What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လေယာဉ်ပေါ်မှာ ဝတ်ဆင်ဖို့ ရှောင်ကြဉ်သင့်တဲ့ အရာတွေ

ခရီးတို (သို့) ခရီးရှည် သွားဖို့ အဝတ်အစားရွေးချယ်တဲ့အခါမှာ သက်သောင့်သက်သာရှိပြီး အဆင်ပြေစေမယ့်အရာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ လေယာဉ်နဲ့ သွားတဲ့အခါ လေယာဉ်ပေါ်မှာ ဝတ်ဆင်ဖို့မသင့်တဲ့ အရာတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကြည့်လိုက်ရအောင်နော်။။

1. ကျပ်ထုပ်ထုပ် အဝတ်အစားများ

Tight clothe min

တကယ်လို့ သင်သွားရမယ့်ခရီးက ၄နာရီထက် ပိုကြာမယ်ဆိုရင် ဒီလိုကျပ်ကျပ်ထုပ်ထုပ် အဝတ်အစားတွေကို ရှောင်ပါ။ ဒီလို ကြာရှည်စွာ ဝတ်ဆင်ထားခြင်းကြောင့် သွေးကြောပိတ်ခြင်း အန္တရာယ်လည်း ဖြစ်စေနိုင်တယ်။ ဒါကြောင့် ပွပွယယ ဖြစ်စေမယ့် ခြေအိတ် ၊ အဝတ်အစားများကို ရွေးချယ်စေချင်ပါတယ်။

2. ရှုပ်ထွေးတဲ့ပစ္စည်းများ

Complicated items min

လေယာဉ်ပေါ်က ရေချိုးခန်းဟာ အလွန်သေးလွန်းပါတယ်။ တကယ်လို့ jumpsuit ဝတ်ထားမယ်ဆိုရင် ချွတ်ယူဖို့ ကြိုးစားတဲ့အချိန်ခက်ခဲပါလိမ့်မယ်။ အဲ့ဒီအစား ပေါ့ပေါ့ပါးပါး ရှိစေမယ့် တီရှပ်၊ ဂျင်းများကို ဝတ်ဆင်နိုင်ပါတယ်။

3. သတ္တုပါဝင်တဲ့ အဝတ်အစား (သို့) လက်ဝတ်ရတနာ

Clothes or jewelry containing metal min

ဒီလို အရာတွေက သင့်ခန္ဓာကိုယ်ပေါ်မှာ လေးလံ ရှုပ်ထွေးတာကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်စေမှာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဒါတွေကို သယ်ဆောင်လာဖို့ မသင့်ပါဘူး။

4. နွေရာသီဝတ် အဝတ်အစားများ

Summer clothes min

အပူပိုင်းဒေသကို ခရီးထွက်မယ်ဆိုရင်တောင် လေယာဉ်ပေါ်မှာ အလွန်အေးတာကြောင့် အင်္ကျီအပါးတွေထက် နွေးထွေးမှုရရှိစေမယ့် ဆွယ်တာများကို ယူဆောင်သွားပါ။

သင့်ကို ပြီးပြည့်စုံပြီး ကြည့်ကောင်းစေဖို့ တားဆီးနေတဲ့ အရာတွေ

5. ဒေါက်မြင့်ဖိနပ်

High heels min

ဒေါက်မြင့်ဖိနပ်တွေဟာ သွားရလာရတာ ခက်ခဲပြီး အဆင်ပြေစေမှု မရှိပါဘူး။ တကယ်လို့ လမ်းအများကြီးလျှောက်ရမယ်ဆိုရင် နာကျင်မှုဒဏ်ကိုလည်း ရရှိစေနိုင်တယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် ဖိနပ်မျိုးကို ရွေးချယ်ပါ။

 

Author:TDA

Read 3408 times
Rate this item
(1 Vote)