What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတိုင်း သိထားသင့်တဲ့ အဆီပိုတွေကို ဖုံးကွယ်ပေးနိုင်မယ့် အဝတ်အစား ရွေးချယ်နည်း

တခါတရံမှာ ကျွန်မတို့ဟာ အစားအစာနှင့် လေ့ကျင့်ခန်းများကို လုံလုံလောက်လောက် လုပ်ဖို့ အချိန် မရှိတဲ့အခါမှာ ပိုလျှံနေတဲ့ အဆီပိုတွေကို ဖုံးကွယ်ဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ အဝတ်အစားတွေကို ရွေးချယ်တတ်မှ ပိုပြီး သွယ်လျလှပစေမှာပါ။ သင့်ရဲ့သွင်ပြင်သဏ္ဍန်ကို ကြည့်ကောင်းစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

1. ဒေါင်လိုက်လိုင်းတွေထည့်ပါ

Add a vertical line min

အလွှာအထပ်ထပ်ပုံစံ နှင့် ဂျာကင်ရှည်ကို တွဲဖက်ရွေးချယ်မယ်ဆိုရင် သင့်ကို သွယ်လျစေပြီး အရပ်ရှည်အောင် ပြုလုပ်ပေးမှာပါ။ ကြယ်သီးအနေအထားကို အာရုံစိုက် သတိထားသင့်တယ်။ ရိုးရှင်းတဲ့ အတန်းလိုက် ဖွဲ့စည်းထားခြင်းက သင့်ကို ပိုပြီး သွယ်လျစေပါတယ်။

2. အဖြူ ၊ အမည်း အရောင်များကို ပေါင်းထည့်ဖန်တီးပါ

Add a bright accent to a monochrome image min

ဂျာကင် ၊ စကပ် (သို့) top တွေကို ရိုးရှင်းတဲ့ အရောင်တစ်ရောင်ထဲဘဲ ရွေးချယ်ပါ။ ဒါဟာ သင့်ရဲ့ဖုံးကွယ်ချင်တဲ့နေရာများကို အာရုံလွှဲဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

3. ပါးလွှာတဲ့ အထည်စတွေကို ရှောင်ကြဉ်ပါ

Avoid light fabrics min

ပါးလွှာတဲ့ အထည်စတွေဟာ ခါးဆစ်လိုင်းတွေကို ပိုပြီး သိသာမြင်စေနိုင်တယ်။ ကောင်းမွန်ပြီး ထူတဲ့ အထည်စတွေက သင့်ရဲ့ခန္ဓာကိုယ်ကို ပို၍ ကြည့်ကောင်းစေပါတယ်။

သက်လတ်ပိုင်း အမျိုးသမီးများအတွက် ဖက်ရှင်နှင့်ပတ်သက်ပြီး သိထားသင့်တဲ့ နည်းလမ်းများ

4. ကြယ်သီးကို မှန်ကန်စွာတပ်ဆင်ပါ

Button up correctly min

ကြယ်သီးကို သင့် ဝမ်းဗိုက်ရဲ့အထင်ရှားဆုံး အစိတ်အပိုင်းတစ်ခုပေါ်မှာ တပ်ဆင်ပါ။ တကယ်လို့ အထက်မှာ ကြယ်သီးတပ်ဆင်ခဲ့မယ်ဆိုရင် အဆီပိုအနည်းငယ်ထွက်တာကို မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မှန်ကန်စွာ တပ်ဆင်ဖို့လိုအပ်တယ်။

5. မှန်ကန်တဲ့ အိတ်ကို ရွေးချယ်ပါ

Choose the right bag min

အိတ်အရွယ်အစားတွေပေါ်မူတည်ပြီး သင့်ပုံရိပ်ကို ထိခိုက်စေနိုင်တယ်။ ဆိုဒ်ကြီးအိတ်တွေက သင့်ကို ပိန်တယ်လို့ ထင်ရစေတယ်။ အရပ်အမောင်းနိမ့်ပါးတဲ့သူတွေအနေနဲ့ အလတ်စားအိတ်တွေကို ရွေးချယ်သင့်ပါတယ်။

 

Author:TDA

Read 16709 times
Rate this item
(1 Vote)