What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်စတိုင်လ် အချက် (၂၀)

အ၀တ်အစားဆိုတာ ဖုံးကာပေးဖို့နဲ့ ကြည့်ကောင်းဖို့ သက်သက်မျှလို့ ထင်ရင် မှားလိမ့်မယ်။

သင့်ကိုယ်ခန္ဓာကို စတိုင်လ်တစ်ခုရအောင် အ၀တ်အစားနဲ့ အဆင်တန်ဆာတွေက ဖန်တီးပေးတယ်။ အဲဒီစတိုင်လ်က သင့်ရဲ့ အလုပ်အကိုင်မှာ အလားအလာ ကောင်းမလား ဆိုးမလား ဆုံးဖြတ်ပေးတယ်။ ဒီတော့ စတိုင်လ်မှန်ဖို့ လိုတယ်။ စတိုင်လ်ကောင်းဖို့ လိုတယ်။
ဖက်ရှင်က ဈေးကြီးချင်ကြီးမယ်။ စတိုင်လ်က ဈေးနှုန်းနဲ့ မဆိုင်ဘူး။ ဘယ်လို ၀တ်စားဆင်ယင်သလဲဆိုတဲ့ ဟန်ပန်အပေါ်မှာသာ တည်တယ်။ စတိုင်လ်က သင့်စိတ်ကို ပြောင်းလဲပေးတယ်။ mood ပြောင်းအောင် လုပ်ပေး နိုင်တယ်။ သင့်ကို မြင်ရသူတွေရဲ့ mood ကိုလည်း ပြောင်းလဲပေးတယ်။ ဒီတော့ သင့်ဘ၀ တိုးတက်ရာတိုးတက်ကြောင်းကိုလည်း ဖန်တီးပေးနေသလို သင့်ကို ချောင်ထိုးထားအောင်လည်း ဖန်တီးပေးနိုင်တယ်။
အခု ဖော်ပြပေးမယ့် အချက်တွေက Mind What You Wear: The Psychology of Fashion ဆိုတဲ့ စာအုပ်မှ အချက်အချို့ကို ကောက်နုတ်တင်ပြထားတာ ဖြစ်ပြီး အဲဒီစာအုပ်က သုတေသနပြုချက်အပေါ်မှာ အခြေခံထားပါတယ်။
လူ့စိတ်က ဆန်းကြယ်တယ်။ ဒီတော့ သင် လုံးဝ မထင်မှတ်ထားတဲ့ အချက်တွေကိုလည်း ဖတ်ရပါလိမ့်မယ်။
ဒီတော့ ဖက်ရှင်စတိုင်လ် ဆိုင်ကိုလိုဂျီနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

#1 လူကြီးလူကောင်းဆန်ဆန် ၀တ်စားဆင်ယင်နေကျ ဖြစ်တဲ့သူဟာ အလုပ်ရဖို့လမ်း ပိုများတယ်။ ရာထူးတိုးဖို့စဉ်းစားခံရလေ့ ရှိတယ်။

#2 ဆရာဝန်တွေ ၀တ်တဲ အဖြူရောင် အပေါ်ကုတ်အင်္ကျီမျိုးကို ၀တ်ထား တာ မြင်ရတဲ့သူရဲ့ စိတ်ထဲမှာ မသက်မသာ အလိုလို ဖြစ်မိတယ်။

#3 အမျိုးသမီးတွေဟာ ဓမ္မတာစက်ဝန်းမှာ မျိုးဥကြွေတဲ့ရက်တွေမှာ မပေါ့်တပေါ် ၀တ်ချင်စိတ် ပိုများနေတတ်တယ်။

#4 အမျိုးသမီး ၁၀ ယောက်မှာ ၉ ယောက်ဆီမှာ မ၀တ်ဖြစ်တဲ့ အ၀တ်အစား အနည်းဆုံး တစ်ထည်တော့ ရှိတယ်။ အဲဒီအထည်ကို စွန့်လွှတ်မှာတော့ မဟုတ်ဘူး။ အထည်များ အယားပြေလို့ အကြောင်းပြလိမ့်မယ်။

#5 အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံမှာလည်း ဘယ်တော့မှ မ၀တ်ဖြစ်တဲ့ အ၀တ်အစား အနည်းဆုံး တစ်ထည်တော့ ရှိတယ်။

#6 ထက်အောက် တစ်ရောင်တည်း ၀တ်ထားရင် ခွဲခြားဖို့နေရာတွေေ၀၀ါးသွားပြီး အမြင်မှာ ပိုပိန်တယ်လို့ ထင်ရတယ်။

#6 ၀တ်စားထားတာ စတိုင်လ်မကျရင် ဒိတ်အောက်နေတဲ့ စတိုင်လ် ဖြစ်နေရင် လူတွေက အရောတ၀င် မလုပ်ချင်ဘူး။

#7 အမျိုးသမီးတွေ ပျော်ရွှင်မြူးနေရင် ၀တ်ကောင်းစားလှတွေ ၀တ်ဖို့ စိတ်အားထက်သန်မှု ပိုများလာတယ်။

