What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သက်လတ်ပိုင်း အမျိုးသမီးများအတွက် ဖက်ရှင်နှင့်ပတ်သက်ပြီး သိထားသင့်တဲ့ နည်းလမ်းများ

လူတစ်ဦးချင်းဆီမှာတော့ သူတို့ကြိုက်နှစ်သက်တဲ့ ဖက်ရှင်စတိုင်ဆိုတာရှိပါတယ်။ သို့သော်လည်း စတိုင်အလေ့အထတွေက သင်နှင့် သင့်ရဲ့လက်ရှိအသက်ကို ဆန့်ကျင်ပြုမူပါလိမ့်မယ်။ ဖက်ရှင်စတိုင်အမှားတွေကြောင့် သင့်ရဲ့အသက်၊ ရုပ်သွင်ကို ပုံပျက်စေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုအရာတွေကို ရှောင်ရှားရမလဲဆိုတာ အကြံပေးချင်ပါတယ်။

၁။ Outfit အချိုးအစားကို ထိန်းသိမ်းပါ

Maintain outfit proportions min

အကယ်၍သင်ဟာ နောက်ဆုံးပေါ်ဖက်ရှင်စတိုင်တွေကို ပြောင်းလဲချင်တယ်ဆိုရင် အရေးပါတဲ့ အစိတ်အပိုင်းတွေကို စဉ်းစားဖို့ လိုအပ်တယ်။ wide-legged pant နဲ့ ခန္ဓာကိုယ် ကွက်တိဖြစ်နေမယ့် top တွေဟာ အလွန်လိုက်ဖက်ညီလှပါတယ်။ အဲ့ဒီလိုပဲ oversized တီရှပ်နဲ့ skinny jean တွေကို ပေါင်းစပ်ခြင်းဟာလည်း ကြည့်ကောင်းလှပါတယ်။ အဓိကသတိပြုရမယ့် အချက်ကတော့ ကိုယ်ရဲ့ခန္ဓာကိုယ် အရွယ်အစားနဲ့ လိုက်ဖက်မယ့် အဝတ်အစားမျိုးကို ရွေးချယ်ပါ။ သင့်အဝတ်အစားဟာ ကွက်တိဖြစ်စရာမလိုသလို အရမ်းကြီး ချောင်နေစရာလည်းမလိုပါဘူး။ ဒါဟာ သင့်ရဲ့အလှတရားကို ဖုံးကွယ်သွားနိုင်တယ်။ အခြားတစ်ဖက်မှာလည်း အလွန်အမင်းကျပ်တဲ့ အဝတ်အစားတွေက သင့်ရဲ့ ပုံပန်းသွင်ပြင်ကို ဖျက်ဆီးစေနိုင်ပါတယ်။

၂။ Accessories ပေါင်းစပ်ခြင်း

Combine accessories min

outfit တစ်ခု ဝတ်ဆင်ရာမှာ အဲ့ဒီ outfit အရောင် နဲ့လိုက်ဖက်မယ့် ဖိနပ်၊ အိတ်၊ ခါးပတ်တွေကို ရွေးချယ်လေ့ရှိကြတယ်။ ဒီလို ဆင်မြန်းခြင်းဟာ ခေတ်မမှီတော့တဲ့ စည်းမျဉ်းတစ်ခုပါ။ ပုံသေ အရောင်တူ ဝတ်ဆင်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ တစ်နေရာမှာ အရောင်လင်းလင်းထည့်မယ်ဆိုရင် တခြား accessories တစ်ခုမှာ အရာင်ငြိမ်တာလေးတွေကို ရွေးချယ်ပါ။

၃။ ခါးပတ်ရွေးချယ်မှု

Opt for belts min

ခပ်ပွပွအင်္ကျီတွေဟာ သင့်ကို မသေမသပ်နဲ့ ဖိုးရိုးဖားရားနိုင်တယ်လို့ ထင်စေနိုင်တယ်။ ဒီလို ခပ်ပွပွ outfit တွေကို ပိုပြီးပြည့်စုံစေဖို့ ခါးပတ်က သင့်အတွက် အထောက်အကူပြုစေမှာပါ။ ပြီးတော့ သင့်ရဲ့ခါးကိုလည်း ပေါ်လွင်လှပစေဖြစ်ပါတယ်။

၎။ဆယ်ကျော်သက် outfit စတိုင်များကို ဖယ်ရှားပါ

Move on from teenage outfits min

စတိုင်စည်းမျဉ်းတွေက သင့်ရဲ့အသက်အရွယ်နှင့်အတူ ပြောင်းလဲလျက်ရှိတယ်။ တလက်လက်တောက်နေတဲ့ ဂျင်းတွေနှင့် ကာတွန်းရုပ်တီရှပ်တွေဟာ သင့်ကို ငယ်ရွယ်စေတယ်လို့ မထင်နိုင်ပါဘူး။ ရိုးရှင်းတဲ့ ဂျင်းဘောင်းဘီပြာနှင့် တီရှပ်ဗြောင်အဖြူတွေကို တွဲဖက်ဝတ်ဆင်ချင်းက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်ပြီး လူငယ်ဆန်စေပါတယ်။

ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုရဖို့ သင့်ရဲ့ အဝတ်အစားတွေကို ဘယ်လို ပေါင်းစပ်ဖန်တီးကြမလဲ

၅။ ခေတ်ပေါ်မျက်မှန်ဒီဇိုင်း

Go for modern frames min

မျက်မှန်များဟာ လွန်ခဲ့တဲ့နှစ်တွေထဲက အချိန်ကြာမြင့်စွာ ရေပန်းစားလာတဲ့ ဖက်ရှင်တစ်ခုဖြစ်တယ်။ သင့်ရဲ့မျက်နှာပေါ်မှာ စတိုင်ကျစေဖို့ ကူညီပေးမယ့် accessories တစ်ခုဖြစ်ပါတယ်။ သို့သော် မှားယွင်းတဲ့ မျက်မှန်ကိုင်းပုံစံတွေက သင့်ရဲ့ ရုပ်သွင်ကို ဖျက်ဆီးစေပါလိမ့်မယ်။ အခုဆိုရင် ကွဲပြားခြားနားတဲ့ ဒီဇိုင်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် သင့်နဲ့ကိုက်ညီမယ့် မျက်မှန်ကို ရှာဖွေရန် မခဲယဉ်းတော့ပါဘူးနော်။

၆။ ဆံပင်တိုစတိုင်ပြောင်းဖို့ ကြိုးစားပါ

Try a shorter hairstyle min

ဆံပင်ပုံစံဟာ သင့်ရဲ့မျက်နှာပေါ်က အသက်အရွယ်နဲ့ ဆက်စပ်ပြီး ပြောင်းလဲမှုများက ပိုသိသာစေတယ်။ ဆံပင်ကုပ်ဝဲ (သို့) အလွှာအထပ်ထပ်ဆံပင်တိုပုံစံကို ဦးစားပေးပါ။ ငယ်ရွယ်ပြီး ကြည့်ကောင်းစေပါလိမ့်မယ်။

၇။ make up နှင့်အတူ သင့်ရဲ့သဘာဝအလှကို တိုးမြှင့်အောင် ပြုလုပ်ပါ

Enhance your natural beauty with makeup min

တစ်စုံတယောက်ရဲ့ အသက်အကြောင်းပြောတဲ့အခါ နှုတ်ခမ်း၊ မျက်လုံးနှင့် မျက်ခုံးတို့ဟာ အရေးပါလှတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်။ သင့်မျက်နှာပေါ်မှ အိုမင်းရင့်ရော်မှုတွေကို ပြောင်းလဲဖယ်ရှားပစ်ရန် မိတ်ကပ်ပြင်ဆင်မှု အချို့ပြုလုပ်ရန် အကြံပေးချင်တယ်။ အလှကုန်များသုံးစွဲတဲ့အခါ အရောင်တောက်တဲ့ကာလာတွေကို ရှောင်ရှားဖို့ မမေ့ပါနဲ့။

၈။ ပြီးပြည့်စုံတဲ့ လက်အလှဆင်မှု

Perfect your manicure min

သင့်လက်က ပထမဦးဆုံး သင့်ရဲ့အသက်အရွယ်ကို ထုတ်ဖော်နေပါတယ်။ ခရမ်းရောင်၊ မက်မွန်သီးရောင်နှင့် ပုလဲဖောက်ပန်းရောင်တွေက သင့်ကို အသက်ကြီးစေပြီး အသားအရေမကောင်းတဲ့ ဆန့်ကျင်မှုတွေကို ဖန်တီးနိုင်တယ်။ သင့်ရဲ့လက်လှပပြီး နုစေတယ်လို့ ထင်နိုင်ဖို့ သင့်အသားအရေထက်လင်းတဲ့ ဝါညိုနုရောင်၊ အဖြုရောင် (သို့) ခရင်မ်ဖြူအရောင်တို့ကို အသုံးပြုနိုင်ပါတယ်။ ဘဲဥပုံလက်သည်း ပုံစံက ရိုးရှင်းလှပပြီး အကောင်းဆုံးရွေးချယ်မှုပါပဲ။

၉။ အပြုံး

Smile min

သုတေသနပြုလုပ်ချက်အရ အပြုံးဟာ သင့်ကို ငယ်ရွယ်နုပျိုစေတယ်လို့ ထင်စေပါတယ်။ အမြဲတမ်းပြုံးရီဖို့ မမေ့နဲ့နော်။

 

Author:TDA

Read 8236 times
Rate this item
(1 Vote)