What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ အဝတ်အစား အသုံးအဆောင်တွေ ပျက်စီးခြင်းဒဏ်မှ ကာကွယ်ပေးမယ့် နည်းလမ်းကောင်းတွေ

နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေပေါ်မှာ စွန်းထင်းပျက်စီးနေတဲ့အရာတွေကို စက္ကန့်ပိုင်း အတွင်းမှာဘဲ ရှင်းလင်းသန့်စင်သွားစေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

9. သင့်အိတ်ပေါ်မှာ မှင်အရာတွေပေကျံနေမယ်ဆိုရင်တော့ ရှာလကာရည် နှင့် cotton pad ကို အသုံးပြုပြီး ဖယ်ရှားလိုက်ပါ။ ဒါ့အပြင် သင့်အိတ်ရဲ့ကွာလတီကို ဒီနည်းအတိုင်းစစ်ဆေးနိုင်ပါတယ်။ တကယ်လို့ အရည်အသွေးစစ်မှန်ခဲ့မယ်ဆိုရင် အရောင်ဆေးဆိုးထားတွေဟာ pad ပေါ် ကပ်မှာမဟုတ်ပါဘူး။

A cotton pad and vinegar remove ink from your bag min

 

8. တွန့်ကြေနေတဲ့ အင်္ကျီကို ဆံပင်ဖြောင့်စက်နဲ့ အသုံးပြုပြီး ပြန့်သွားအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းက ပေါ့ပေါ့ပါးပါးရှိတဲ့ ရှပ်အင်္ကျီ (သို့) တီရှပ်တွေမှာဘဲ အသုံးပြုလို့ရပါတယ်။ လေးလံတဲ့ အဝတ်အစားတွေအတွက်တော့ ပြန့်သွားခြင်းရှိမှာမဟုတ်ပါဘူး။

Get rid of small wrinkles with a flat iron min

 

7. အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက သင့်ရဲ့ စိုနေတဲ့ရှုးဖိနပ်ကို လျင်မြန်စွာ ခြောက်သွေ့အောင်ပြုလုပ်ပေးနိုင်ပြီး အနံ့ဆိုးများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ တကယ်လို့ dryer မရှိဘူးဆိုရင် ဒီနည်းလမ်းက အစိုဓာတ်တွေကို စုပ်ယူပေးနိုင်ပြီး ၂နာရီလောက်ထားပေးရမှာဖြစ်တယ်။

Sanitary pads help quickly dry shoes and get rid of odor min

 

6. သင့် sneaker ပေါ်မှာ ဖယောင်းတိုင်ကို အသုံးပြုပြီး dryer နဲ့ အခြောက်ခံပြီးသွားရင်တော့ သူတို့ဟာ ရေစိုခံဖြစ်လာပါလိမ့်မယ်။ ဒီလို ဖယောင်းအသုံးပြုထားတဲ့ အလွှာပိုင်းတွေက ရေဒဏ်မှကာကွယ်မှု ရရှိမှာကို အလွယ်တကူမမြင်ရတာကြောင့် တောင်တက်တဲ့အခါ နှင့် မိုးရာသီတွေမှာ ပိုပြီးအသုံးဝင်လာပါလိမ့်မယ်။

If you apply wax to your sneakers and blow them with a hair dryer theyll become waterproof min

ပြီးပြည့်စုံတဲ့ ပုံပန်းသွင်ပြင်ရရှိဖို့ ထူးခြားတဲ့ အဝတ်အစား အရောင်ပေါင်းစပ်မှု

 

5. အဝတ်အစားတွေအပေါ်မှာ အမွှေးစထွက်နေတာကို မုတ်ဆိတ်ရိတ်ဓါးနဲ့ အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။

Fluff on clothes is easily removed with a razor min

 

4. သွားတိုက်ဆေးက ချွေးကွက်အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Toothpaste works well to get rid of sweat stains min

 

3. ဘွတ်ဖိနပ် ပုံသဏ္ဍန်မပျက်သွားအောင်လို့ ကတ်ထူစက္ကူကြီးကြီး ကို လှိမ့်ပြီး ဘွတ်ဖိနပ်အတွင်းထဲသို့ ထည့်ထားပေးပါ။

Put a rolled up magazine into your high boots to keep their shape min

 

2. အဝတ်အစားအပေါ်က မှင်စက်တွေကို လက်သန့်ဆေးရည်က ကူညီဖယ်ရှားပေးပါလိမ့်မယ်။

Hand antiseptic helps remove ink blots on your clothes min

 

1. ကြယ်သီးတွေ ချောင်ထွက်လာတယ်ဆိုရင် လက်သည်းနီဆိုးဆေးအကြည်ကို အသုံးပြုပေးနိုင်ပါတယ်။ ရှပ်အင်္ကျီကြယ်သီးတွေဘဲဖြစ်ဖြစ် ၊ ကုတ်အင်္ကျီ ၊ ဂျာကင်တွေရဲ့ ကြယ်သီးတွေမှာလည်း ပြုလုပ်ပေးနိုင်ပါတယ်နော်။

If a button has become loose apply some nail polish to it min

 

Author:TDA

Read 1050 times
Rate this item
(1 Vote)