What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်ကိုယ်ကို ပိန်ပိန်သွယ်သွယ်လေးဖြစ်သွားစေမဲ့ ဝတ်စားဆင်ယင်နည်း

ကိုယ့်ကိုယ်ကို ပိန်ပိန်သွယ်သွယ်လေးဖြစ်သွားစေမဲ့ ဝတ်စားဆင်ယင်နည်း google

များသောအားဖြင့် မိန်ကလေးတိုင်း ပိန်ချင်ကြတာပါပဲနော်။ ကိုယ်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ဝိန်ချချ ပိန်သွားတယ်လို့ မထင်ရတဲ့ မိန်းကလေးတိုင်းအတွက် Textile ကနေ ခန္ဓာကိုယ်ကို ပိန်ပိန်သွယ်သွယ်လေးဖြစ်သွားစေမဲ့ အဝတ်အစားဝတ်နည်းလေးကို ပြောပြပေးချင်ပါတယ်နော်။


ခါးပတ်ပြားသေးသေးလေးတွေဝတ်ဆင်ပါ

ခါးပတ်ပြားအကြီးတွေ ဝတ်ဆင်ခြင်းက ယောင်းရဲ့ခါးကို ပိုကြီးသွားစေတာကြောင့် နဂိုရှိရင်းစွဲခန္ဓာကိုယ်ထက် ပိုဝစေပါတယ်။ ဒါကြောင့် ပါးပါးမျှင်မျှင် ခါးပတ်သေးသေးလေးတွေပဲ ရွေးချယ်သင့်ပါတယ်။

111111


ခါးလျှောဘောင်းဘီအစား ချက်ပေါ်ထိ တတ်ဝတ်ရတဲ့ ဘောင်းဘီဝတ်ဆင်ပါ။

ဒီဖက်ရှင် Look လေးကဆိုရင် ပျိုမေလေးတို့ကို ခြေတံရှည်တဲ့ပုံပေါက်စေတာကြောင့် ဝမှန်း မသိသာတော့ပါဘူး။ တီရှပ်အင်္ကျီကို အထဲထည့်ဝတ်ထားမယ်ဆိုရင် ပိုမိုက်ပါတယ်။

 

2 1

 

ဒေါင်လိုက် အစင်းကျား အဝတ်အစားတွေ ဝတ်ဆင်ပါ။

အစင်းကျား အင်္ကျီ ဘောင်းဘီတွေဝတ်ဆင်တဲ့အခါ အလျားလိုက် အဆင်တွေအစား ဒေါင်လိုက်အဆင်တွေကိုသာ ဦးစားပေးဝတ်ဆင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ကို ပိုရှည်လျားသွားတဲ့ အသွင် ဖော်ဆောင်ပေးပါလိမ့်မယ်။

 

3 1

 

အထပ်အထပ်လေးတွေ ဝတ်ဆင်ပါ။

ဒီနည်းလမ်းက နွေရာသီမှာ အသုံးတည့်မှာတော့ မဟုတ်ပေမယ့် ဆောင်းရာသီ၊ ဒါမှမဟုတ် ချမ်းအေးတဲ့ နေရာဒေသတွေဖြစ်တဲ့ ကလော၊ တောင်ကြီး၊ ပြင်ဦးလွင်တို့ကို အလည်သွားရင်တော့ ရှိုးထုတ်လို့ရတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

4 1

 

တစ်ကိုယ်လုံးအမဲရောင်ဝတ်ဆင်ပါ

ဝတဲ့သူကို ပိန်ပိန်သွယ်သွယ်လေး ဖြစ်သွားစေတဲ့အရောင်ကတော့ အမဲရောင်ပဲဖြစ်ပါတယ်။ အမဲဝမ်းဆက်ကို စတိုင်လ်မိုက်မိုက်လေး ဝတ်လိုက်မယ်ဆိုရင်တော့ အလန်းဇယားလေးဖြစ်နေမှာပါ။

allblackfashion

 

ခန္ဓာကိုယ် ကောက်ကြောင်းပေါ်စေတဲ့ အတွင်းခံအဝတ်အစားများ

ဗိုက်ချပ်စေတဲ့ အတွင်းခံလေးတွေ ဝတ်မယ်ဆိုရင် ကိုယ်ကြပ်ဂါဝန်လေးတွေ ဝတ်တဲ့အခါ ချပ်ချပ်ရပ်ရပ်ကလေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

 

111

 

Source : mystylemyanmar.com

Myanmar Textile and Garment Directory

အဝတ်အစားဆိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒါလေးကိုနှိပ်လိုက်ပါနော်

Read 4193 times
Rate this item
(0 votes)
Tagged under