What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးတွေအနေနဲ့ အတွင်းခံနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်လေးတွေ

အမျိုးသမီးတွေအနေနဲ့ အတွင်းခံရွေးချယ်ရာမှာ ကိုယ်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ပြီး လှပစေဖို့အတွက် မှန်ကန်အောင် ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

တခါလေမှာ ကိုယ်ရွေးချယ်လိုက်တဲ့ အတွင်းခံနဲ့ အဝတ်အစားက လိုက်ဖက်မှုမရှိတာတွေ ဖြစ်တတ်တယ်။ အဲ့ဒါကြောင့် ဘယ်လို အင်္ကျီတွေနဲ့ အတွင်းခံတွေက မှန်ကန်လိုက်ဖက်မှုရှိမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ အရောင်နုနုဘရာ

light bra min

အင်္ကျီအဖြူ ဝတ်ဆင်တဲ့အခါ အရောင်တောက်တာတွေထက် အရောင်နုနုကို ရွေးချယ်ပေးပါ။ ဒါမှသာ အတွင်းပိုင်းကို ထိုးဖောက်မမြင်နိုင်တော့ဘူးပေါ့။

၂။ ပုံကျစေမယ့်ဘရာ

body shape min

ပုံမကျတဲ့ ဘရာတွေကို ဝတ်ဆင်ခြင်းဟာ သင့်ရင်သားကို ပုံပျက်စေပြီး ကြည့်ရဆိုးစေနိုင်တယ်။ ဘရာအပျော့တွေထက် ရင်အုံအနည်းငယ်ပါဝင်တဲ့ ဘရာမျိုးကို ဝတ်ဆင်ပါ။

၃။ Stocking

stocking min

stocking ကို အင်္ကျီတိုတွေနဲ့ ဝတ်ဆင်မယ်ဆိုရင် နည်းနည်းထူတဲ့ အသားမျိုးကို ရွေးချယ်ပါ။ အင်္ကျီကလဲတို ၊ stocking ကလဲပါးဆိုရင်တော့ သွားရလာရတာ အဆင်ပြေစေမှာမဟုတ်ပါဘူး။

လေယာဉ်ပေါ်မှာ ဝတ်ဆင်ဖို့ ရှောင်ကြဉ်သင့်တဲ့ အရာတွေ

၎။ အတွင်းခံဘောင်းဘီ

panty min

ဘောင်းဘီကြပ် ၊ စကပ်ကြပ်တွေ ဝတ်ဆင်တဲ့အခါ အတွင်းခံကို တစ်ဝက်ထက် တင်ပါးအပြည့်ရှိတဲ့ ဘောင်းဘီမျိုးကို ရွေးချယ်စေချင်ပါတယ်။ ဒါမှသာ အစင်းအရာတွေ မပေါ်မှာ ဖြစ်တယ်။

 

Author:TDA

Read 5067 times
Rate this item
(1 Vote)