What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ဈေးအကြီးဆုံး ဒေါက်ဖိနပ်(3)ရံ

ကမ္ဘာ့ဈေးအကြီးဆုံး ဒေါက်ဖိနပ်(3)ရံ Google

ဒေါက်ဖိနပ်လှလှလေးတွေဟာ အမျိုးသမီးတိုင်းရဲ့ အိမ်မက်တွေပါပဲ။ ဒေါက်ဖိနပ်မကြိုက်တဲ့ အမျိုးသမီး ကမ္ဘာ ပေါ် မှာမရှိသလောက်ရှားပါတယ်။

 

ဒေါက်ဖိနပ်တွေဟာ အမျိုးသမီးတွေအတွက် Fashion Accessories ပစ္စည်းတစ်ခုဖြစ်တဲ့အပြင် မရှိမဖြစ်လိုအပ်တဲ့

 

ဖိနပ်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်ဖိနပ် စီးလိုက်ခြင်းအားဖြင့် မိမိကိုယ့်ကို ယုံကြည်မှုပိုရှိစေပါတယ်။

 

ဒေါက်ဖိနပ်တွေဟာ စမတ်ကျတဲ့ ဖက်ရှင်ကို အသွင်ကိုဆောင်သလို ရင့်ကျက်တဲ့ အသွင်ကိုဖြစ်စေပါတယ်။

 

အခုလည်း ဒေါက်ဖိနပ်လှလှလေးတွေ ဝယ်ယူစုဆောင်းတတ်တဲ့ ဒေါက်ဖိနပ်ချစ်သူတွေအတွက် ကမ္ဘာဈေးအကြီးဆုံးဒေါက်ဖိနပ်

 

(၃) ရံကို ဗဟုသုတ အနေနဲ့ တင်ပြပေးလိုက်ပါတယ်နော်။

 

1. Debbie Wingham Stilettos - ယူရို 12.7 million

 

ex1


ဒီဖိနပ်လေးကတော့ ဗြိတိသျှ ဒီဇိုင်နာတစ်ဦးက ဖန်တီးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ထူးခြားဆန်းပြားတဲ့ ဖက်ရှင် ဒီဇိုင်းလေးနဲ့ တန်ဖိုးကြီးပြီး

 

ရှားပါးတဲ့ စိန်လေးတွေ ကို ပေါင်းစပ်ပြုလုပ်ဖန်တီးထားတဲ့ ဖိနပ်တစ်ရံပဲဖြစ်ပါတယ်။ ဒါပြင့် ဖိနပ်လေးမှာဆိုရင် ရွှေသား ၂၄ ကာရက်နှင့်

 

ရွှေချည် ၁၈ ကာရက်တို့ပါဝင်ပါသေးတယ်။ ဒီဖိနပ်လေးရဲ့တန်ဖိုးကတော့ ယူရို 12.7 million ပဲဖြစ်ပါတယ်။

 

2. Ruby Slippers - ယူရို 2.5 million

 

ex2


ဒီဖိနပ်လေးကတော့ The Wizard of Oz ရုပ်ရှင်ဇာတ်ကားတွင် မင်းသမီး Dorothy Gale ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။

 

ဖိနပ်တစ်ခုလုံးကို ပတ္တမြား နှင့် စိန်တို့ကို စီခြယ်ကာ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။


ဒီဖိနပ် လေးမှာ ပတ္တမြား အလုံး ၄၆၀၀ နှင့် စိန် ၅၀ ကာရက်တို့ပါဝင်ပြီး ဖိနပ်ရဲ့အလေးချိန်ကတော့ ၁၁၃၅ ကာရက်ရှိပါတယ်။

 

တကယ်ကိုတန်ဖိုးကြီးမားတဲ့ ဖိနပ်တစ်ရံဖြစ်ပြီး သူရဲ့တန်ဖိုးကတော့ ယူရို 2.5 million ပဲဖြစ်ပါတယ်။

 

3. Rita Hayworth Heels - ယူရို 2.5 million

 

ex3


ဒီဖိနပ်လေးကတော့ Stuart Weitzman ကုမ္ပဏီမှ ဒီဇိုင်းဖော်ကာ ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။


ဖိနပ်ပေါ်တွင် ပန်းပွင့်ပုံစံဒီဇိုင်းဖော်ထားပြီး ထိုပန်းပွင့်ကလေးတွင် စိန် ၊ နီလာနှင့် ပတ္တမြားများကိုလှပစွာစီခြယ်ထားပါတယ်။

 

အရည်အသွေးကောင်းမွန်သော ချောကလက်ရောင် သားရေ စစ်စစ်ကို အသုံးပြုထားပြီး မြင်သူတိုင်းကိုဆွဲဆောင်နိုင်တဲ့

 

ဖိနပ်တစ်ရံလည်းဖြစ်ပါတယ်။ သူရဲ့တန်ဖိုးလေးကတော့ ယူရို 2.5 million ပဲဖြစ်ပါတယ်။

 

စက်ချုပ်သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါလေးနှိပ်ကြည့်ပါ

 

COVID

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 


 



 


 



 


 



 


 

 


 

 


စက်ချုပ်သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါလေးနှိပ်ကြည့်ပါ

 

textile picture

 

Myanmar Textile and Garment Directory

Read 2229 times
Rate this item
(0 votes)
Tagged under