What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသားကပ်ဘောင်းဘီကျပ်ကို ဖက်ရှင်ကျအောင် ဝတ်ဆင်နည်း

Legging ဘောင်းဘီတွေကို Stylish တစ်ယောက်လို ဖက်ရှင်ကျကျဝတ်ဆင်တတ်ဖို့ အကြံပြု တင်ပြသွားမယ်နော်။

Stalking လို ဘောင်းဘီကျပ်ကျပ်လေးတွေ ပျိုမေတိုင်းမှာ ရှိကြမယ်ထင်ပါတယ်။

Legging ဘောင်းဘီကို ဘယ်လိုဝတ်မလဲ

1
Legging ဘောင်းဘီလေးတွေဟာ စတိုင်ကျစေရုံသာမက အသက်အရွယ်မရွေး သင့်တော်ပါတယ်။ အဲဒီလိုဘောင်းဘီမျိုးကို ဖိနပ်ပုံအမျိုးမျိုးနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ အားကစားလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် ဝတ်လို့ သင့်တော်တဲ့ ဘောင်းဘီမျိုးဖြစ်ပါတယ်။

သားရေ Legging ဘောင်းဘီကို ဘယ်လိုဝတ်မလဲ

2
အနက်ရောင်ဗြောင် လယ်သာဘောင်းဘီကျပ်ကျပ်ဟာ တောက်ပြောင်ပြီး အရမ်းလန်းတဲ့ဘောင်းဘီပါပဲ။ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိဖို့အတွက် accessoriesတွေ၊ အပေါ်ဝတ်အင်္ကျီရှည်ရှည်ရယ် လိုက်ဖက်တဲ့ ဖိနပ်လေးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ရှပ်အင်္ကျီ ရှည်ရှည်နဲ့ တွဲဝတ်မယ်

3
ရှပ်အင်္ကျီအရှည်နဲ့ Legging ဘောင်းဘီကို တွဲဖက်ဝတ်ဆင်တာဟာ ရိုးရှင်းပြီး ဖက်ရှင်ကျလှပနေမှာပါ။ ပုံမှန်ထသွားထလာပဲဖြစ်ဖြစ် အဆင်ပြေတဲ့ ဖက်ရှင်မျိုးလည်းဖြစ်ပါတယ်။

စတိုင်ကျအောင်ဝတ်မယ်

610
စတိုင်ကျလှပနေစေဖို့အတွက် အခုလို တွဲဖက်ဝတ်ဆင်လိုက်ပါ။

အသက်၎ဝ ကျော်နဲ့ Legging ဖက်ရှင်

7
အသက်၎ဝ ကျော် မမတွေ ဒေါ်ဒေါ်တွေအနေနဲ့လည်း Legging ဖက်ရှင်က လိုက်ဖက်ပါတယ်။ ဘယ်လိုခြေတံမျိုးပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ အပေါ်အင်္ကျီ ဒူးခေါင်းအပေါ်ထိ ရှည်တာနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ လန်းနေဦးမှာပဲနော်။
အားလုံးပဲဖက်ရှင်ကျပြီး လှသထက်လှနိုင်ကြပါစေရှင်။

 

Source:my style

Read 1557 times
Rate this item
(1 Vote)