အဝတ်အစားဝတ်ဆင်ရာမှာ outfit တစ်ခုထဲ ပြီးပြည့်စုံနေလို့ မရပါဘူး။ သူနဲ့ကိုက်ညီမှုရှိမယ့် accessories တွေကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ကိုယ်ဝတ်ဆင်ထားတဲ့ အင်္ကျီကလှပြီး တွဲဖက်မယ့် အသုံးဆောင်တွေက လိုက်ဖက်မှုမရှိရင်တော့ ဘယ်လိုမှ ဖက်ရှင်ကျမှာ မဟုတ်ဘူး။ အဓိကကတော့ အဝတ်အစားနဲ့ အိတ်က ကိုက်ညီပြီး လိုက်ဖက်မှုရှိရမယ်။
ဒါကြောင့် ဘယ်လို outfit ဒီဇိုင်းတွေနဲ့ ဘယ်လို အိတ်ပုံစံတွေက လိုက်ဖက်မှုရှိလဲဆိုတာ ပြောပြပေးပါမယ်။
၁။ တီရှပ်နဲ့ ဂျင်းဘောင်းဘီက ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ပါ၊ ဝတ်ရတာပေါ့ပါးတာကြောင့် အိတ်ရွေးချယ်တဲ့ အခါမှာလည်း ပေါ့ပေါ့ပါးပါးရှိစေမယ့် crossbody အိတ်လေးတွေကိုပဲ ရွေးချယ်ဖို့ အကြံပေးချင်တယ်။
၂။ ရုံးသွားတဲ့အခါ ရွေးချယ်သင့်တဲ့အိတ်တွေကတော့ အိတ်အသေးထက် နည်းနည်းကြီးကြီးလေးတွေကို ရွေးချယ်စေချင်တယ်။ ပစ္စည်းအားလုံးလဲဆန့်ပြီး စမတ်လည်းကျစေပါတယ်။
၃။ ဂါဝန်တိုလေးတွေနဲ့ အခုခေတ်စားနေတဲ့ အဝိုင်းပုံစံ အိတ်ကလေးတွေက တွဲဖက်ညီလှပြီး ချစ်စရာကောင်းစေမှာပါ။
Sneaker ဖိနပ်နဲ့ အတွဲအစပ်ညီတဲ့ ဂါဝန်တွေ
၎။ ပါတီပွဲသွားတဲ့အခါ ပုခုံးမှာ လွယ်တဲ့အိတ်တွေထက် လက်ကိုင်အိတ်အိတ်သေးသေးတွေက စမတ်ကျပြီး ဆွဲဆောင်မှုရှိစေတယ်။
၅။ စကပ်တိုအကားလေးတွေနဲ့ ကျောပိုးအိတ်ကို တွဲဖက်ခြင်းဟာ တကယ့်ကို လိုက်ဖက်ပါတယ်။ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေမှာနော်။
Author:TDA