What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Sneaker ဖိနပ်နဲ့ အတွဲအစပ်ညီတဲ့ ဂါဝန်တွေ

Sneakers လေးတွေက ဘောင်းဘီတွေနဲ့ပဲလိုက်ဖက်တာ မဟုတ်ဘူးနော်။ ဂါဝန်လေးတွေ၊ စကပ်လေးတွေနဲ့ဆိုလည်း အရမ်းချစ်စရာကောင်းပါတယ်။ ဂါဝန်လေးတွေဝတ်ပြီး ဒေါက်ဖိနပ်စီးမယ်ဆိုရင်တော့ လှပတဲ့ကောင်မလေးတစ်ယောက်ဖြစ်သွားမှာပါ။

ဒါပေမယ့် ဂါဝန်လေးဝတ်ပြီး Sneakers လေးစီးမယ်ဆိုရင်တော့ အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားမှာနော်။ ဒေါက်ဖိနပ်ထက် Sneakers လေးတွေက ပိုပြီးလူငယ်ဆန်စေတယ်လေ။ ဒါကြောင့် ကောင်မလေးတွေအတွက် Sneakers လေးတွေနဲ့တွဲဝတ်လို့ရမယ့် ဂါဝန်ဖက်ရှင်လေးတွေကိုပဲ ရွေးချယ်ပေးလိုက်တယ်နော်။

၁. Gigi ဝတ်ထားသလို jumpsuit လေးတွေကိုဝတ်တဲ့အခါမှာ ဒေါက်ဖိနပ်တွေနဲ့ဝတ်တာထက် sneakers အဖြူလေးတွေနဲ့တွဲဝတ်တာက ပိုပြီးချစ်စရာကောင်းစေတယ်နော်။

jumpsuit with sneaker min


၂. ဒီလိုကြိုးတစ်လုံးဂါဝန်လေးတွေဆိုလည်း Sneakers လေးတွေနဲ့ဝတ်ရင် အရမ်းချစ်စရာကောင်းပါတယ်။ တော်တော်များများကတော့ ဒီလိုဂါဝန်လေးတွေဝတ်ရင် slipper လေးတွေပဲစီးကြတာပါ။ Slipper စီးမယ့်အစား Sneakers လေးတွေစီးပါလို့ အကြံပြုပါတယ်။

mini dress with sneaker min


၃. ဒီလိုကိုယ်ကျပ်ဂါဝန် လေးတွေဝတ်မယ်ဆိုလည်း အများစုကတော့ ဒေါက်ဖိနပ်လေးတွေနဲ့ပဲ စီးကြတာပါ။ ဒါပေမယ့် Sneakers အဖြူရောင်လေးစီးကြည့်ပါ။ အရမ်းကိုချစ်စရာကောင်းနေတာကို တွေ့ရပါလိမ့်မယ်။

bodycon dress with sneaker min


၎. ချစ်စရာကောင်းတဲ့ဂါဝန် အကျပ်လေးတွေဝတ်မယ်ဆိုရင်လည်း ဒီလို sneakers အဖြူလေးတွေစီးပြီး ဝတ်လို့ရတယ်နော်။ ဒေါက်ဖိနပ်တွေနဲ့စီးတာထက် sneakers လေးတွေနဲ့စီးတာက ပိုပြီးချစ်စရာကောင်းတာတော့ မြင်တဲ့အတိုင်းပဲနော်။

sneaker with min dress min

လုံလုံခြုံခြုံလေးနဲ့ စတိုင်ကျအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်


၅. ကဲ ... ကိုရီးယားဆန်တဲ့ ဒီလိုဂါဝန်လေးတွေကတော့ sneakers အဖြူလေးတွေနဲ့ဆို အရမ်းလိုက်ဖက်တာ ပြောနေစရာတောင်မလိုတော့ပါဘူးနော်။

sneaker with overall dress min


၆. ဒီလိုပေါ့ပေါ့ပါးပါးနဲ့ freestyle ဂါဝန်လေးတွေကိုဝတ်တဲ့အခါမှာလည်း sneakers အဖြူလေးကိုသာ ရွေးချယ်စီးလိုက်ပါ။

sneaker with shirt dress min


၇. Gigi ဝတ်ထားသလို ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ ဂါဝန်အဖြူလေးတွေကိုဝတ်ရင်လည်း sneakers လေးတွေနဲ့တွဲဝတ်တာက အရမ်းချစ်စရာကောင်းစေတယ်နော်။

gigi hadid white dress with sneaker min


၈. ဒီလိုချစ်စရာကောင်းတဲ့ ဂါဝန်လေးတွေဝတ်မယ်ဆိုလည်း sneakers လေးတွေနဲ့သာတွဲဝတ်ပါ။ အရပ်ရှည်တဲ့သူပဲဖြစ်ဖြစ်၊ ပုတဲ့သူပဲဖြစ်ဖြစ် အရမ်းချစ်စရာကောင်းစေတဲ့ ဖက်ရှင်လေးပါ။

sneaker with floral mini dress min


၉. ဒီလိုအလွင့်ဂါဝန်လေးတွေဆိုလည်း အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတာနော်။ မထင်မှတ်ထားလောက်အောင်ပဲ ဒီဂါဝန်လေးတွေက sneakers လေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းပါတယ်။

sneaker with maxi dress min


၁၀. ဂါဝန်လေးတွေကို ဂျင်းကုတ်လေးတွေထပ်ဝတ်ပြီး sneakers လေးသာစီးလိုက်မယ်ဆိုရင်တော့ တကယ်ကိုချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်သွားမှာနော်။

jean coat with sneaker min

 

Source:we media

Read 2063 times
Rate this item
(1 Vote)