What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗိုက်ခေါက်ရှိတဲ့သူ ဗိုက်ပူတဲ့ပျိုမေတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်တွေ

ဗိုက်ခေါက်ရှိတဲ့သူ ဗိုက်ပူတဲ့ပျိုမေတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်တွေ google

အမျိုးသမီးတော်တော်များများ အဝတ်အစား ရွေးချယ်ရာမှာ ခေါင်းစားရတဲ့ အရာကတော့ ဗိုက်ပူတဲ့ကိစ္စပါပဲ။

အမိုက်စား အဝတ်အစား တွေဆိုလည်း ဗိုက်နေရာအဆင်မပြေမှာ စိုး လို့ မဝယ်ရဲ၊ မဝတ်ရဲကြပါဘူး။

ဗိုက်သားပူ ရတဲ့၊ ဗိုက်ခေါက်ထွက်ရတဲ့ အကြောင်းရင်း တွေ အများကြီးရှိပါတယ်။ သူက အစား အသောက်၊ အနေအထိုင်တွေနဲ့ သက်ဆိုင် တာကြောင့် ဗိုက်ကျအောင်ဆော့ တာ ဘာညာ လုပ်ပေးလို့ရပေမယ့် ထင်သလောက်တော့ မြန်မြန်မကျနိုင်ပါဘူး။

နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးပြီး နောက်ပိုင်း ဗိုက်ကျန်ခဲ့ တာကြောင့် အဝတ် အစားရွေးချယ်မှုပိုင်း အကြပ်ရိုက်ကုန်တာ လည်း ရှိပါတယ်။ သူက ကလေးမွေးပြီး ဗိုက် စည်းသေချာစည်းမှ အဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင်တော့ ဗိုက်သားတွဲတာ၊ ဗိုက်ခေါက် ထွက်လာ တာမျိုးတွေ ရှိနိုင်ပါတယ်။

ဒီတော့ ဗိုက်နေရာ ပြသနာကြောင့် ကိုယ်နဲ့ ဘယ်လိုဖက်ရှင်မျိုး လိုက်သလဲ၊ ဘယ်လိုအဝတ်အစားတွေ ရွေး ရမလဲ၊ ရှောင်ရမလဲ ဆိုတာလေး ပြောပြပေး ချင်ပါတယ်။

(၁) Denim Tunic ပုံစံလေးတွေကတော့ ဂျင်းချစ်သူတွေ အကြိုက်ပေါ့။

Denim Tunic

 

(၂) sweatshirt အစင်းလေးတွေ ကလည်း ရွေးချယ်ပါ။

sweatshirt

 Read : စံပယ်ဖူးနှစ်ထပ်လက် ညှပ်နည်း ချုပ်နည်း

(၃) ချက်လျှောဂျင်းဘောင်းဘီတွေ မရွေးပဲ ချက်အပေါ် High Rise ဂျင်းလေးတွေ ရွေးပါ။

jean

 

(၄) ခါးနေရာ အတွန့်အကားလေးတွေပါ တဲ့ ဘလောက်စ်အကျီလေးတွေလည်း ဝတ်သင့်ပါတယ်။

blouse

 

(၅) legging အသားကပ် ဘောင်းဘီ လေးတွေကတော့ ဗိုက်ပူတဲ့သူတွေအတွက် မရှိမဖြစ်ပါပဲနော်။

legging

 

(၆) ရှေ့ကြယ်သီးတပ်ရှပ်အကျီတွေက လည်း ရှိကိုရှိသင့်တဲ့ အကျီပါ။

bottom

 

(၈) လည်ပင်းပုံစံဆန်းတဲ့ အကျီ ရွေးပါ။ ဒါမှမဟုတ် လည်ပင်းမှာ အဆင်တန်ဆာ အမိုက်စားလေး တွေ ဝတ်ပါ။

aceessories

 

(၉) ခါးနေရာအောက်အကား peplum ဒီဇိုင်းလေးတွေ ရွေးပါ။

peplum

 

(၁၀) Baseball tee လေးတွေကလည်း လူငယ်ဆန်ဆန် အထာကျစေပါလိမ့်မယ်။

Baseball tee

 

Source: I am Fashion
Myanmar Textile and Garment Directory

Read 3509 times
Rate this item
(1 Vote)
Tagged under