What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝတ်စားဆင်ယင်ပုံနဲ့ပတ်သတ်ပြီး သတိထားသင့်တဲ့အချက်လေးတွေ

ဝတ်စားဆင်ယင်ပုံနဲ့ပတ်သတ်ပြီး သတိထားသင့်တဲ့အချက်လေးတွေ Google

              လူတစ်ယောက်နဲ့လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ အရမ်း အရေးကြီး ပါတယ်။ အဝတ်စားဟာ စမတ်ကျဖို့တင် မဟုတ်ပဲ ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့လည်း လိုပါတယ်။ အကျီ အ​ဝတ်စားဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ဖော်ပြနေတာမို့ သိပ်အရေးကြီးပါတယ်။ သတိထား၊ မှတ်သားထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါမယ်။

(၁) အနောက်တိုင်းဝတ်စုံ ဝတ်မယ်ဆို အလယ်က ကြယ်သီးကိုအမြဲတပ်ထားသင့်ပါတယ်။ အပေါ်ကြယ်သီးကိုတော့ စိတ်ပါရင်တပ်ပါ။ အောက်ကြယ်သီးကတော့ ဘယ်တော့မှမတပ်ထားသင့်ပါဘူး။

(၂) ရှပ်အကျီ င်္ဝတ်တဲ့အခါ ကြယ်သီးကိုနှစ်လုံးထက်ပိုပြီး ဖြုတ်မဝတ်သင့်ပါဘူး။ ရင်ဘတ်ကို ဖော်လွန်းရင် အမြင်ရိုင်းလို့ပါ။

(၃) လက်ဝတ်တန်ဆာတွေ များပြားစွာ ဝတ်ခြင်းက မျက်လုံးကျိန်းစေတယ်။ ဆွဲကြိုးနဲ့ လက်စွပ်၊ နားကပ်နဲ့ လက်ကောက်..ဒီလိုမျိုးလေးတွေ တွဲဖက်တတ်ပါစေ။

(၄)နက်ခတိုင်လ်ဝတ်တဲ့အခါ အရမ်းလည်းရှည်၊ အရမ်းတိုလို့မဖြစ်ပါဘူး။ ခါးပတ်နားလောက်ဆို အနေတော်ပါပဲ။

(၅) ဂျာကင်မပါပဲ ဒီတိုင်းရှပ်ဝတ်မယ်ဆို နက်ခတိုင်လ် ပတ်စရာမလိုပါဘူး။

(၆) အကျီ င်္ကိုအထဲထည့်ဝတ်တဲ့အခါ ခါးပတ်၊ ပတ်ဝတ်တဲ့က ပိုအထာကျပါတယ်။

(၇) ခါးပတ်အရောင်နဲ့ ဖိနပ်အရောင်ဟာ လိုက်ဖက်မှုရှိဖို့လိုပါတယ်။

(၈) အကျီ င်္ဝတ်ရင် ဈေးနှုန်းတံဆိပ်ကြီးဖြုတ်ဝတ်သင့်တာကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။

(၉) ထိုင်တဲ့အခါ ခြေထောက်အသားပေါ်မနေအောင် ခြေအိတ်ရှည်ဝတ်ပါ။

(၁ဝ) အိမ်နေရင်း လက်တစ်လုံးကြိုးပြတ်အကျီ င်္လေးတွေဝတ်တာ ကိစ္စမရှိပါ။ အပြင်သွားတဲ့အခါ လက်ပြတ်ဝတ်ရင် ရင်ကိုအပြည့်ဖုံးပေးနိုင်တဲ့ အကျီ င်္မျိုးကိုရွေးချယ်ပါ။

 

Source: Trend Myanmar

Read 3513 times
Rate this item
(2 votes)
Tagged under