What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံကို အထက်တန်းကျကျဖြစ်အောင် ပြုလုပ်ပေးနိုင်မယ့် ဖက်ရှင်နည်းလမ်းကောင်းတွေ

မိန်းကလေးအများစုအနေနဲ့ နောက်ဆုံးပေါ် ဖက်ရှင် brand တွေကို လိုချင်ကြတဲ့သူတွေမလား။ ဒါပေမယ့် ဒီလို တန်ဖိုးကြီး အရာတွေကို ဝယ်ဖို့ဆိုရင်လည်း ပိုက်ဆံတွေ အများကြီး ကုန်ကျတာကြောင့် နှမြောဖို့ကောင်းတယ်လေ။ တကယ်လို့ သင်ဟာ အဝတ်အစားတွေအတွက် ပိုက်ဆံတွေအများကြီး မသုံးဖြုန်းချင်ဘူးဆိုရင်တော့ သင့်စတိုင်ကို အမှန်တကယ်ကြည့်ကောင်းစေမယ့် နည်းလမ်းကောင်းတွေရှိပါတယ်။ ဒါက ဘယ်လိုအကြံဥာဏ်ကောင်းတွေလဲဆိုတာ ကြည့်လိုက်ရအောင်...

1. အထည်သားတွေကို မှန်ကန်အောင်ရွေးချယ်တတ်ရမယ်

The right fabric min

အဝတ်အစားတွေ ရွေးချယ်တဲ့အခါမှာ အရည်အသွေးကောင်းမွန်တဲ့ အထည်တွေကို ရှာဖွေဖို့ ခက်ခဲလွန်းပါတယ်။ သဘာဝပိုးသား၊ သားရေနှင့် လုပ်တဲ့ အဝတ်အစားတွေကို ရွေးချယ်နိုင်ပြီး အထက်တန်းကျတဲ့ ပုံပန်းသွင်ပြင်ပေါက်စေပါတယ်။

2. အရောင်ဖွဲ့စည်းမှု

Color unity min

ဖက်ရှင်ဒီဇိုင်နာတွေဟာ နှစ်စဉ်နှစ်တိုင်းလိုလို အလားတူ အရောင်အဝတ်အစားတွေကို ထုတ်လုပ်လေ့ရှိတယ်။ ဒါပေမယ့် ကွဲပြားခြားနားပြီး လှပတဲ့ ဒီဇိုင်းတွေကို ဖန်တီးလာကြတယ်။ ဒါကြောင့် အရောင်ဖွဲ့စည်းရာမှာ မှန်ကန်အောင်ပေါင်းစပ်ပြီး ပုံစံသစ်ဖန်တီးနိုင်စွမ်းရှိရမယ်။

3. အျဖဴေရာင္ရွပ္အက်ႌ

White shirts min

အျဖဴေရာင္အက်ႌက ဘယ္လို အသက်အရွယ် အပိုင်းအခြား အမျိုးသမီးတွေဆို ရွေးချယ်ဝတ်ဆင်ဖို့ ကောင်းပါတယ်။ ပေါ်လွင်လှပစေပြီး မိန်းမဆန်စေပါတယ်။

မိန်းကလေးတိုင်း သိထားသင့်တဲ့ အဆီပိုတွေကို ဖုံးကွယ်ပေးနိုင်မယ့် အဝတ်အစား ရွေးချယ်နည်း

4. လက်ကိုင်အိတ်

Handbag min

အိတ်ဟာ accessories တွေထဲမှာ မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ နာမည်ကြီး brand တွေက အမြဲတမ်းပေါ်လွင်ပြီး ဆွဲဆောင်မှုရှိစေတယ်။ ဒါပေမယ့် ဘယ်တော့မှ brand အတုတွေကို မဝယ်ပါနဲ့။ ကိုယ်တတ်နိုင်မယ့် မူရင်းပစ္စည်းတစ်ခုခုကိုပဲ ရွေးချယ်ဖို့ပိုကောင်းပါတယ်။

5. ကြယ်သီး

Buttons min

ပုံမှန်ရှပ်အင်္ကျီ ၊ ကုတ်တွေရဲ့ကြယ်သီးကို ပြောင်းလဲပစ်နိုင်တာက တကယ့်ကို အံ့သြဖွယ်ကောင်းလှပါတယ်။ ဈေးပေါတဲ့အဝတ်အစားတွေဟာ ပုံမှန်အားဖြင့် ပလတ်စတစ်ကြယ်သီးတွေနဲ့တပ်ဆင်လေ့ရှိတာကြောင့် အဲ့ဒီနေရာမှာ ဖန်၊ သစ်သား ၊ (သို့) သတ္တုပုံ ကြယ်သီးများကို ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ ဒါကသင့်ကို ပိုပြီး ကြည့်ကောင်းစေမှာပါ။

6. အနံ့

Smell min

လူတစ်ယောက်အနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိဖို့က အရေးကြီးပါတယ်။ ဖက်ရှင်ပိုင်းကိုပဲ အဓိက ထားလို့မရပါဘူး။ နာမည်ကြီး ရေမွှေး မဝယ်နိုင်ဘူးဆိုရင်တောင် စူးစူးကြီး မဟုတ်တဲ့ အနံ့သင်းမယ့် ရေမွှေးမျိုးကို ရွေးချယ်ဖို့ အကြံဥာဏ်ပေးချင်ပါတယ်။

 

Author:TDA

Read 7380 times
Rate this item
(1 Vote)