What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပက်တန်အစ ဘလောက်က

ဒီဇိုင်နာက စိတ်ကူးတွေကို စိတ်ကူးတယ်။ အဲဒီစိတ်ကူးနဲ့ sketch ပုံကြမ်းဆွဲပြီး flat sketch ကို အရင် ဆွဲလိုက်တယ်။


ပြီးရင် မော်ဒယ်တစ်ယောက် ၀တ်ဆင်ထားတဲ့အခါ ဘယ်လိုတွေ မြင်ရတွေ့ရမလဲဆို ပုံဆွဲပြတယ်။ အဲဒီအခါမှာ fashion sketch ရလာတယ်။

အဲဒီ fashion sketch ကို အ၀တ်အစားအဖြစ် အသက်သွင်းတဲ့အခါ အ၀တ်စနဲ့ ချုပ်ဖို့ ပက်တန်တွေ ထုတ်ရမယ်။ အဲဒီပက်တန်တွေ ထုတ်ဖို့ ပုံဖော်နိုင်ဖို့ block တွေကို ကြားအဆင့်တစ်ခုအဖြစ် သုံးကြတယ်။ လုပ်ငန်းသုံးဆိုရင် block လို့ ခေါ်ကြပြီး အိမ်သုံးဆိုရင်တော့ sloper လို့ ခေါ်ကြတယ်။ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီး ဆိုသလို အခေါ်အဝေါ်သာ ကွဲတာ ပုံကတော့ အတူတူပါပဲ။ ဘယ်ကဏ္ဍ မှာ သုံးသလဲဆိုတာအရ အမည်ခေါ်ပုံ အသုံအနှုန်း မတူတာသာ ဖြစ်ပါတယ်။

ရလာတဲ့ block တွေပေါ်မှာ စတိုင်လ်တွေနဲ့ ဖက်ရှင်ကို ကစားကြပြီး ပက်တန်တွေ ထုတ်ကြတယ်။ လှပသပ်ရပ်တဲ့ အ၀တ်အစား တစ်ထည် အောင်မြင်ထမြောက်ဖို့ဆိုတာ အချိန်ယူကြရတယ်။ အတွေ့အကြုံယူတယ်။ ဗဟုသုတတွေ ရှာမှီးတယ်။

Block ပက်တန်အစ ဘလောက်က
****
ပက်တန်အစ ဘလောက်ကလို့ ဆိုကြတယ်။ အ၀တ်အစား တစ်ထည်စာအတွက် ပက်တန်တွေ အစီအရီ ရှိနေတာ အဲဒီပက်တန်တွေရဲ့ မိဘတွေဟာ ဘလောက်တွေပဲလို့ ပြောကြတယ်။

Fashion sketch ကိုကြည့်ပြီ ကပ်တန်အတွက် ဘလောက် ထုတ်ဖို့ အချိုးအစားတွေကို မြင်တတ်ဖို့ လိုမယ်။ ဒီဇိုင်းကို ဖော်ပြထားတဲ့ sketch တွေမှာ အချိုးအစားတွေက မမှန်ဘူး။ လူပုံပေါ်မှာ စတိုင်လ်နဲ့ စီလိုဝက်ဒ် silhouette ကို လှတပတ ဖြစ်အောင် ဖော်ပြထားတယ်။ ခြေတံတွေက ပိုရှည်နေတယ်။ လည်ပင်းကလည်း ပိုရှည်နေတယ်။ 

ဂင်တိုတိုနဲ့ ဆွဲပြရင် ဆွဲဆောင်မှု ရှိမှာ မဟုတ်သလို ခြေတံတိုနေရင် ကြည့်မကောင်းဘူး။ ဒီတော့ တကယ့်လူ့ကိုယ်ခန္ဓာကို ပုံမှားရိုက်ပြီး ကြည့်ကောင်းအောင် လုပ်ထားတဲ့ အချိုးအစားတွေ ဖြစ်နေတယ်။ ဒီလို လွဲနေတာကို pattern cutter က ကိုင်တွယ်ပေးတယ်။ အဲဒါဟာ အခရာကျတဲ့ အလုပ်တစ်ခုပါပဲ။

