What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တီရွပ္ခ်ဳပ္ ႐ုိေဘာ့

Zawgyi Version

အ၀တ္အစား အေျမာက္အျမားကို တစ္ေျပးညီ ဆင္တူ ခ်ဳပ္လုပ္ရသည့္ အထည္ခ်ဳပ္ လုပ္ငန္းနယ္ပယ္တြင္ ႐ုိေဘာ့မ်ား တီထြင္သုံးစြဲလာခဲ့ၾကရာ လုပ္သား ၁၇ ဦး တစ္နာရီစာ လုပ္ကုိင္သည့္ႏႈန္းထားျဖင့္ တီရွပ္မ်ား ခ်ဳပ္လုပ္ေပးသည့္ ႐ုိေဘာ့ ေပၚေပါက္လာသည္။

ထုိ႐ု္ိေဘာ့သည္ လူလုိျမင္ လူလုိသိၿပီး လူလုိ ဆုံးျဖတ္ေဆာင္ရြက္ေပးႏုိင္မွာလားဆုိသည့္ ေမးခြန္းလည္း ထြက္ေပၚလာသည္။

ဆင္တူ အ၀တ္အစားမ်ား တစ္ထည္ၿပီး တစ္ထည္ ခ်ဳပ္ရတာ ထပ္ဖန္တလဲလဲ ထပ္တူျပဳၿပီး လုပ္ရတဲ့အလုပ္ျဖစ္ၿပီး လူအားကုိ တအားသုံးရတဲ့ အလုပ္လည္း ျဖစ္တယ္။ ရုိေဘာ့ကုိ လူလုိ လုပ္ခုိင္းဖုိ႔ အလုိအေလ်ာက္စနစ္ က်င့္သုံးခုိင္းရတာ အေတာ္ခက္ခဲပါတယ္။ ဖိုင္ဘာအသားက ဆြဲလုိက္ရင္ ဆန္႔ထြက္တယ္။ အထူးသျဖင့္ အသားေကာင္းတဲ့ တီရွပ္သားေတြဆုိရင္ ၀တ္ဆင္ထားတ့ဲသူကုိ က်ပ္ထုပ္စည္းထားသလုိ ျဖစ္မေနေအာင္ ဆန္႔ထြက္ေပးဖုိ႔ စီမံေပးထားတယ္။ ခ်ဳပ္တဲ့သူက အသားကုိ ထိန္းထိန္းသိမ္းသိမ္းျဖင့္ ကုိင္ၿပီး မတင္းလြန္း မေလ်ာ့လြန္း အေနေတာ္ အေနအထားျဖင့္ ကုိင္တြယ္ၿပီး ခ်ဳပ္ေပးရတယ္။ တစ္ခုခုခ လြဲေခ်ာ္ေနၿပီဆုိရင္ လူက ခ်က္ခ်င္းျမင္ၿပီး ခ်က္ခ်င္း ျပင္ေပးလုိ႔ရတယ္။ ခ်ဳပ္သားေျပးထားတာ တည့္တည့္တန္းတန္း ျဖစ္ေနေအာင္ အသားစကုိ ထိနး္ကုိင္ေပးၿပီး ခ်ဳပ္သြားတယ္။ ႀကံဳသလုိက်သလုိ မီးစင္ၾကည့္ကၿပီး လက္တန္း လုပ္ကုိင္ေပးသြားတယ္။ ႐ုိေဘာ့ေတြက အဲဒီလုိမ်ဳိး မလုပ္ႏုိင္ၾကဘူး။

CN6WNq8WoAAent6

အေမရိကန္ႏုိင္ငံမွ SoftWear Automation ဆုိတဲ့လုပ္ငန္းက LOWRY လုိ႔ အမည္ေပးထားတဲ့ စက္ခ်ဳပ္႐ုိေဘာ့တစ္မ်ဳိးကုိ ႏွစ္အတန္ၾကာ သုေတသနျပဳၿပီးခ်ိန္မွာ ထုတ္လုပ္လုိက္တယ္။ တီရွပ္ရဲ႕ စြပ္က်ယ္သား ဆန္႔လြယ္တာကုိ ထိန္းညိႇၿပီး ခ်ဳပ္ေပးသြားႏုိင္တဲ့ ႐ုိေဘာ့လုိ႔ ဆုိပါတယ္။ စစခ်င္းမွာေတာ့ ေျခသုတ္ဖုံလုိ ႐ုိး႐ုိးရွင္းရွင္းေတြပဲ ခ်ဳပ္ႏုိင္ခဲ့ပါတယ္။ တုိးတက္ေကာင္းမြန္ေအာင္ လုပ္ကုိင္ေပးၿပီးခ်ိန္မွာ စြပ္က်ယ္သားျဖင့္ တီရွပ္ခ်ဳပ္ႏုိင္သြားပါတယ္။

