What's new

×

Warning

JUser: :_load: Unable to load user with ID: 845


TRUMP 45

(Zaw+Uni)ဖက္ရွင္ဒီဇုိင္းထုတ္တဲ့အခါ မေမ့မေလ်ာ့ ထည့္သင့္တဲ့ အရာတစ္ခုကေတာ့ မုိႏုိဂရမ္ monogram ပဲ ျဖစ္ပါတယ္။

မုိႏုိဂရမ္ဆုိတာက နာမည္ပါပထမအကၡရာတို႔ျဖင့္အက်ႌ၊စာေရးစကၠဴစသည္တို႔တြင္ပံုေဖာ္ထားေလ့ရွိေသာလံုးေကာက္ပန္းစာလံုးကုိ

ေခၚေဝၚၾကတာ ျဖစ္ေပမဲ့ နာမည္ကုိ အလွစာလုံးျဖင့္ လုိက္ဖက္မယ့္အေရာင္သုံးၿပီး ပန္းထုိးတာမ်ဳိးလည္း ရွိတယ္။

ဖက္ရွင္ထည္ ထုတ္လုပ္သူကုိ ကုိယ္စားျပဳတဲ့ စာလုံး၊ ပန္းအလွ စတာေတြံ ထုိးတာလည္းရွိတယ္။

ဝတ္ဆင္သူကုိ ရည္ၫႊန္းတဲ့ မုိႏုိဂရမ္လည္း ရွိပါတယ္။
အေမရိကန္သမၼတ ထရန္႔က မုိႏုိဂရမ္ကုိ အေလးထားသူတစ္ဦး ျဖစ္ေနတယ္။
Parkland မွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး အသက္မေသခဲ့သူေတြနဲ႔ မိသားစုတုိ႔က ျပန္ေျပာျပတဲ့ပြဲကုိ

ထရန္႔တက္ေရာက္နားေထာင္ခဲ့တာမွာ သူဝတ္ထားတဲ့ ရွပ္အက်ႌရဲ႕ ဝဲဘက္လက္ရဲ႕ လက္ဖ်ားေနရာမွာ မုိႏုိဂရမ္တစ္ခု ပါေနတယ္။

45 တဲ့။
အဲဒါဟာ ဘာကုိ္ ေျပာခ်င္တာလဲဆုိေတာ့ သူက အေမရိကန္ႏုိင္ငံရဲ႕ ၄၅ ဆက္ေျမာက္ သမၼတျဖစ္တာကုိ ရည္ၫႊန္းတာ ျဖစ္ပါတယ္။
တစ္ခါတုန္းက သူ ေဂါက္သြား႐ုိက္ေတာ့ ေဆာင္းထားတဲ့ ဦးထုပ္ရဲ႕ ေဘးဘက္မွာ 45 မုိႏုိဂရမ္ကုိ ထင္ထင္ရွားရွား ေဖာ္ျပထားတယ္။

45 HAT


ပုံမွန္အားျဖင့္ေတာ့ ထရန္႔က သူ႔အမည္ TRUMP ကုိ မုိႏုိဂရမ္အျဖစ္ အဝတ္အထည္ေတြေပၚမွာ ပန္းအလွထုိးၿပီး ေဖာ္ျပေစေလ့ရွိပါတယ္။
ထရန္႔က သူ႔အမည္ TRUMP ကုိ အေဆာက္အဦေပၚမွာ၊ ေလယာဥ္ပ်ံကိုယ္ထည္ေပၚမွာ စသျဖင့္ ျမင္သာထင္သာစြာ ေဖာ္ျပေစေလ့ရွိသူလည္း ျဖစ္ပါတယ္။

 

UNICODE

(Zaw+Uni)ဖက်ရှင်ဒီဇိုင်းထုတ်တဲ့အခါ မမေ့မလျော့ ထည့်သင့်တဲ့ အရာတစ်ခုကတော့ မိုနိုဂရမ် monogram ပဲ ဖြစ်ပါတယ်။

မိုနိုဂရမ်ဆိုတာက နာမည်ပါပထမအက္ခရာတို့ဖြင့်အင်္ကျီ၊စာရေးစက္ကူစသည်တို့တွင်ပုံဖော်ထားလေ့ရှိသောလုံးကောက်ပန်းစာလုံးကို

ခေါ်ဝေါ်ကြတာ ဖြစ်ပေမဲ့ နာမည်ကို အလှစာလုံးဖြင့် လိုက်ဖက်မယ့်အရောင်သုံးပြီး ပန်းထိုးတာမျိုးလည်း ရှိတယ်။

ဖက်ရှင်ထည် ထုတ်လုပ်သူကို ကိုယ်စားပြုတဲ့ စာလုံး၊ ပန်းအလှ စတာတွေံ ထိုးတာလည်းရှိတယ်။

ဝတ်ဆင်သူကို ရည်ညွှန်းတဲ့ မိုနိုဂရမ်လည်း ရှိပါတယ်။
အမေရိကန်သမ္မတ ထရန့်က မိုနိုဂရမ်ကို အလေးထားသူတစ်ဦး ဖြစ်နေတယ်။
Parkland မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက်မသေခဲ့သူတွေနဲ့ မိသားစုတို့က ပြန်ပြောပြတဲ့ပွဲကို

ထရန့်တက်ရောက်နားထောင်ခဲ့တာမှာ သူဝတ်ထားတဲ့ ရှပ်အင်္ကျီရဲ့ ဝဲဘက်လက်ရဲ့ လက်ဖျားနေရာမှာ မိုနိုဂရမ်တစ်ခု ပါနေတယ်။

45 တဲ့။
အဲဒါဟာ ဘာကို် ပြောချင်တာလဲဆိုတော့ သူက အမေရိကန်နိုင်ငံရဲ့ ၄၅ ဆက်မြောက် သမ္မတဖြစ်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
တစ်ခါတုန်းက သူ ဂေါက်သွားရိုက်တော့ ဆောင်းထားတဲ့ ဦးထုပ်ရဲ့ ဘေးဘက်မှာ 45 မိုနိုဂရမ်ကို ထင်ထင်ရှားရှား ဖော်ပြထားတယ်။

45 HAT


ပုံမှန်အားဖြင့်တော့ ထရန့်က သူ့အမည် TRUMP ကို မိုနိုဂရမ်အဖြစ် အဝတ်အထည်တွေပေါ်မှာ ပန်းအလှထိုးပြီး ဖော်ပြစေလေ့ရှိပါတယ်။
ထရန့်က သူ့အမည် TRUMP ကို အဆောက်အဦပေါ်မှာ၊ လေယာဉ်ပျံကိုယ်ထည်ပေါ်မှာ စသဖြင့် မြင်သာထင်သာစွာ ဖော်ပြစေလေ့ရှိသူလည်း ဖြစ်ပါတယ်။

Read 1116 times
Rate this item
(0 votes)