What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို ပြီးပြည့်စုံပြီး ကြည့်ကောင်းစေဖို့ တားဆီးနေတဲ့ အရာတွေ

တစ်နေ့တာလုံး လှပကြည့်ကောင်းစေဖို့အတွက် အပြင်ကို မသွားခင် အိမ်မှာ အများကြီး ပြင်ဆင်ထားရတာတွေရှိပါတယ်။ ဒါပေမယ့် ဒီလို ကြိုတင် ပြင်ဆင်မှုတွေကြားထဲကနေ တခါတလေ ကိုယ်လုပ်လိုက်တဲ့အမှားကြောင့် သင့်ရဲ့ရုပ်သွင်ကို ဖျက်ဆီးစေနိုင်တယ်။

ဒီလိုအမှားတွေကို ရှောင်ကြဉ်ပြီး သင့်ကို ဆွဲဆောင်မှုရှိစေဖို့ အကောင်းဆုံးနည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

1. ကြိုတင်ပြင်ဆင်မှုမရှိခြင်း

Last minute preparations min

ကိုယ်ဝတ်ဆင်မယ့် အဝတ်အစားတွေနဲ့ လိုက်ဖက်မှု ရှိ ၊ မရှိ ကို အပြင်သို့မသွားမှီ ကြိုတင်ပြင်ဆင်ပြီး ဝတ်ကြည့်သင့်တယ်။ သွားခါနီးမှ ကောက်ခါငင်ခါ ဝတ်ဆင်တာတို့၊ ဘာဝတ်ရမလဲ စဉ်းစားနေရတာတွေဟာ အချိန်ကုန်စေပြီး သင့်ကိုလည်းလှပစေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အဝတ်အစားရွေးချယ်ရာမှာ ကြိုတင်ပြင်ဆင်မှု လုပ်သင့်ပါတယ်။

2. ရာသီဥတုနဲ့ ကိုက်ညီမှုမရှိတဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်း

Not dressing for the weather min

ချမ်းအေးတဲ့ရာသီမျိုးမှာ အင်္ကျီအတိုအပြတ်ဝတ်ဆင်တာတွေ ၊ ပူအိုက်တဲ့အခါမှာ အင်္ကျီကျပ်ကျပ်တွေ ဝတ်ဆင်ခြင်းဟာ လုံးဝမသင့်လျော်ပါဘူး။ ရာသီဥတုနဲ့ လိုက်ဖက်မှုရှိတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

3. ဖိနပ်ရွေးချယ်မှု မှားယွင်းခြင်း

Dressing out of place min

ဒေါက်မြင့်ဖိနပ်တွေဟာ ပွဲအခမ်းအနားတွေမှာ လိုက်ဖက်မှုရှိပေမယ့် နေ့စဉ်သွားလာတဲ့အခါတွေ နဲ့ ချစ်သူ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပေါ့ပါးလွတ်လပ်မှုကို ရရှိစေမှာမဟုတ်ပါဘူး။ နာကျင်မှုဒဏ်ကိုလည်း ရရှိစေနိုင်တယ်။ သက်သောင့်သက်သာရှိပြီး လိုက်ဖက်မယ့် ဖိနပ်မျိုးကို ရွေးချယ်ပါ။

4.ခန္ဓာကိုယ်နဲ့ မတော်တဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်း

Wearing clothes that dont fit your size or figure min

သင့်ခန္ဓာကိုယ်နဲ့ ကွက်တိမဖြစ်တဲ့ အဝတ်အစားများကို မရွေးချယ်ပါနဲ့။ ကျပ်ထုပ်ထုပ် အင်္ကျီတွေဟာ သက်သောင့်သက်သာမရှိတဲ့အပြင် ပုံပန်းသွင်ပြင်လည်း ကြည့်ရဆိုးစေတယ်။ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်စေမယ့် အင်္ကျီမျိုးကို ဆင်မြန်းပါ။

သင့်ကို ပိန်သွယ်တယ်လို့ ထင်ရအောင် ကူညီပေးနိုင်မယ့် Tip (7)ချက်

5. စံချိန်မမှီတဲ့ အဝတ်အထည်သားများ

Substandard materials min

အဝတ်အစားရွေးချယ်ရာမှာ ကိုယ့်နဲ့လိုက်ဖက်မှုရှိရုံနဲ့ မပြီးသေးပါဘူး။ အဝတ်အထည်သား ကောင်းမွန်မှုလည်း အရေးကြီးပါတယ်။ သင်ရွေးချယ်မှုပေါ်မူတည်ပြီး သင့်ရုပ်သွင်ကိုလည်း ပြောင်းလဲသွားစေနိုင်တယ်။ ဒါကြောင့် မှန်ကန်အောင် ရွေးချယ်တတ်ဖို့တော့ လိုအပ်ပါတယ်။

6. အရောင်ပေါင်းစပ်မှု

Color combinations min

အရောင်တွေကို လိုက်ဖက်မှုရှိပြီး မှန်ကန်အောင်ပေါင်းစပ်တတ်ဖို့လည်း အဓိကလိုအပ်ပါတယ်။ အတွဲအဆက်ညီမှသာ သင့်ကိုစတိုင်ကျပြီး လှပစေမှာပါ။

7. accessories များမဝတ်ဆင်ခြင်း

Lack of accessories min

အင်္ကျီကရိုးရှင်းပေမယ့် ဆွဲကြိုး (သို့) လက်ကောက်လေးဝတ်ဆင်လိုက်ခြင်းဟာ ရိုးရှင်းလှတဲ့ အင်္ကျီပေါ်ကို အရောင်ဟပ်စေပြီး ပိုထင်ပေါ်စေတယ်။ အဝတ်အစားဝတ်ဆင်တဲ့အခါ accessories တွေကို ဝတ်ဆင်ဖို့မမေ့ပါနဲ့။ သို့သော်လည်း ၂ခုထက်ပိုပြီး မဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

8. အတွင်းခံရွေးချယ်မှု မှားယွင်းခြင်း

Wrong choice of underwear min

အတွင်းခံရွေးချယ်ရာမှာလည်း သက်သောင့်သက်သာရှိပြီး မှန်ကန်တဲ့ဆိုဒ်မျိုးကို ရွေးချယ်ဖို့လိုအပ်တယ်။ တကယ်လို့ ချောင်တာတို့ (သို့) ကျပ်တာတို့ဟာ သင့်ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်လှပမှု ရှိစေမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီမှုရှိမယ့် အတွင်းခံကို ရွေးချယ်ဝတ်ဆင်ပါ။

 

Author:TDA

Read 3274 times
Rate this item
(1 Vote)