ဖက်ရှင်ပုံကြမ်း ဆွဲပြထားတာကို ဘလောက်အဖြစ် ဘာသာပြန်ပေးလိုက်တဲ့အခါ မှန်ကန်တဲ့အချက်အလက်တွေ ပေးဖို့ အလွန်အရေးကြီးတယ်။
အပေါ်ပိုင်း အင်္ကျီအတွက် bodice block မှာ ဥပမာအားဖြင့် ရေညီမျဉ်းတွေ ရေးဆွဲပြီး ရင်သားနေရာ၊ ခါးနေရာ၊ တင်ပါးနေရာတွေအတွက် ဖော်ပြပေးထားကြမယ်။ ရင်သားနေရာ မျဉ်းဟာ ရင်သား အမို့အေမာက်ဆုံးနေရာကို ဖြတ်သန်းတယ်။
ခါးနေရာက ခါးအသိမ်ဆုံးနေရာကို ဖြတ်သန်းတယ်။
တင်ပါးနေရာက တင်ပါးအကြီးဆုံး ဖြစ်နေတဲ့ နေရာကို ဖြတ်သန်းတယ်။
ဘလောက် တစ်ပိုင်းနဲ့ တစ်ပိုင်း ဆက်စပ်ဖို့အတွက် အမှတ်အသားတွေကိုလည်း ဖော်ပြပေးထားကြတယ်။ ဥပမာအားဖြင့် အပေါက်ဖောက်ပြီး အရာပေးတယ် အမှတ်အသားပြတာမျိုးလည်း ရှိတယ်။
အရေးပါတဲ့ အထည်သားချည်ကြော grainline ကိုလည် ဖော်ပြပါတယ်။
အခုလို အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ ဖော်ပြပေးထားတဲ့အခါ ဘလောက်တွေကို အခြားသူတစ်ဦးကဖြစ်စေ၊ ကိုယ် ကိုယ်တိုင်ကဖြစ်စေ ဆက်စပ် လုပ်ကိုင်ဖို့ လွယ်ကူမှန်ကန်သွားစေတယ်။ ဘလောက်ကနေ ပက်တန်သို့ ကူးပြောင်းတဲ့အခါမှာလည်း အချက်အလက်တွေ အကုန်လုံး ပက်တန်မှာ ဆက်လက်ဖော်ပြပေးထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပက်တန်တွေကို အထည်သားပေါ် နေရာချတဲ့အခါ ဘယ်လို ချရမယ်ဆိုတာ ပြသပြီးသား ဖြစ်နေမယ်။
နောက်ထပ် ပါဝင်တဲ့အချက်တစ်ခုကတော့ ဘလောက်ဟာ ဘယ်အပိုင်းလဲဆိုတာ ဖြစ်ပါတယ်။ ရှေ့ front လား၊ နောက် back လားဆိုတာ ဘလောက်ရဲ့ အလယ်နားမှာ ရေးသားဖော်ပြပေးပါတယ်။ ပြီးတေ့ ဘလောက်ကို ပုံထုတ်စဉ်မှာ ထည့်စဉ်းစားထားတဲ့ အတိုးအလျော့တွေကိုလည်း ဖော်ပြပေးတယ်။ အကျပ်လား အချောင်လား နမူနာပြုဖို့ အတွက်သာဖြစ်မယ့် အရွယ်အစားလား စသဖြင့် ပြောပြပေးထားတယ်။

ဘလောက်ကနေ ပက်တန် ပြန်ဆွဲတဲ့အခါကျမှ ချုပ်သားကို ထည့်စဉ်းစားပြီး ဆွဲတယ်။ ချုပ်သား အကျဉ်းအကျယ်က အမျိုးမျိုး ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် လည်ပင်းအ၀ိုက်ဆိုရင် 0.5 cm ကျဉ်းကျဉ်းပဲ ထားမယ်။ ဘောင်းဘီမှာ အလယ်ချုပ်သားဆိုရင် 2.5 cm ထားမယ်။ တကယ်လို့ အရမ်းကျပ်နေတယ်ဆိုရင် ချုပ်ရိုးဖြေပြီး ချဲ့ပေးဖို့ ချုပ်သားကို ကျယ်ပေးထားကြလေ့ရှိတယ်။
ဆက်စပ်ထားတဲ့ အပိုင်းတွေ ထိနေတဲ့နေရာမှာ ချုပ်ရိုးတစ်ခုက နောက်ချုပ်ရိုးတစ်ခုနဲ့ သွားထိမယ်ဆိုရင် အဲဒီ ချုပ်ရိုးနှစ်ခုကို အကျဉ်းအကျယ် တူနေအောင် ထားမယ်။

၁။ အပိုင်း section တွေကို ပက်တန်အပိုင်းတွေ ဖြတ်ထုတ်ပြီး တသီးတခြားစီ ဖြစ်အောင် မလုပ်ခင်မှာ နံပါတ်စဉ်ထိုးပါ။
၂။ နေရာပြအမှတ်အသားတွေ မှတ်သားပါ ဥပမာ အိတ်ထောင် တပ်မယ့်နေရာ။
၃။ ထပ်တွန့် လားရာကို ဖော်ပြပါ။
၎။ ဖြတ်မယ့်လိုင်းတွေမှာ ကတ်ကြေးပုံ သင်္ကေတ ပြပါ။
၅။ အထည်သားကို ခေါက်ပြီး ထပ်မယ် ပြီးမှ ဖြတ်မယ်ဆိုရင် အဲလို လုပ်ရမယ်ဆိုတာ ‘cut on fold’ ရေးပြထားပါ။
၆။ အများသုံး အတိုကောက် သင်္ကေတတွေကို သုံးစွဲပါ။
တစ်ပိုင်းပဲ ဖြတ်ဖို့ လိုတယ်ဆိုရင် Cut 1 x self (or cut 1 x)
တစ်စုံစာ နှစ်ပိုင်းဖြတ်ဖို့ လိုတယ်ဆိုရင် Cut 1 pair x self (or cut 2 x)

Center front ဆိုရင် C.F.

Center back ဆိုရင် C.B.

ဆက်စပ်ဖတ်ရှုရန်

fashion sketch

 

Flat Sketch

HOW TO MAKW BLOCK

HOW TO MAKW BLOCK2

HOW TO MAKW BLOCK3

HOW TO MAKW BLOCK4

Read 1990 times
Rate this item
(0 votes)