စက္ခ်ဳပ္႐ုိေဘာ့ sewing robot ကုိ ခ်ဳပ္႐ုိေဘာ့ sewbot လုိ႔ ေခၚေ၀ၚတဲ့ အသုံးအႏႈန္း အသစ္ေပၚေပါက္လာခဲ့ပါတယ္။ SoftWear Automation က SEWBOTS လုိ႔ ကုန္အမွတ္တံဆိပ္ Trade Mark မွတ္ပုံတင္ထားပါတယ္။ အသားတြန္႔တာ ေခါက္တာ ဆန္႔တာေတြကုိ သိရွိၿပီး ခ်ိန္ညိႇေပးႏုိင္တဲ့ ခ်ဳပ္႐ုိေဘာ့ေတြကုိ တီထြင္လာၾကပါတယ္။ ဂ်င္းသားလုိ အသားထူထူ မာမာကုိ ခ်ဳပ္ႏုိင္ခဲ့ေပမဲ့ စြပ္က်ယ္သားကုိ ပီပီသသ ခ်ဳပ္ႏုိင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ SoftWear Automation ရဲ႕ LOWRY က စြပ္က်ယ္သားကုိ ခ်ဳပ္ႏုိင္တာမုိ႔ တစ္ပန္းသာသြား ပါတယ္။

သာမန္အထည္ခ်ဳပ္တစ္လုိင္းမွာ လုပ္သား ၁၀ ဦး အလုပ္ခ်ိန္ ၈ နာရီမွာ တီရွပ္အထည္ ၆၆၉ ထည္ ခ်ဳပ္ၾကတယ္။ အခု ခ်ဳပ္႐ုိေဘာ့က အလုပ္ခ်ိန္ ၈ နာရီမွာ တီရွပ္ ၁၁၄၂ ထည္၀န္းက်င္အထိ ခ်ဳပ္ေပးႏုိင္တယ္။ စက္ကုိ ၾကည့္ေပးဖုိ႔ လူတစ္ဦး လုိအပ္ပါတယ္။ ဒီေတာ့ အလုပ္ခ်ိန္ တစ္နာရီအရ ယွဥ္ၾကည့္ရင္ စက္တစ္လုံးဟာ လူ ၁၇ ဦး လုပ္ကုိင္တာနဲ႔ ညီမွ်ပါတယ္။

SoftWear Automation ကုမၸဏီက အလုိအေလ်ာက္ ခ်ဳပ္လုပ္ျခင္းကုိ ဦးေဆာင္ေနရာကုိ ေရာက္ရွိသြားၿပီးတ့ဲေနာက္မွာ အထည္ခ်ဳပ္လုပ္ငန္းႀကီး တစ္ခုျဖစ္တဲ့ Tianyuan Garments Company ထံမွ စက္ေတြကုိ မွာၾကားခဲ့ပါတယ္။ Tianyuan Garments Company က နာမည္ႀကီး brand ေတြျဖစ္တဲ့ Adidas နဲ႔ Armani တုိ႔ကုိ ခ်ဳပ္လုပ္ေပးေနတဲ့ ကုမၸဏီျဖစ္ပါတယ္။ စိတ္၀င္စားစရာေတြ ျဖစ္ကုန္တာက တ႐ုတ္ အထည္ခ်ဳပ္လုပ္ငန္း Tianyuan Garments Company က အေမရိကန္ႏုိင္ငံ Little Rock, Arkansas မွာ စတုရန္းေပ တစ္သိန္း အက်ယ္အ၀န္းရွိတဲ့ ေျမေပၚမွာ SoftWear Automation ကုမၸဏီရဲ႕ စက္ေတြနဲ႔ အထည္ခ်ဳပ္စက္႐ုံ ထူေထာင္ဖုိ႔ ကန္ေဒၚလာ သန္း ၂၀ ရင္းႏွီးျမႇဳပ္ႏွံလုိက္တာ ျဖစ္ပါတယ္။ အဲဒီစက္႐ုံသစ္ႀကီးကုိ လာမယ့္ႏွစ္ ၂၀၁၈ ခုႏွစ္မွာ စတင္လည္ပတ္မွာ ျဖစ္ပါတယ္။ ႐ုိေဘာ့ေတြ တပ္ဆင္ထားတဲ့ အထည္ခ်ဳပ္လုိင္း ၂၁ လုိင္း ပါ၀င္ၿပီး စက္ေတြကုိ SoftWear Automation ကုမၸဏီထံမွ မွာယူခဲ့ပါတယ္။ တစ္ႏွစ္ကုိ တီရွပ္ အထည္စုစုေပါင္း ၁၂ သန္း ခ်ဳပ္လုပ္မွာ ျဖစ္ပါတယ္။

