What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဈေးအကြီးဆုံးနာရီများနှင့်သူ၏ဈေးနှုန်းများ

ဈေးအကြီးဆုံးနာရီများနှင့်သူ၏ဈေးနှုန်းများ google

ဒီနေ့မှာတော့ Myanmar Textile & Garment Directory ပရိတ်သတ်ကြီးအတွက် ဈေးအကြီးဆုံးလက်ပတ်နာရီများနဲ့သူတို့ရဲ့ဈေးနှုန်းလေးတွေကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်နော်………


(၁) Graff Diamonds Hallucination


ထို Graff Diamonds Hallucination နာရီသည်နံပါတ်(၁) ဈေးအကြီးဆုံးနာရီတစ်လုံးပဲဖြစ်ပါတယ်။


ထိုနာရီရဲ့တန်ဖိုးမှာ $55 million တန်ဖိုးရှိပြီး နာရီတစ်ခုလုံးကို ၁၁၀ ကာရက်ရှိသည့် ရှားပါးစိန်များဖြင့် စီခြယ်ထားကြောင်းသိရသည်။

 

နာရီ၏အလယ်ဗဟိုကို Pink Diamond များဖြင့်စီခြယ်ထားကြောင်းသိရသည်။

Graff Diamonds Hallucination


(၂) Graff Diamonds The Fascination


ထို Graff Diamonds The Fascination နာရီသည် ဒုတိယဈေးအကြီးဆုံးနာရီတစ်လုံးဖြစ်ပါသည်။


ထိုနာရီကို ကျောက်တုံးပုံစံစိန်များနှင့်ပြုလုပ်ထားသည့်လက်ရာမြောက်လှသည့် လက်ပတ်နာရီတစ်လုံးဖြစ်ပါတယ်။


ယင်းကျောက်တုံးပုံစံစိန်များကို ၁၅၂.၉၆ ကာရက်ရှိသည့် စိန်များဖြင့်ပြုလုပ်ထားကြောင်းသိရသည်။


နာရီ၏အလယ်ဒိုင်ခွက်သည် မီးမောင်းထိုးပြသည့်ပုံစံနှင့်သဏ္ဍန်တူသည်။ထိုနာရီ၏တန်ဖိုးမှာ $40 million ရှိပြီး ၂၀၂၀ တွင်ဒုတိယအကြီးဆုံးလက်ပတ်နာရီတစ်လုံးပဲဖြစ်ပါတယ်။

Graff Diamonds The Fascination


(၃) Breguet Grande Complication Marie-Antoinette


ထိုနာရီကို ၁၈၂၇ ခုနှစ်ကနည်းပညာပုံစံမျိုးနဲ့တည်ဆောက်ထားပါတယ်။


ယင်းနာရီကိုအများစုက Poem in Clockwork လို့အသိများကြပါတယ်။


ထိုအိတ်ဆောင်နာရီလေးမှာဆိုရင် လုပ်ဆောင်ချက်လေးတွေအများစုပါဝင်ပြီးအောက်တွင်ဖော်ပြပေးလိုက်ပါတယ်။


• Clock


• Perpetual calendar


• Minute repeater


• Thermometer


• Chronograph


• Power reserve


• Pare-Chute (Breguet’s own shock protection system)


• Chime


• Independent seconds hand တို့ပဲဖြစ်ပါတယ်။


ထိုနာရီရဲ့တန်ဖိုးကတော့ $30 million ရှိပြီး ၂၀၂၀ ခုနှစ်မှာ ဈေးအကြီးဆုံးအဖြစ် နံပါတ် ၃ နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။

 

 Breguet 160

<<<Zawgyi>>>




























• Clock


• Perpetual calendar


• Minute repeater


• Thermometer


• Chronograph


• Power reserve




• Chime






Read 1933 times
Rate this item
(0 votes)
Tagged under