မိုးရာသီမှာ အပြင်သွားရတာ စိတ်ရှုပ်စရာ ကောင်းပါတယ်။ဒါအပြင် တုတ်ကွေးရန်ကလည်းဂရုစိုက်နေရတာပါပဲ။
ဒီတစ်ခါမှာတော့ Textile ကနေ မိုးရာသီမှာ မဖြစ်မနေအပြင်ထွက်ရတဲ့ပျိုမေတို့အတွက် မရှိမဖြစ် ပစ္စည်း(၆)မျိုး ကို ပြောပြပေးချင်ပါတယ်နော်။
(၁)ထီး
မိုးရာသီမှာဆိုရင် အဓိကမရှိမဖြစ်ကတော့ ထီးပါပဲရှင်။ ကိုယ်အပြင်သွားတဲ့အချိန် မိုးရွာသည်ဖြစ်စေ၊ မရွာသည်ဖြစ်စေ ထီးကိုတော့ ဆောင်ထားသင့်ပါတယ်နော်။
(၂)မိုးတွင်းစီးဖိနပ်
မိုးရာသီမှာ မိုးရာသီနဲ့ မကိုက်တဲ့ဖိနပ်တွေစီးလာလို့ စိတ်ရှုပ်ရတာတွေ ရှိပါတယ်နော်။ တစ်ချို့ဖိနပ်တွေဆိုရင် ချော်နေတာတို့၊ မိုးစိုလိုက်တာနဲ့လေးလံတာနဲ့ အမျိုးမျိုးရှိကြပါတယ်နော်။မိုးတွင်းစီး ဖိနပ်က မလှလို့မစီးချင်တာဆိုရင်တော့ မိုးတွင်းစီးအမိုက်စားတွေ အများကြီးရှိပါတယ်နော်။
(၃)လက်သန့်ဆေးဘူး
လက်သန့်ဆေးဘူးဟာဆိုရင်လည်း မိုးတွင်းမှာ တော်တ်ေလေး အသုံးဝင်ပါတယ်နော်။မိုးတွင်ဆိုတော့ ရောဂါပိုးမွှားတွေက နေရာတိုင်းမှာရှိနေနိုင်ပါတယ်နော်။ တုတ်ကွေးရန်ကလည်း ကာကွယ်မိတာပေါ့။
(၄)လက်ကိုင်ပါဝါ
မိုးတွင်းမှာ မဖြစ်စလောက်မိုးရေစိုတဲ့ အခါ လက်ကိုင်ပါဝါနဲ့ သုတ်လို့ရနိုင်ပါတယ်နော်။
(၅)အကိုက်အခဲပျောက်ဆေး
မိုးရေထိတာ ကိုက်တာ၊ခဲတာတို့ ဖြစ်တတ်သူတွေဆောင်ထားသင့်ပါတယ်နော်
Myanmar Textile and Garment Directory