What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမြဲစမတ်ကျနေချင်သူတွေသိထားသင့်တဲ့ ဖက်ရှင်စည်းမျဉ်းများ

သူ့နေရာနဲ့သူဝတ်စားပြင်ဆင်တတ်ခြင်းဟာလည်း မင်္ဂလာတစ်ပါးပါပဲ။ အချိန်အခါကြည့်ပြီး

ဝတ်စားတတ်ခြင်းဟာ အရည်အချင်တစ်ရပ်လို့လည်းဆိုနိုင်ပါတယ်။ ဒီတော့ ကိုယ့်မိရိုးဖလာမြန်မာဝတ်စုံမဟုတ်ဘဲ အနောက်တိုင်းဝတ်စုံကိုဝတ်မယ် Office Style ဝတ်စားမယ်ဆိုရင်တော့ စည်းမျဉ်းလေးတွေကို သိဖို့လိုပါတယ်။ ဒါကြောင့်အားလုံးဗဟုသုတဖြစ်စေဖို့ ဒီစည်းမျဉ်းလေးတွေကို စုစည်းပေးလိုက်ပါတယ်။

 

Jacket ဝတ်မယ်ဆိုရင်သိထားသင့်တဲ့အချက်လေးတွေရှိပါတယ်။ ကြယ်သီးတစ်လုံးတည်းရှိရင် ဒီကြယ်သီးကိုမဖြစ်မနေတပ်ထားပါ။ ကြယ်သီး ၃ လုံးပါရင်တော့ အပေါ်ဆုံးနဲ့အောက်ဆုံးကြယ်သီးကို မတပ်ဘဲထားလို့ရပါတယ်။ ဒါပေမဲ့ အလယ်ကြယ်သီးကိုတော့ မဖြစ်မနေတပ်ရမှာဖြစ်ပါတယ်။ ကြယ်သီးနှစ်လုံးရှိရင်တော့ အပေါ်ကြယ်သီးကိုတပ်ရမှာဖြစ်ပြီး အောက်ကြယ်သီးကို လုံးဝတပ်စရာမလိုပါဘူး။

 

ရှပ်အကျီပဲဝတ်ဝတ် ဘလောက်စ်ပဲဝတ်ဝတ် အပေါ်ကြယ်သီး ၂ လုံးထက်ပိုပြီး မဖြုတ်ရပါဘူး။ ၂ လုံးထက်ပိုဖြုတ်မိရင် နည်းနည်းဟော့တဲ့ထဲပါသွားနိုင်ပါတယ်တဲ့။ မြန်မာတွေကတော့ နားဆွဲ လည်ဆွဲ လက်ကောက် လက်စွပ် စသဖြင့်တစ်ဆင်စာ ဝတ်လေ့ရှိကြပါတယ်။ ဒါက မင်္ဂလာအခမ်းအနား အလှူတွေမှာ အဝတ်များတာပါ။ နေ့စဉ်ထသွားထလာမှာ ဝတ်ဆင်မယ်ဆိုရင်တော့ ဒီလိုတစ်ဆင်စာ အပြည့်မဝတ်သင့်ပါဘူး။ နားဆွဲနဲ့လက်စွပ် ဆင်တူဆင်မြန်းတာ ဒါမှမဟုတ်လည်ဆွဲနဲ့ လက်ကောက်ဆင်တူဆင်မြန်းတာလောက်သာ အဆင်ပြေပါတယ်။ ဒီလို Accessories ကိုလိုက်ဖက်ရုံဝတ်တာကသာ ဖက်ရှင်ကျတာဖြစ်ပါတယ်။

 

နက်ခ်တိုင်ရဲ့ အရှည်ဟာ ခါးထက်မကျော်ရသလို ခါးနားမရောက်တရောက်တိုနေလို့လည်းမရပါဘူး။ ခါးနားကွက်တိကျတဲ့ အရှည်ကသာ မှန်ကန်တာဖြစ်ပါတယ်။

 

Dress ရွေးမယ်ဆိုရင် ရင်ဘတ်ကိုဖော်ထားတယ်ဆိုရင် အောက်ပိုင်းလုံလုံခြုံခြုံရှိတဲ့ Dress ကိုရွေးရပါမယ်။ အောက်ပိုင်းတိုတဲ့ Dress ရွေးရင်တော့ အပေါ်ပိုင်းကလုံခြုံနေရပါမယ်။ အပေါ်ရော အောက်ရော မလုံမခြုံဖြစ်တဲ့ Dress တွေဟာ မြင်လိုက်တာနဲ့ ရိုင်းပျတဲ့ပြင်ဆင်မှုလို့ ထင်မြင်သွားစေနိုင်ပါတယ်။

 

ရှပ်အင်္ကျီကို ကုတ်မပါပဲဝတ်မယ်ဆိုရင် နက်ခ်တိုင်စည်းဖို့မလိုပါဘူး။ သူ့ချည်းပဲဝတ်ရမှာပါ။ ကုတ်တစ်ထပ်ဝတ်မှသာ နက်ခ်တိုင်စည်းဖို့လိုတာဖြစ်ပါတယ်။

 

ရုံးရှပ်ဝတ်ရင် လည်ပင်းပေါက်အနက်ဟာ ၄ လက်မထက်မကျော်ရပါဘူး။ အများဆုံး ၄ လက်မအထိသာ ဟသင့်ပါတယ်။ ရှပ်အကျီကို ဘောင်းဘီထဲထည့်ဝတ်မယ်ဆိုရင် မဖြစ်မနေခါးပတ်ပတ်ဖို့လိုပါတယ်။

 

ရိုးရိုးယဉ်ယဉ် ရင်ကွဲသိုးမွေးအကျီလေးကို ဝတ်ရင် ချက်ပြုတ်ဂျင်းကိုမဝတ်ပါနဲ့။ ဒီလို အကျီနဲ့ ဂျင်းဘောင်းဘီကိုတွဲရင် လုံလုံခြုံခြုံဝတ်ဖို့က စည်းကမ်းတစ်ခုဖြစ်ပါတယ်။

 

ခါးပတ်နဲ့ဖိနပ်အရောင်တူတူဆင်မြန်းရခြင်းဟာလည်း ဖက်ရှင်စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။

 

ခြေအိတ်နဲ့ဘောင်းဘီရှည်ကိုဝတ်တဲ့အခါမှာခြေအိတ်ဟာ ခြေသလုံးသားကို လုံအောင်ဖုံးနိုင်တဲ့ အရှည်ဖြစ်ဖို့လိုပါတယ်။

 

ဒါလေးတွေကို ဗဟုသုတအနေနဲ့မှတ်သားထားမယ်ဆိုရင် အနောက်တိုင်းဝတ်စုံကို ရုံးဖက်ရှင်အနေနဲ့ဝတ်ရတဲ့အခါ အမှားမရှိဘဲ အမြဲတမ်းစမတ်ကျတဲ့သူဖြစ်နိုင်ပါပြီ။

 

Source: akhayar

Read 2219 times
Rate this item
(1 Vote)
Tagged under