးနေ့မှာတော့ အပြာရောင်၊ခရမ်းရောင် တို့က အကောင်းဆုံးသော အရောင်ဖြစ်ပါတယ်

သောကြာနေ့ကတော့ အစိမ်းရောင် လေးက မျက်စိလည်း အေးသလို သောကြာနေ့ကို ပိုပြီး တောက်ပစေမဲ့ အရောင်လေးဖြစ်ပါတယ်။

စနေနေ့မှာတော့ အနက်ရောင်၊ နက်ပြာရောင် ကို ဝတ်ဆင်ခြင်းက ထူးခြားသော ကောင်းကျိုးတွေကို ခံစားရမှာ အသေချာပါဘဲ

အထက်မှာ ဖော်ပြထားတဲ့ နေ့ရက်တွေမှာ သက်ဆိုင်ရာအရောင်တွေ ပါဝင်တဲ့ အဝတ်အစား၊ လက်ကိုင်ပဝါ၊ လက်ကိုင်အိတ်၊

လွယ်အိတ်၊ ဖဲကြိုး၊ ခေါင်းစည်းကြိုး၊ ဖိနပ် အစရှိတဲ့အသုံးအဆောင်တွေကိုလည်း သတ်မှတ်ထားတဲ့အရောင်လေးတွေ ရွေးချယ်အသုံးပြုခြင်းအားဖြင့်

အလုပ်အကိုင်တွေ အဆင်ပြေခြင်း၊ လူချစ်လူခင်များခြင်း၊ ကြံစည်တိုင်း အောင်မြင်ခြင်း၊ အခက်အခဲများ ပြေလည်ခြင်း၊ လာဘ်လာဘဝင်ခြင်း၊

စန်းတက်ခြင်း အစရှိတဲ့ ကံကောင်းမှုတွေ အထူးပင် ဖြစ်လာစေနိုင်တယ်လို့ သုတေသီ ဆရာငြိမ်း က ဖော်ပြထားပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 




 












 

Credit : ဧပရယ်မောင်မောင်

 

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

 

 

Read 2672 times
Rate this item
(0 votes)
Tagged under