What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗိုက်အဆီတွေ ရှိနေလို့ ဖက်ရှင်မကျမှာ စိတ်ပူနေသူတွေအတွက်

ဗိုက်အဆီတွေ ရှိနေလို့ ဖက်ရှင်မကျမှာ စိတ်ပူနေသူတွေအတွက် google

အလန်းလေးလဲ ဝတ်ချင်တယ် ဗိုက်အခေါက်ထွက်နေလို့ ဝတ်ချင်တာတွေ ဝတ်လို့မရ ဖြစ်နေသူတွေအတွက်

ဖက်ရှင်အိုင်ဒီယာလေးတွေ ဝေမျှပေးချင်ပါတယ်။
အချို့ အဝတ်အစားတွေက ဗိုက်အဆီတွေကို မမြင်ရစေပါဘူး။ ဗိုက်အခေါက်ကြောင့် စွဲဆောင်မှုမရှိမှာ ကြောက်နေသူတွေ ဒီဖက်ရှင်tipsလေးတွေ သိထားသင့်ပါတယ်။

၁. ခါးရှည်အင်္ကျီတွေက ဗိုက်အဆီတွေ ဖုံးပေးတဲ့နေရာမှာ အကောင်းဆုံးပါ။ ခါးရှည်အကျီင်္တွေဟာ အများအားဖြင့် တဖြောင့်တည်းရှိကြပြီး ဝတ်လိုက်တဲ့အခါမှာ ဗိုက်နဲ့ကပ်မနေလို့ ဗိုက်အခေါက်လေးကို သူများတွေ မမြင်တော့ဘူးပေါ့။ ခါးရှည်အင်္ကျီလေးတွေကို အသားကပ်ဘောင်းဘီ ဒါမှမဟုတ် ဂျင်းဘောင်းဘီအကျပ်တွေနဲ့ တွဲဝတ်ပေးနိုင်ပါတယ်။

၂. အင်္ကျီအထပ်ထပ် ဝတ်ပေးခြင်းအားဖြင့်လဲ ဗိုက်အခေါက်တွေကို အများမမြင်ရစေပါဘူး။ တီရှပ်ဝတ်ပြီး အပေါ်ကနေ ကုတ်အင်္ကျီ ထပ်ဝတ်လိုက်ရင် ဗိုက်ပူနေတာကို သူများတွေ သတိမထားမိတော့ဘူးပေါ့။

Read: ခေတ်စားနေတဲ့ နွေဖက်ရှင်

၃. အရောင်ရင့်ရင့် ဝတ်ပေးခြင်းအားဖြင့်လဲ ဗိုက်အဆီတွေကို ဖုံးပေးနိုင်ပါတယ်။ အထူးသဖြင့် အမဲရောင် ဝတ်သင့်ပါတယ်။အစင်းတွေအကွက်တွေ ဒါမှမဟုတ် စာတွေပါတဲ့ အင်္ကျီတွေကလည်း ဗိုက်အခေါက်တွေကို ဖွက်တဲ့နေရာမှာ အရမ်းအသုံးဝင်ပါတယ်။

၎. ဂျင်းဘောင်းဘီ ဝယ်တဲ့အခါမှာ ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ချက်ပြုတ်ဘောင်းဘီတွေ မဝယ်ပါနဲ့။ ခါးအပြားကြီးပြီး ဗိုက်ဖုံးတဲ့ ဂျင်းဘောင်းဘီ ဝယ်ပါ။ ဒါမှ ဗိုက်ချပ်ပြီးသား ဖြစ်မှာပါ။

၅. အသားအရမ်းပျော့ပြီး အသားနဲ့ကပ်နေတတ်တဲ့ အက်ႌေတြလဲ မဝတ္သင့္ပါဘူး။ အသားထူၿပီး ေတာင့္တဲ့အက်ႌမ်ိဳး ဝယ္ပါ။ဒါမွ အက်ႌအသားက ဗိုက်နဲ့ ကွာနေပြီး အဆီတွေ မပေါ်မှာပါ။

၆. ခါးပါတ် မပါတ်ပါနဲ့။ ခါးပါတ်တွေဟာ ခါးကိုသိမ်တယ် ထင်ရစေပေမယ့် ဗိုက်အဆီတွေကိုတော့ မဖုံးပေးရုံမကဘူး ပိုပြီးထင်းနေစေလို့ပါ။ခါးပါတ်အပြားအကြီးကြီး ဆိုရင်တော့ အဆင်ပြေပါတယ်။

၇. အကျပ်တွေ မဝတ်ပါနဲ့။ အကျပ်တွေ ဝတ်တဲ့အခါမှာ ဗိုက်အခေါက်တွေကို ပေါ်နေစေလို့ ချောင်ချောင်ချိချိရှိတဲ့ အဝတ်အစားတွေကိုပဲ ဝယ်ပါ။

၈. ဖြတ်လမ်းနည်းကတော့ ဗိုက်ချပ်ဘောင်းဘီ ဝယ်ဝတ်ပါ။ ဗိုက်စီးတွေလဲ ပတ်လို့ရပါတယ်။ တနေကုန်ကြီးတော့ မပတ်ပါနဲ့။ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်သလို ဗိုက်အောင့်စေလို့ ခနတဖြုတ်လောက်ပဲ ဝတ်ပါ။

source:jasmine

Myanmar Textile and Garment Directory

Read 1728 times
Rate this item
(1 Vote)