အေမရိကန္မွာ ဂ်ပန္ကားလုပ္ငန္းေတြ ကားထုတ္လုပ္တဲ့ စက္႐ုံေတြ တည္ေဆာက္ၿပီး ထုတ္လုပ္ၾကတဲ့နည္းလမ္းအတိုင္း အေမရိကန္မွာ အထည္ခ်ဳပ္စက္႐ုံ တည္ေဆာက္ၿပီး အေမရိကန္ ျပည္တြင္းေစ်းကြက္ကုိ ျဖန္႔ခ်ိေရာင္းခ်သြားမွာ ျဖစ္တာမုိ႔ သြင္းကုန္ အတားအဆီးေတြ၊ အခြန္အခေတြ လြတ္ကင္းမွာ ျဖစ္တဲ့အျပင္ Made in America ခ်ဳပ္ထည္ေတြျဖစ္ေနလုိ႔ ျငင္းဆန္မရ လက္ခံဖုိ႔ပဲ ရွိပါလိမ့္မယ္။

Unicide version

တီရှပ်ချုပ် ရိုဘော့

============

အဝတ်အစား အမြောက်အမြားကို တစ်ပြေးညီ ဆင်တူ ချုပ်လုပ်ရသည့် အထည်ချုပ် လုပ်ငန်းနယ်ပယ်တွင် ရိုဘော့များ တီထွင်သုံးစွဲလာခဲ့ကြရာ လုပ်သား ၁၇ ဦး တစ်နာရီစာ လုပ်ကိုင်သည့်နှုန်းထားဖြင့် တီရှပ်များ ချုပ်လုပ်ပေးသည့် ရိုဘော့ ပေါ်ပေါက်လာသည်။ ထိုရို်ဘော့သည် လူလိုမြင် လူလိုသိပြီး လူလို ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်မှာလားဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာသည်။

ဆင်တူ အဝတ်အစားများ တစ်ထည်ပြီး တစ်ထည် ချုပ်ရတာ ထပ်ဖန်တလဲလဲ ထပ်တူပြုပြီး လုပ်ရတဲ့အလုပ်ဖြစ်ပြီး လူအားကို တအားသုံးရတဲ့ အလုပ်လည်း ဖြစ်တယ်။ ရိုဘော့ကို လူလို လုပ်ခိုင်းဖို့ အလိုအလျောက်စနစ် ကျင့်သုံးခိုင်းရတာ အတော်ခက်ခဲပါတယ်။ ဖိုင်ဘာအသားက ဆွဲလိုက်ရင် ဆန့်ထွက်တယ်။ အထူးသဖြင့် အသားကောင်းတဲ့ တီရှပ်သားတွေဆိုရင် ဝတ်ဆင်ထားတဲ့သူကို ကျပ်ထုပ်စည်းထားသလို ဖြစ်မနေအောင် ဆန့်ထွက်ပေးဖို့ စီမံပေးထားတယ်။ ချုပ်တဲ့သူက အသားကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်ပြီး မတင်းလွန်း မလျော့လွန်း အနေတော် အနေအထားဖြင့် ကိုင်တွယ်ပြီး ချုပ်ပေးရတယ်။ တစ်ခုခုခ လွဲချော်နပြေီဆိုရင် လူက ချက်ချင်းမြင်ပြီး ချက်ချင်း ပြင်ပေးလို့ရတယ်။ ချုပ်သားပြေးထားတာ တည့်တည့်တန်းတန်း ဖြစ်နေအောင် အသားစကို ထိန်းကိုင်ပေးပြီး ချုပ်သွားတယ်။ ကြုံသလိုကျသလို မီးစင်ကြည့်ကပြီး လက်တန်း လုပ်ကိုင်ပေးသွားတယ်။ ရိုဘော့တွေက အဲဒီလိုမျိုး မလုပ်နိုင်ကြဘူး။

အမေရိကန်နိုင်ငံမှ SoftWear Automation ဆိုတဲ့လုပ်ငန်းက LOWRY လို့ အမည်ပေးထားတဲ့ စက်ချုပ်ရိုဘော့တစ်မျိုးကို နှစ်အတန်ကြာ သုတေသနပြုပြီးချိန်မှာ ထုတ်လုပ်လိုက်တယ်။ တီရှပ်ရဲ့ စွပ်ကျယ်သား ဆန့်လွယ်တာကို ထိန်းညှိပြီး ချုပ်ပေးသွားနိုင်တဲ့ ရိုဘော့လို့ ဆိုပါတယ်။ စစချင်းမှာတော့ ခြေသုတ်ဖုံလို ရိုးရိုးရှင်းရှင်းတွေပဲ ချုပ်နိုင်ခဲ့ပါတယ်။ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ပေးပြီးချိန်မှာ စွပ်ကျယ်သားဖြင့် တီရှပ်ချုပ်နိုင်သွားပါတယ်။

