What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြီးပြည့်စုံတဲ့ ပုံပန်းသွင်ပြင်ရရှိဖို့ ထူးခြားတဲ့ အဝတ်အစား အရောင်ပေါင်းစပ်မှု

လူတိုင်းလိုလို ပုံပန်းသွင်ပြင် လှပမှု ၊ တောက်ပမှုတွေ နှင့် စတိုင်တို့ကို အချိန်တိုင်းလိုချင်ကြပေမယ့် တခါတရံမှာ ပြီးပြည့်စုံတဲ့ အဝတ်အစားအရောင်ကို ပေါင်းစပ်ရှာဖွေဖို့ မလွယ်ကူလှပါဘူး။ သင်တို့ရဲ့ပုံပန်းသဏ္ဍန်ဟာ အောင်မြင်မှုရဲ့သော့ချက်တစ်ခု ဖြစ်တယ်။ ဒါကြောင့် သင်ရဲ့သွင်ပြင်နဲ့ သင့်လျော်တဲ့ အဝတ်အစားအရောင် ပေါင်းစပ်မှုကို ဘယ်လို ရွေးချယ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အနီရောင်

Red min

တကယ်လို့ သင်က အနီရောင်အဝတ်အစား ဝတ်ဆင်ထားလျှင် အဓိကဗဟိုကို အာရုံစူးစိုက်ထားဖို့အတွက် အဆင်သင့်ဖြစ်နေရမယ်။ ဒီအရောင်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေအတွက် ဖြစ်တယ်။ အနက်ရောင်နှင့် အနီရောင်ကို ပေါင်းစပ်ခြင်းဟာ တကယ့်ကို အထူးခြားဆုံးပါ။ အကွက်ကြီးကြီး အဝတ်အစားတွေကို ရွေးချယ်ပေးပါ။ ဥပမာ အနက်ရောင်ကိုယ်ကျပ်ကိုမှ အဖြူနဲ့ အနက်စပ်ထားပြီး အပေါ်ကနေ အနီရောင်ကုတ်ကို ဝတ်ဆင်ခြင်းက ပိုပြီး လိုက်ဖက်မှုရှိပါတယ်။

အဖြူရောင်

White min

အဖြူရောင်ကို တခြားအရောင်တွေနဲ့ ကောင်းစွာ ပေါင်းစပ်နိုင်ပါတယ်။ အထူးသဖြင့် ထင်ရှားပေါ်လွင်လှတဲ့ အပြာ ၊ အနီ ၊ အနက်ရောင်တို့နဲ့ တွဲဖက်နိုင်တယ်။ ပေါ့ပေါ့ပါးပါးဝတ်ဆင်မယ့် outfit တွေအတွက် ကျောက်စရစ်ခဲရောင် နှင့် အညိုရောင်တို့ကို လှပတဲ့ အဖြူရောင်နဲ့ ပေါင်းစပ်လိုက်ပါ။ ဒီလိုငြိမ်တဲ့အရောင်တွေဟာ business စတိုင်တွေမှာ ကြည့်ရှုဖွယ် ကောင်းလှပါတယ်။

Denim(ဂျင်းရောင်)

Denim min

အချိန်ကြာမြင့်စွာ မတူကွဲပြားတဲ့ denim တွေကို ပေါင်းစပ်ထားတဲ့ ပုံသဏ္ဍန်တွေကို သိပ်သဘောမကျခဲ့ပေမယ့် အခုအခါမှာတော့ အရမ်း လူကြိုက်များလာကြတယ်။ လွတ်လပ်မှုရဲ့အရသာကိုခံစားမိမှာ အမှန်ပါပဲ။ ဥပမာအားဖြင့် အရောင်လင်းတဲ့ ရှပ်အင်္ကျီနဲ့ နက်ပြာရောင်ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်လိုက်ပါ။

စတိုင်ကျပြီး သင့်ရဲ့ ရုပ်သွင်ကို ပြောင်းလဲပေးမယ့် အရောင်(၇)ရောင်

အဝါဖျော့ရောင်

Mustard min

အဝါဖျော့ရောင်ကို အညိုရောင် ၊ ချောကလက်ရောင် ၊ သစ်သားရောင် ၊ ဝါညိုနုရောင် ၊ အဝါရောင်တို့နဲ့ ပေါင်းစပ်ခြင်းက ပိုပြီး ပြီးပြည့်စုံမှုရရှိမှာပါ။ အကောင်းဆုံးဖန်တီးဖို့ အခြေခံအရောင်များဖြစ်တဲ့ အဖြူ ၊အနက်တို့နဲ့ ရောနှော ပေါင်းစပ်နိုင်ပါတယ်။

စပျစ်ရောင်

Marsala min

ဒီအရောင်က မယုံနိုင်လောက်အောင် လှပတဲ့အရောင်တစ်ရောင် ဖြစ်တယ်။ စပျစ်ရောင်ကို တခြားကာလာတွေနဲ့ ပေါင်းစပ်ဖို့ လွယ်ကူပါတယ်။ ထူးခြားတဲ့ အနက် ၊ အဖြူ ၊ မီးခိုးတို့နဲ့ တွဲဖက်ခြင်းက အလိုက်ဖက်ဆုံးပါပဲ။ ဝါညိုနုရောင် ၊ ကော်ဖီရောင်တို့နဲ့လည်း စပျစ်ရောင်က လိုက်ဖက်မှုရှိပါတယ်။

ပန်းရောင်

Pink min

ပန်းရောင်ကို ဝတ်ဆင်ခြင်းက မိန်းမဆန်ပြီး နူးညံသိမ်မွေ့တဲ့ ပုံပေါက်စေတယ်။ သူ့ကို အဖြူရောင် ၊ ဝါညိုနုရောင် ၊ အပြာရင့်ရောင် ၊ အညိုရောင် ၊ အပြာရောင်တို့နဲ့ တွဲဖက်နိုင်ပါတယ်။ meeting သွားတဲ့အခါ ပန်းရောင် နဲ့ အဖြူကို တွဲဖက်ခြင်းက သင့်ကို ပိုပြီးကြည့်ကောင်းစေနိုင်တယ်။

မီးခိုးရောင်

Grey min

မီးခိုးရောင်က ဘယ်တော့မှ ငြီးငွေ့စရာကောင်းတဲ့ အရောင်မဟုတ်ပါဘူး။ ဒါဟာ ရုံးရဲ့အခြေခံစတိုင်ဖြစ်တယ်။ ဒါပေမယ့် ခေါင်းကနေ ခြေဖျားအဆုံး ဝတ်ဆင်ရမယ်လို့ အကြံမပြုပါဘူး။ အစိမ်းရောင်နဲ့ တွဲဖက်ခြင်းက ပိုပြီးကြည့်ကောင်းပါတယ်။ အစိမ်းရောင်ကိုမှ ကွဲထွက်သွားတဲ့ သံလွင်သီးအရောင် နဲ့လည်း မီးခိုးရောင်ကို ရောစပ်နိုင်ပါတယ်။

အပြာရောင်

Blue min

အပြာရောင်ဟာ အရောင်ထဲမှာ မဟာဆန်တဲ့အရောင်ဖြစ်ပါတယ်။ အဖြူ ၊ ဝါညိုနု ၊ ဆင်စွယ်ရောင်တို့နဲ ပေါင်းစပ်နိုင်တယ်။ သင်လည်းပဲ အညိုရောင် ၊ အနီရောင် ၊ အဝါရောင်တို့နဲ့ ရောစပ်နိုင်ပါတယ်နော်။

 

Author:TDA

Read 7409 times
Rate this item
(1 Vote)