What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို ဖက်ရှင်ကျသူ တစ်ယောက်ဖြစ်စေမယ့် လွယ်ကူတဲ့ နည်းလမ်း (၉)ခု

သင်ရဲ့ ကိုယ်ပိုင်အသွင် စတိုင်တွေကို ဖန်တီးပြီးတော့ အားလုံးငေးယူရလောက်အောင် ဖက်ရှင်ကျချင်လား? ဒါဆိုရင်တော့ မခက်ခဲပါဘူး။

ခုပြောပြပေးမယ့် နည်းလမ်းတွေက သင့်ကို လုံးဝဖက်ရှင်ကျနေမှာ အမှန်ပဲနော်။

၁။ အနက်ရောင် outfit ကို ရွေးချယ်ပါ။

1
ဘာဝတ်ရမလဲ စဉ်းစားရခက်နေရင်တော့ အနက်ရောင်ကိုသာ ရွေးချယ်လိုက်ပါ။ အနက်ရောင် ဖက်ရှင်ဟာ ဘယ်တော့မှ ရိုးသွားလေ့မရှိပါဘူး။ အထူးသဖြင့် အနက်ရောင် leather ကုတ်က သင့်ကို အမြဲတမ်း စတိုင်ကျစေပါလိမ့်မယ်။

၂။ အကျီ တန်ဖိုးက အဓိကမကျပါဘူး။

2
သင့်ရဲ့အဝတ်အစားက တန်ဖိုးကြီးစရာမလိုပါဘူး။ ဘယ်လို ပေါင်းစပ်ဖန်တီးရမလဲဆိုတာကို မှန်ကန်အောင် ရှာဖွေတတ်ဖို့က အရေးကြီးဆုံးပါပဲ။

၃။ လက်ကိုင်အိတ်ဟာ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ။

3
သင့်ရဲ့ဖက်ရှင်စတိုင်ကို ထုတ်ဖော်ပြဖို့အတွက် လက်ကိုင်အိတ်ဟာ အကောင်းဆုံး accessories တစ်ခုပါပဲ။

၎။ နေကာမျက်မှန်ကို ရာသီတိုင်းမှာ ဝတ်ဆင်သင့်တယ်။

4
နေ့ဖက်ပဲဖြစ်ဖြစ် ညဖက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် မိုးရွာတဲ့အခါရော နေပူတဲ့အခါတွေမှာရော ဝတ်ဆင်သင့်တယ်။ သင့်ကို ကြည့်ကောင်းပြီး ပြီးပြည့်စုံစေဖို့ တစ်ခုထဲသော ရည်ရွယ်ချက်အတွက်သာ ဖြစ်တယ်။

၅။ အကယ်၍ သင့်ရဲ့ပုံပန်းသွင်ပြင်က ကြည့်မကောင်းဘူးဆိုလျှင် တောက်ပတဲ့အရာ တစ်ခုခုကို ပေါင်းထည့်လိုက်ပါ။

5
ဥပမာပြောရမယ်ဆိုရင် အရောင်တောက်တောက်အိတ်၊ ဦးထုပ် သို့မဟုတ် ဖိနပ်တစ်စုံကို အနက်ရောင် Outfit နဲ့ ပေါင်းစပ်လိုက်ပါ။ လူတိုင်းနီးပါး သင့်ရဲ့စတိုင်ကို သတိပြုလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

၆။ သင့်ရဲ့စတိုင်ကို ပေါင်းစပ်ပါ။

6
ရိုးရှင်းတဲ့ converse shoe တစ်စုံကို maxi dress နဲ့ ပေါင်းစပ်ပြီးတော့ ခပ်ပွပွတီရှပ်တစ်ထည်နှင့် heel ကို တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒါဟာ ပုံမှန်ပေါင်းစပ်ဖန်တီးမှု မဟုတ်ပင်မဲ့ သင့်အတွက် ရလဒ်တွေက အံ့သြဖွယ်ရာဖြစ်စေပါလိမ့်မယ်။

၇၊ မတူကွဲပြားတဲ့ အရွယ်အစားတွေကို ပေါင်းစပ်ဖန်တီးပါ။

7
အရွယ်အစားကြီးမားတဲ့ long coat အရှည် သို့မဟုတ် အတို ကို skinny jean နဲ့ ပေါင်းစပ်လိုက်ပါ။ ဒါဟာ သင့်အတွက် ထူးခြားတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။

၈။ မိတ်ကပ်နှင့် ဆံပင်ကို အလွန်ကျွံ ခြယ်သမှု မလုပ်ပါနဲ့

8
သင့်ရဲ့မျက်နှာပေါ်မှာ တစ်ခြားဘာအရာမှ မလိမ်းခြယ်ပဲနဲ့ အရောင်တောက်တောက် နှုတ်ခမ်းနီ ဆိုးတာ ဒါမှမဟုတ် ဆံပင်ကို ရိုးရှင်းစွာ စည်းတာတို့ ပြုလုပ်ပါ။

၉။ သင့်စတိုင်ရဲ့သော့ချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းပဲ။

9
ကိုယ်ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်တစ်ခုပေါ်မှာ တစ်ခြားသူတွေက ဘယ်လို ဝေဖန်သုံးသပ်မလဲဆိုတာကို မစိုးရိမ်ပါနဲ့။ ယုံကြည်မှုရှိရှိနဲ့ မတူကွဲပြားတဲ့ အရာတွေကို ဖန်တီးပုံဖော်လိုက်ပါ။

 

Author:TDA

Read 7519 times
Rate this item
(1 Vote)