#8 မပေါ့တပေါ် ၀တ်ဆင်တဲ့ အမျိုးသမီးဆိုရင် အရည်ညံ့တဲ့ ကျောက်တစ်ပွင့်လို နှိမ်ချင်ကြတယ်။

#9 ဆရာဝန်ကို အပေါ်ကုတ်အင်္ကျီဖြူနဲ့ မဟုတ်ဘဲ စပို့ရှပ် ၀တ်ထားတာ တွေ့ရင် လူနာက ငါ့ကို သေသေချာချာ ဂရုတစိုက် မကြည့်ဘူးလို့ အလိုလိုထင်မိတယ်။

#10 လူ့မျက်လုံးက အဆင်အကွက်တွေ ပါတဲ့ အ၀တ်အစားကို ကြည့်ရင် အကွက်တွေကို လျှောက်ကြည့်နေမိတာ ကြောင့် အချိန်ပိုကြာတယ်။ ခန္ဓာကိုယ်ကို နဂိုထက် ပိုကြီးတယ်လို့ စိတ်ထဲ မြင်တယ်။

#11 အနီရဲရဲ ပါတဲ့ အ၀တ်အစားကို ၀တ်ထားရင် အလိုလို သွေးရဲပြီး သတ္တိပိုရှိသွားတယ်။

#12 ယောက်ျားလေးတစ်ယောက်လို သေသေသပ်သပ် ကျကျနန ၀တ်စားထားတဲ့ မိန်းကလေးတစ်ယောက် အလုပ်ဝင်ခွင့် အင်တာဗျူးဖြေဆိုရင် မိန်းမသားဆန်ဆန် ၀တ်ထားတဲ့သူထက် အလိုပိုရဖို့ အခွင့်ပိုသာတယ်။

#13 ရေကူးဝတ်စုံလို မလုံတလုံ အ၀တ်အစား ၀တ်ထားတဲ့ မိန်းကလေးကို သင်္ချာ တွက်ချက်ခိုင်းရင် အတွက်အချက်တွေ ပိုမှားတတ်တယ်။

#14 အ၀တ်အစားမှာ ကန့်လန်ဒေါင့်ဖြတ်အစင်းတွေ ပါရင် ၀တ်ထားတဲ့သူက ၀နေပေမဲ့ သိပ်မ၀ဘူးလို့ ထင်ရတယ်။ ပိန်တဲ့သူဆိုရင် တကယ်ပိန်တာထက် ပိုပိန်တယ်လို့ ထင်ရတယ်။ အမြင်မှောက်မှားခြင်း ဖြစ်ပါတယ်။

#15 အိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦးမှာ ရှိနေတဲ့ ဖိနပ် အရေအတွက်က အမျိုးသားတစ်ဦးမှာရှိတဲ့ ဖိနပ် အရေအတွက်ထက် ပိုများတယ်။

#16 အမျိုးသားတစ်ဦးက အမျိုးသမီးကို စကြည့်တဲ့အခါ ၀တ်ဆင်ထားပုံကို ကြည့်တယ်။ အမျိုးသမီးတစ်ဦးက အမျိုးသားကို စကြည့်တဲ့အခါ မျက်နှာ၊ မျက်လုံး၊ ပြုံးမပြုံးဆိုတာတွေကို ကြည့်တယ်။ ဒါပေမဲ့ အမျိုးသားက အမျိုးသမီး ဘယ်လို ဖိနပ်မျိုး စီးထားသလဲ မကြည့်ဖြစ်ပေမဲ့ အမျိုးသမီးကတော့ ကြည့်တယ်။

#17 ချစ်ရေးဆိုစေချင်ရင် အမျိုးသမီးက အ၀တ်အစားမှာ အနီရောင်ရဲရဲ နည်းနည်းပါးပါး ပါအောင် ၀တ်ပါ။ များများစားစားတော့ မပါစေနဲ့။

#18 တာဝန်လက်ပတ် လက်မောင်းမှာ ပတ်ထားရင် အာဏာပြလို စိတ် ပိုများသွားတတ်တယ်။ အဲဒီ လက်ပတ်မှာ အနီရောင်ပါရင် သွေးပိုကြွတယ်။

#19 အမျိုးသမီးတစ်ဦးမှာ အ၀တ်အစားတွေ များများစားစား ရှိနေရင် တစ်ဝက်လောက်က မ၀တ်ဖြစ်တာတွေ ဖြစ်ပါတယ်။

#20 ၀တ်ဆင်ထားတာ စတိုင်လ်ချင်းတူနေရင် ချစ်ခင်စိတ် အလိုလို ပိုများတယ်။
DJS

အမျိုးသမီးတွေ ဂျင်းအကျပ်ကို ဘာလို့ ကြိုက်တာလဲ
http://www.textiledirectory.com.mm/articles/item/968-why-do-women-like-to-wear-tight-jeans.html

 

Read 5186 times
Rate this item
(1 Vote)