What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အနက်ရောင်ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးများ

အနက်ရောင်ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးများ google

        ဒီကမ္ဘာပေါ်ရှိ လူတိုင်းမှာ ရိုးရှင်းစွာ မြတ်နိုးကြတဲ့ အရောင်တစ်ရောင်စီ ရှိကြပါတယ်။

အဲ့ဒီထဲမှာမှ လူတော်တော်များများက အနက်ရောင်ကို နှစ်သက်ကြပါတယ်။ အနက်ရောင်ကို ဘာကြောင့်နှစ်သက်တာလဲဆိုရင် အနက်ရောင်က ဂန္တ၀င်ဆန်တာကြောင့်လို့ လူတိုင်းကသိကြပါတယ်။ နှစ်ပေါင်းများစွာကတည်းက အနက်ရောင်က လူငယ်တွေအကြားမှာ ရေပန်းအစားဆုံးအရောင်တစ်ခုဖြစ်ပြီး ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဘာနဲ့တွဲဝတ်ဝတ် လိုက်ဖက်တဲ့ အရောင်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ အနက်ရောင်ကို ၀တ်ဆင်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ အနက်ရောင်အ၀တ်အစားက ဘယ် accessories နဲ့မဆိုလိုက်ဖက်ပါတယ်။
လူတော်တော်များများက အနက်ရောင်ဝတ်ဆင်တာကို ဘာကြောင့် သဘောကျကြလဲဆိုတဲ့ အကြောင်းရင်း၅ခုကို ပြောပြချင်ပါတယ်။

(၁) လူတိုင်းနဲ့ လိုက်ဖက်ခြင်း
        အနက်ရောင်က လူခန္ဓာကိုယ် အရွယ်အစားအားလုံး ၀တ်ဆင်နိုင်တဲ့အရောင်တစ်ရောင်ဖြစ်ပါတယ်။ ပိန်တဲ့သူ၊ ၀တဲ့သူ ဒါမှမဟုတ် ပုတဲ့သူ၊ အရပ်ရှည်တဲ့သူ ဘယ်သူဝတ်ဝတ် ကိစ္စမရှိပါဘူး။ အနက်ရောင်အကျီ င်္ဝတ်ဆင်မယ်ဆိုရင် ဂျင်းဘောင်းဘီအကျပ် အပြာရောင်လေးနဲ့ဝတ်ဆင်နိုင်ပြီး accessorize အများကြီးမလိုအပ်ပါဘူး။

1

 

(၂) ခါးဆစ်ရိုးကို ဖုံးကွယ်ပေးခြင်း
        စတိုင်အရှိဆုံး အကြောင်းပြချက်တစ်ခုက အနက်ရောင်က သင့်ရဲ့မလိုအပ်တဲ့ ခါးဆစ်နဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ ကူညီပေးပါတယ်။ အနက်ရောင်က သင့်ကိုကြည့်ရင် အလွန်ကြံ့ခိုင်ပြီး ပျော်ရွှင်နေတယ်လို့ ထင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အနက်ရောင်ကို ၀တ်ဆင်ထားပါက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေပြီး အဆင်ပြေတယ်လို့ ခံစားရစေပါတယ်။ ဒါ့ကြောင့် သင့်အားနည်းချက်တွေနဲ့ မလိုချင်တဲ့ ခါးဆစ်ကိုဖုံးကွယ်ဖို့ အနက်ရောင်ကို အားကိုးနိုင်ပါတယ်။ Plus size ခန္ဓာကိုယ်တွေတောင်မှ အနက်ရောင်ဝတ်ဆင်လိုက်ရင် ခန္ဓာကိုယ်ကို သွယ်လျသွားစေပါတယ်။

2

 

(၃)  ခေတ်ဆန်ကြော့မော့စေခြင်း
        အနက်ရောင်က နှစ်တွေဘယ်လိုပြောင်းလဲပါစေ ကမ္ဘာတစ်ဝှမ်းမှာ ကြော်ငြာစတိုင်တစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ သင်အခါအားလျော်စွာ ၀တ်ဆင်နိုင်ပါတယ် အနက်ရောင်သည် အနောက်နိုင်ငံမှာ တစ်ချို့ပါတီတွေနဲ့ ဈာပနမှာ ၀တ်ဆင်နိုင်တဲ့ အရောင်မျှသာဖြစ်ပါတယ်။ အနက်ရောင်ကို နည်းလမ်းမှန်နဲ့ ၀တ်ဆင်ပါက ဖက်ရှင်တစ်ခုဖြစ်စေနိုင်ပါတယ်။အနက်ရောင်ဝတ်စုံက ခေတ်ဆန်ကြော့မော့ပြီး ပေါ့ပေါ့ပါးပါးစတိုင်ကို ပေးပါတယ်။

3

 

(၄) သင့်ကို ယုံကြည်မှုခံစားရစေပါတယ်
        အနက်ရောင်က သင့်ကို ယုံကြည်မှုခံစားရစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှာ ဘွဲ့ဝတ်စုံ၊ တရားသူကြီး စတဲ့ ၀တ်စုံများမှာ အနက်ရောင်ကို သုံးကြတာဖြစ်ပါတယ်။

4

 

(၅) သင်ဒီအရောင်ကို ချစ်တာကြောင့်

        သင်အနက်ရောင်ကို ချစ်လျှင် ဘယ်သူဘာပြောပြော သင့်ယုံကြည်မှုနဲ့ နှစ်သက်မှုကို အနှောက်အယှက်မခံပါနဲ့။ တခါတရံ အနက်ရောင်ကို ၀တ်ဆင်တဲ့အခါ အရောင်ကင်းမဲ့ပြီး အသက်မ၀င်ဘူးလို့ ထင်ပေလိမ့်မည်။ ဒါက အမှန်မဟုတ်ပါဘူး။  အပြာ၊အ၀ါ၊အဖြူ၊အနီကဲ့သို့သောအရောင်များအားလုံးကို သင်နှစ်သက်ကောင်း နှစ်သက်ပါလိမ့်မယ်။ ဒါပေမယ့် သင်အချိန်တိုင်း ဘယ်နေရာမဆိုအနက်ရောင်ကိုပဲ ၀တ်ချင်နေပါလိမ့်မယ်။

5

 

Lifestyle Myanmar
Myanmar Textile and Garment Directory

Read 2897 times
Rate this item
(1 Vote)
Tagged under