စက်ချုပ်ရိုဘော့ sewing robot ကို ချုပ်ရိုဘော့ sewbot လို့ ခေါ်ဝါ်တဲ့ အသုံးအနှုန်း အသစ်ပေါ်ပေါက်လာခဲ့ပါတယ်။ SoftWear Automation က SEWBOTS လို့ ကုန်အမှတ်တံဆိပ် Trade Mark မှတ်ပုံတင်ထားပါတယ်။ အသားတွန့်တာ ခေါက်တာ ဆန့်တာတွေကို သိရှိပြီး ချိန်ညှိပေးနိုင်တဲ့ ချုပ်ရိုဘော့တွေကို တီထွင်လာကြပါတယ်။ ဂျင်းသားလို အသားထူထူ မာမာကို ချုပ်နိုင်ခဲ့ပေမဲ့ စွပ်ကျယ်သားကို ပီပီသသ ချုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ SoftWear Automation ရဲ့ LOWRY က စွပ်ကျယ်သားကို ချုပ်နိုင်တာမို့ တစ်ပန်းသာသွား ပါတယ်။

သာမန်အထည်ချုပ်တစ်လိုင်းမှာ လုပ်သား ၁၀ ဦး အလုပ်ချိန် ၈ နာရီမှာ တီရှပ်အထည် ၆၆၉ ထည် ချုပ်ကြတယ်။ အခု ချုပ်ရိုဘော့က အလုပ်ချိန် ၈ နာရီမှာ တီရှပ် ၁၁၄၂ ထည်ဝန်းကျင်အထိ ချုပ်ပေးနိုင်တယ်။ စက်ကို ကြည့်ပေးဖို့ လူတစ်ဦး လိုအပ်ပါတယ်။ ဒီတော့ အလုပ်ချိန် တစ်နာရီအရ ယှဉ်ကြည့်ရင် စက်တစ်လုံးဟာ လူ ၁၇ ဦး လုပ်ကိုင်တာနဲ့ ညီမျှပါတယ်။

SoftWear Automation ကုမ္ပဏီက အလိုအလျောက် ချုပ်လုပ်ခြင်းကို ဦးဆောင်နေရာကို ရောက်ရှိသွားပြီးတဲ့နောက်မှာ အထည်ချုပ်လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ Tianyuan Garments Company ထံမှ စက်တွေကို မှာကြားခဲ့ပါတယ်။ Tianyuan Garments Company က နာမည်ကြီး brand တွဖြေစ်တဲ့ Adidas နဲ့ Armani တို့ကို ချုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ စိတ်ဝင်စားစရာတွေ ဖြစ်ကုန်တာက တရုတ် အထည်ချုပ်လုပ်ငန်း Tianyuan Garments Company က အမေရိကန်နိုင်ငံ Little Rock, Arkansas မှာ စတုရန်းပေ တစ်သိန်း အကျယ်အဝန်းရှိတဲ့ မြေပေါ်မှာ SoftWear Automation ကုမ္ပဏီရဲ့ စက်တွေနဲ့ အထည်ချုပ်စက်ရုံ ထူထောင်ဖို့ ကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။ အဲဒီစက်ရုံသစ်ကြီးကို လာမယ့်နှစ် ၂၀၁၈ ခုနှစ်မှာ စတင်လည်ပတ်မှာ ဖြစ်ပါတယ်။ ရိုဘော့တွေ တပ်ဆင်ထားတဲ့ အထည်ချုပ်လိုင်း ၂၁ လိုင်း ပါဝင်ပြီး စက်တွေကို SoftWear Automation ကုမ္ပဏီထံမှ မှာယူခဲ့ပါတယ်။ တစ်နှစ်ကို တီရှပ် အထည်စုစုပေါင်း ၁၂ သန်း ချုပ်လုပ်မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ဂျပန်ကားလုပ်ငန်းတွေ ကားထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်ပြီး ထုတ်လုပ်ကြတဲ့နည်းလမ်းအတိုင်း အမေရိကန်မှာ အထည်ချုပ်စက်ရုံ တည်ဆောက်ပြီး အမေရိကန် ပြည်တွင်းဈေးကွက်ကို ဖြန့်ချိရောင်းချသွားမှာ ဖြစ်တာမို့ သွင်းကုန် အတားအဆီးတွေ၊ အခွန်အခတွေ လွတ်ကင်းမှာ ဖြစ်တဲ့အပြင် Made in America ချုပ်ထည်တွဖြေစ်နေလို့ ငြင်းဆန်မရ လက်ခံဖို့ပဲ ရှိပါလိမ့်မယ်။

Read 1062 times
Rate this item
(0 votes)