What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ချစ်သူတိုင်းသွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့ဖက်ရှင်မြို့တော် ပဲရစ်

ဖက်ရှင်ချစ်သူတိုင်းသွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာ့ဖက်ရှင်မြို့တော် ပဲရစ် Google

ကမ္ဘာပေါ်မှာ ဖက်ရှင်မြို့တော်ကြီးသုံးခုရှိပါတယ်။ ပြင်သစ်နိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ပဲရစ်မြို့ဟာဆိုရင်လည်းကမ္ဘာ့

 

ဖက်ရှင်မြို့တော်ကြီး သုံးခုထဲက တစ်မြို့ဖြစ်ပါတယ်။

 

ပဲရစ်မြို့ လိုဆိုလိုက်တာနဲ့ ခမ်းနားလှပလွန်းတဲ့ အီဖယ်မျှော်စင်ကြီး နဲ့ ပြင်သစ်နိုင်ငံထုတ် ကမ္ဘာကျော်ဖက်ရှင် အမှတ်တံဆိပ်

 

LV ဆိုင်ကြီး ရယ်ကို အရင်ပြေးမြင်မိကြမှာပါ။ တစ်နှစ်ကိုလာရောက်လည်ပတ်သူ သန်းနဲ့ချီရှိတဲ့ကမ္ဘာ ပေါ်မှာ

 

လာရောက်လည်ပတ်သူ အများဆုံးမြို့တစ်မြို့ပဲဖြစ်ပါတယ်။



ခရီးသွားလည်ပတ်သူတွေနဲ့ ဖက်ရှင်ချစ်သူတွေကြားမှာ ရေပန်းစားလှတဲ့ ပဲရစ်မြို့ရဲ့ မူလနာမည်ကတော့ လူတီတီယာ လို့

 

အမည်တွင်ခဲ့တာပဲဖြစ်ပါတယ်။ပဲရစ်မြို့ကို လွန်ခဲ့တဲ့ ၂၅၀ ဘီစီခန့် က ပဲရီစီလို့ ခေါ်တဲ့ တိုင်းရင်းသားလူမျိုးတွေက စိန့်မြစ်ဘေးမှ

 

ာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၅၂ ဘီစီခန့်မှာတော့ ရောမတွေ လက်အောက်သို့သို့ ကျရောက်ခဲ့ပြီး လူတီတီယာလို့အမည်တွင်

 

ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မူလတည်ထောင်ခဲ့ကြတဲ့ ပဲရီစီလူမျိုးတွေကို အစွဲပြုပြီး ပဲရစ်မြို့လို့ ပြန်လည်ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

 

ပဲရစ်မြို့အကြောင်းကိုပြောမယ်ဆိုရင် ဖက်ရှင်အကြောင်းကို ချန်ထားခဲ့လို့မရပါဘူး။ ကမ္ဘာကျော်ဇိမ်ခံ ပစ္စည်းအမှတ်တံဆိပ် များစွာရှိပြီး

 

ဖက်ရှင်ချစ်သူတွေ ဖက်ရှင်ကိုအလေးထားလိုက်စားတဲ့ မြို့ခံတွေ များစွာရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။

 

ဒါပြင့်ပဲရစ်မြို့ဟာ နိုင်ငံတကာ ဖက်ရှင်ရှိုးပွဲတွေ၊ နောက်ဆုံးပေါ်အဆင့်မြင့် ဖက်ရှင် ရှိုးတွေဖြစ်တဲ့ Haute Couture ပွဲတွေ ကျင်းပလေ့ရှိရာ

 

မြို့တစ်မြို့လည်းဖြစ်ပါတယ်။ကမ္ဘာ့လူဦးအများဆုံးလာရောက်လည်ပတ်တဲ့မြို့တစ်မြို့ဖြစ်တဲ့အပြင် ကမ္ဘာပေါ်တွင် ဖက်ရှင်နဲ့ ပတ်သက်တဲ့

 

ဇိမ်ခံပစ္စည်းတွေရောင်းချတဲ့ နေရာမှာ လည်း ထိပ်ဆုံးကဦးဆောင်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ပဲရစ်မြို့ထဲမှာရှိတဲ့ ရှောင်ဇီလီဇီ

 

လမ်းမကြီးပေါ်မှာဆိုရင်လည်း ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် ဆိုင်တွေနဲ့ပြည့်နှက် နေပြီး ဖက်ရှင်မြို့တော် ပဲရစ်ရဲ့ ပြယုဂ် တစ်ခုဖြစ်တဲ့

 

ပြင်သစ်နိုင်ငံထုတ် ကမ္ဘာကျော်ဖက်ရှင် အမှတ်တံဆိပ် LV ဆိုင်ကြီးလည်းတည်ရှိလို့နေပါတယ်။

 

ဖက်ရှင်ချစ်သူတွေအနေနဲလည်း ပြည်ပနိုင်ငံတစ်ခုခုကို အပန်းဖြေအလည်ပတ်ခရီးသွားဖို့ စိတ်ကူးထားတယ်ဆိုရင်တော့

 

ကမ္ဘာ့ဖက်ရှင်မြို့တော်တစ်ခုဖြစ်တဲ့ ပဲရစ်မြို့ကိုလည်ပတ်ဖို့ အကြံပေးချင်ပါတယ်။

 

အမျိုးသမီးအဝတ်အထည်ဆိုင် ၁၁၉၆ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

COVID

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 



 



 


 



 


 


 


 


ဖက်ရှင်ချစ်သူတွေအနေနဲလည့်း ပြည်ပနိုင်ငံတစ်ခုခုကို အပန်းဖြေအလည်ပတ်ခရီးသွားဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ ကမ္ဘာ့ဖက်ရှင်မြို့တော်တစ်ခုဖြစ်တဲ့ ပဲရစ်မြို့ကိုလည်ပတ်ဖို့ အကြံပေးချင်ပါတယ်။

 

textile picture

 

အမျိုးသမီးအဝတ်အထည်ဆိုင် ၁၁၉၆ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

Myanmar Textile and Garment Directory

Read 1342 times
Rate this item
(0 votes)
Tagged under