What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကုမ္ပဏီပါတီတွေမှာဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ

ကုမ္ပဏီပါတီတွေမှာဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ google

ဒီဇင်ဘာလဆိုတာဟာနှစ်တစ်နှစ် နောက်ဆုံးနှစ်ဖြစ်သလို ပျော်ပွဲရွှင်ပွဲတွေ အလွန်ပေါတဲ့ လတစ်လလည်းဖြစ်ပါတယ် ။

ကုမ္ပဏီတွေ ဟာလည်း ကုမ္ပဏီ ပါတီပွဲတွေကျင်းပတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။


ရုံးပိုင်းဆိုင်ရာ အလုပ်လုပ်တဲ့ ပျိုမေတွေဟာ ဆိုရင်လည်း ရုံးပါတီ အတွက် ဘာဝတ်ရမလည်း ခေါင်းစားတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရုံးတက်တဲ့ပျိုမေတွေအတွက် ကုမ္ပဏီပါတီ၊ ရုံးပါတီ တွေမှာ ဘယ်လိုဖက်ရှင်မျိုးလေးတွေ တွဲဖက်ဝတ်ဆင်သင့်လည်းဆိုတာကို

အကြံပြုပေးချင်ပါတယ်။

Bling Bling ဖြစ်တဲ့ Dress


ပြောင်ပြောင်လက်လက်ဖြစ်တဲ့ ဝတ်စုံလေးတွေဟာ ဆိုရင် သင့်ရဲ့အလှကိုပိုတောက်ပစေပြီး လူအများကြားမှာပိုပေါ်လွင်စေပါတယ်။

ပုံမှန်ရုံးဝတ်စုံ နဲ့ ဒေါက်ဖိနပ် အနီရဲရဲ


နေ့စဉ်ဝတ်နေကျ ရုံးဝတ်စုံလေးကိုပဲ ဒေါက်ဖိနပ်အနီရဲရဲ လေးနဲ့ တွဲဖက်ဝတ်ဆင်ရင်လည်း ရုံးပါတီအတွက် သင့်တော်ပါတယ်။ ရုံးဝတ်စုံတွေအမြဲ စမတ်ကျပြီး ဒေါက်ဖိနပ်အနီရဲရဲကတော့ သင့်ကို ပိုပြီး ယုံကြည်မှု ရှိစေပါတယ်။

ဂျင်းဘောင်းဘီအကျပ်နဲ့ အတွန့်အဖတ်အင်္ကျီ


ဒီပုံစံလေးကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြစ်စေပြီး ရုံးပါတီတွေနဲ့ သင့်တော်တဲ့ပုံစံလေးပါ။


ဒါပြင်ဖန်စီဆန်ပြီး လူငယ်ဆန်တာကြောင့် သင့်ကိုပိုနုပျိုစေပါတယ်။

အပေါ်အရောင်ပြောင် အင်္ကျီလေးတွေနဲ့ စကတ်အကျပ်


ဒီပုံစံလေးတွေဝတ်ဆင်မယ်ဆိုရင်တော့ သင့်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျစေပါတယ်။ မျက်စိအေးစေပြီး ရုံးပါတီတွေနဲ့ သင့်တော်တဲ့ ဖက်ရှင် ပုံစံလေးတွေပါ။


အမဲရောင်ဂါဝန်ရှည်


အမဲရောင်ဂါဝန်ရှည်တွေဟာလည်းဘယ်တော့မှ ရိုးအီမသွားတဲ့ ပွဲတက်ဖက်ရှင်တစ်မျိုးပါ ။ သင့်ကိုစမတ်ကျစေပြီး ရင့်ကျက်တဲ့ အသွင်ကိုဆောင်ပါတယ်။ ဒါပြင် ရုံးပါတီတွေအတွက်သင့်လျော်တဲ့ ဖက်ရှင်တစ်မျိုးပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 





party1

 



party

 



party3




party4


အမဲရောင်ဂါဝန်ရှည်

party5

 


  

Myanmar Textile & Garment Directory

အိတ်ဆိုင်များ၏လိပ်စာများကိုရှာရန်နှိပ်ပါ။

Read 1286 times
Rate this item
(0 votes)
Tagged under