What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗိုက်ခေါက်ရှိတဲ့ အမျိုးသမီးတွေအတွက် ဗိုက်ခေါက်ဖုံးစေမယ့် ဖက်ရှင် (၅) မျိုး

ဗိုက်ခေါက်ရှိတဲ့ အမျိုးသမီးတွေအတွက် ဗိုက်ခေါက်ဖုံးစေမယ့် ဖက်ရှင် (၅) မျိုး google

အမျိုးသမီးတွေမှာ အထိုင်များလို့ပဲဖြစ်ဖြစ် ၊ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ် ဗိုက်ခေါက်ထူလာရင် အဝတ်အစားဝတ်ရတာ အဆင်မပြေတော့ပါဘူး။

အရင်ကလို Body Fit တွေဝတ်ပြီး ပဲများလို့လည်းမရတော့သလို ဘယ်အဝတ်အစားကို ဝတ်ရင်လိုက်ဖက်မလဲဆိုတာ စဉ်းစားစရာ အလုပ်တစ်ခုပါ ။

အဲ့လို စဉ်းစားရခက်နေတဲ့ အမျိုးသမီးတွေ အတွက် ဗိုက်ခေါက်လည်းဖုံးပေးပြီး စတိုင်လည်းကျစေမယ့် ဖက်ရှင်နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

 

၁။အလွှာ၊ အထပ်တွေ ပါတဲ့အင်္ကျီ

ခါးအထက်ပိုင်းမှာကျဉ်းပြီး အောက်ပိုင်းမှာ အလွှာအလွှာတွေပါတဲ့ အကျီင်္တွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။

ခါးသိမ်တယ်ထင်ရစေသလို အလွှာတွေက ဗိုက်ကအဆီတွေကိုဖုံးပေးလို့ စတိုင်ကျပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ရရှိစေနိုင်ပါတယ်။

 

 ၂။အရောင်ရင့်ရင့် အဝတ်အစားတွေ

အရောင်ရင့်ရင့် အဝတ်အစားတွေကလည်း ဗိုက်ခေါက်တွေကို ဖုံးပေးနိုင်ပါတယ်။

အထူးသဖြင့် အနက်ရောင်က လူကိုပိန်တယ်ထင်ရစေလို့ ဗိုက်ခေါက်ထူသူတွေအတွက် အကောင်းဆုံး ရွေးချယ် မှုပါ။

ဒါ့အပြင် နေဗီပြာ၊ ကြက်သွေးရောင်၊ ချယ်ရီဘယ်ရီရောင်၊ အစိမ်းရင့်ရောင် စတဲ့ တခြားအရောင်ရင့်များကိုလည်း ရွေးချယ်နိုင်ပါတယ်။

 

Bags လွယ်အိတ်ဆိုင် ၆၉၂ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

၃။အဆင်တွေအပွင့်တွေပါတဲ့အဝတ်အစား

အကျီင်္ပေါ်မှာ အသေးစိတ်ရိုက်ထားတဲ့ အဆင်တွေ ဒါမှမဟုတ် အပွင့်တွေပါရင် ဗီုက်ကအဆီတွေကို မသိသာစေပါဘူး။

အကျီင်္ပေါ်မှာ ရှုပ်နေတာကြောင့် ခန္ဒာကိုယ်က အဆီတွေကို ဖုံးကွယ်ပေးနိုင်လို့ အကျီင်္ပြောင်တွေဝတ်မယ့်အစား အဆင်တွေ အကွက်တွေ အပွင့်တွေ ပါတာကိုရွေးချယ်ဝတ်ပါ။

 

၎။ခါးအောက်နိမ့်တဲ့ ဂျင်းတွေကို ရှောင်ပါ

သင့်ဝမ်းဗိုက်ကို ဖုံးကွယ်ဖို့ အကောင်းဆုံး ရွေးချယ်စရာကတော့ ခါးမြင့်ဂျင်း သို့မဟုတ် အလယ်အလတ်မြင့်တဲ့ ဂျင်းဘောင်းဘီတွေပါပဲ။

သူတို့က သင့်ကို သက်တောင့်သက်သာ ပိုခံစားရစေပြီး သင့်ဝမ်းဗိုက်ကို ဖုံးကွယ်ပေးပါတယ်။ ခါးအောက်နိမ့်တဲ့ ချက်ပေါ်ဂျင်းတွေက သင်ဖုံးကွယ်ချင်တဲ့ ဗိုက်ကအဆီတွေကို ပိုပြီးတော့တောင် ပေါ်လွင်စေပါလိမ့်မယ်။

 

၅။Oversized အက်ီၤ 

Oversized ခပ္ပြပြ ဘေလာက္အက်ႌေတြဟာ ဘာပြဿနာမှမရှိဘဲ သင့်ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ဖို့ ကူညီပေးပါတယ် ။

ဒါ့အပြင် ဒီအဝတ်အစားတွေက သင့်ကို သက်တောင့်သက်သာ ခံစားရစေမှာပါ ။ ဂျင်း သို့မဟုတ် တခြားဘောင်းဘီအမျိုးအစားတွေနဲ့ ဒီရှပ်အမျိုးအစားကို တွဲဝတ်နိုင်ပါတယ်။ သင့်ကို ပိုပြီးတောင် ကြည့်ကောင်းစေပါလိမ့်မယ်။

 

Ref what news

 

Read 9358 times
Rate this item
(0 votes)
Tagged under