What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ချစ်သူကောင်လေးတွေမကြိုက်တဲ့ အမျိုးသမီးဖက်ရှင်များ

ကိုယ်ချစ်သူကောင်လေးတွေမကြိုက်တဲ့ အမျိုးသမီးဖက်ရှင်များ google

ကိုယ်ဘာပဲဝတ်ဝတ် ဘယ်သူမှ ကြည့်မှာ မဟုတ်ပါဘူးလို့တော့ မထင်ပါနဲ့နော်။ လူတစ်ယောက်ရဲ့အဝတ်အစားကို ကြိုက်လို့ဖြစ်ဖြစ်၊ မကြိုက်လို့ဖြစ်ဖြစ် သတိထားမိတာတော့ရှိကြမှာပါ။

အမျိုးသမီးတွေရဲ့ ဘယ်လိုဖက်ရှင်မျိုးတွေကို အမျိုးသားတွေ မကြိုက်ကြတာလဲဆိုတာပြောပြပေးချင်ပါတယ်။

၁. လမ်းလျှောက်ရတာ အဆင်မပြေစေမဲ့ဖိနပ်မျိုး

 တစ်ချို့ဖိနပ်တွေဆို အမြင်လှပေမဲ့လို့ လမ်းများများလျှောက်ရင် အဆင်မပြေစေပါဘူး။ ကိုယ်ကိုတိုင်တောင်လမ်းလျှောက်တာ အဆင်မပြေရင် အများမြင်မှာလည်း အဆင်ပြေမှာ မဟုတ်ပါဘူးနော်။

 

 

၂. ခေါင်းပတ် headband တွေ

အခုခေတ်မှာ ခေါင်းပတ်အနေနဲ့ ပတ်လာကြတဲ့ headband လေးတွေဟာဆိုရင် အလျှော့အတင်း ဆွဲဆန့်လို့ရတဲ့အတွက်ကြောင့် လူပ်ရှားလိုက်ရင် ယောင်းရဲ့ဆံပင်တွေကို ရူပ်ပွသွားစေမှာပါ။

 


၃. ။ဖော်လွန်း၊ ပေါ်လွန်းနေတဲ့ အဝတ်အစားတွေ

သွားရမယ့်နေရာနဲ့ ကိုယ်ဝတ်ထားတာက လုံးဝမအပ်စပ်ပဲခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ နေရာလေးတွေကိုသာ ဖုံးထားသလောက် ဝတ်ထားတာမျိုးဆိုရင် သူတို့ လုံးဝ မကြိုက်ကြပါဘူး။

တွဲသွားရင် အားလုံးက ငေးကြည့်ကြမှာကို မနှစ်သက်သလို သင့်ကိုလည်း နောင်ဒီလိုမဝတ်ဖို့ တားပါလိမ့်မယ်။

 

 

၎. ခန္ဓာကိုယ်အချိုးအစားပေါ်လွင်အောင် အတင်းဝတ်စားထားတဲ့ အဝတ်အစား

အမျိုးသားအများစုက အမျိုးသမီးတွေ high-waisted ဘောင်းဘီတိုတွေ ဝတ်ရင် ကြည့်ရဆိုးတယ်
လို့ သတ်မှတ်တတ်ကြပါတယ်။ မိန်းကလေးတွေက သူတို့ကောက်ကြောင်းအလှကို သိသာစေဖို့ ဝတ်တယ်ဆိုရင်တောင် တစ်ခြားဂျင်းဘောင်းဘီကိုသာ ပိုမဲပေးတတ်ကြပါတယ်။

 

 

၅.လည်ပင်းပေါက် ကျယ်လွန်းတဲ့ အင်္ကျီတွေ၊ အရမ်းကျပ်ထုတ်လွန်းတဲ့ အင်္ကျီတွေ

တစ်ချို့အင်္ကျီတွေက လည်ပင်းပေါက်အဟိုက်မို့ မိန်းကလေးတွေက နှစ်ထပ်ဝတ်ပြီး လက်မောင်းသားကိုပေါ်အောင် ဆွဲချဝတ်ဆင်တတ်ကြပါတယ်။

အမျိုးသားတွေက ဒီလိုဝတ်ဆင်ရင် သဘောမကျကြသလို ကိုယ်နဲ့မတော်တာကို ကောက်စွပ်လာသလို ဖြစ်စေတဲ့ အင်္ကျီမျိုးတွေကိုလည်း သူတို့ ရက်စ်လို့ ပြောမှာ မဟုတ်ပါဘူး။

 

Source : Shwe Chit Thu

 

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 2676 times
Rate this item
(0 votes)
Tagged under