What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချိုးဖောက်ရမဲ့ ဖက်ရှင်စတိုင်လ်များ(၂)

ချိုးဖောက်ရမဲ့ ဖက်ရှင်စတိုင်လ်များ(၂) google

Textile ပရိသတ်ကြီးအတွက် နောက်ထပ် ချိုးဖောက်ရမဲ့ ဖက်ရှင်စတိုင်လ်များကို မျှဝေပေးချင်ပါတယ်။


၁၁။ နူတ်ခမ်းနီအရောင်တွေထဲမှာ အနီရင့်ရင့်ဆိုးတာဟာ ညနေခင်းအတွက်ပဲဆိုတာမျိုး။

အရင်ကဆို နှုတ်ခမ်းနီအရောင်တွေထဲမှာ အနီတောက်တောက် ဆိုးဖို့အတွက် အချိန်ကာလလိုပါတယ်။

မနက်ခင်း၊ နေ့လည်နေ့ခင်းမျိုးတွေမှာ အဲ့ဒီလိုအရောင်ဆိုးပြီး အပြင်ထွက်ရင် အူကြောင်ကြောင်နိုင်တယ်လို့ သတ်မှတ်ခဲ့ကြပေမယ့်  ကိုယ်ကြိုက်တဲ့အချိန်ဆိုးလို့ရပါတယ် ။

 

၁၂။ အရပ်ရှည်တဲ့ အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ် မစီးသင့်ဘူးဆိုတာမျိုး။

 အရပ်ရှည်ရင် ဖိနပ်အပါးကသာ သင့်တော်တယ်ဆိုတာမျိုး ခုခေတ်မှာ မရှိတော့ပါဘူး။ အရပ်ရှည်တဲ့သူလည်း ဒေါက်မြင့်ဖိနပ်တွေ စီးနိုင်တာပဲ။ ပိုစမတ်ကျနေအောင်ပေါ့။

 

၁၃။ ဂျင်းမဟုတ်တဲ့ ဘောင်းဘီအပျော့သားတွေ၊ အားကစားဘောင်းဘီစတာတွေကို အပြင်သွားရင် မဝတ်သင့်ဘူးဆိုတာမျိုး။

ဒါကလည်း ခပ်ကြောင်ကြောင် အတွေးပါ။ ခုခေတ်မှာ ဘယ်အရာလုပ်တာမှန်တယ်၊ ဘယ်အရာမှအမှားဆိုတာ မရှိတော့ပါဘူး။ အထူးသဖြင့် ဖက်ရှင်မှာ ပိုလို့တောင်ဆိုးပါသေးတယ်။

 

၁၄။ အရောင်ကာလာမတူတာတွေက မလိုက်ဖက်ဖူးဆိုတာမျိုးပါ။

 အဝတ်အစားတွေဝတ်ဆင်ရာမှာ နင်ဟာကလည်း လိုက်ဖက်မူမရှိလိုက်တာဆိုပြီး ပြောတာမျိုးကြားဖူးကြမှာပါ။ တကယ်တော့ opposite တွေက ပိုလှတာလည်းရှိပါတယ်။

 

၁၅။ မျက်မှန်ကိုင်းတွေမှာ အနက်ရောင်ကသာ စတိုင်လ်အကျဆုံး ဆိုတာမျိုး။

ခုချိန်မှာ လူငယ်လူကြီး အားလုံးဟာ ကိုယ့်စိတ်ကြိုက် ကာလာဒီဇိုင်းပေါင်းစုံနဲ့ မျက်မှန်ကိုင်းတွေ ရွေးချယ်ဝတ်ဆင်လာကြပြီမို့ အထူးပြောစရာတောင် မလိုတော့ပါဘူး။

 

၁၆။ အပြောင်အလက်တွေပါတဲ့ အဝတ်အစားဒီဇိုင်းမျိုးတွေကို ညဘက်မှသာ ဝတ်သင့်တယ်ဆိုတာမျိုး။

စီးကွင့်တွေနဲ့ ဖန်တီးထားတဲ့ ဘောင်းဘီရှည်ကို နေ့ခင်းဘက်ဝတ်လိုက်ရင် ကြောင်သွားမလားဆိုပြီး တွေးနေဖို့အချိန် မဟုတ်တော့ပါဘူး။ ဒါလည်း ချိုးဖောက်ပစ်ရမယ့် စည်းမျဉ်းတွေထဲက တစ်ခုပါပဲ။

 

၁၇။ အသက် ၄၀ကျော်သွားရင် ဒူးအထက် စကတ်တွေ မဝတ်ဆင်သင့်တောဘူးဆိုတာမျိုး။

ဖက်ရှင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေထဲမှာ ချိုးဖောက်ရမယ့် စည်းမျဉ်းတစ်ခုပါ။ စကတ်အတိုဆိုပေမယ့် ကိုယ်နဲ့လည်း သင့်တော်တဲ့၊ ကြည့်ကောင်းတဲ့ စကတ်မျိုးဆို အသက်၄၀ကျော်လည်း ဝတ်လို့ရတာပါပဲ။

 

၁၈။ ဟိုးအရင္က ကုတ္အက်ႌေတြက သံုးစားမရေတာ့ဘူး ဆိုတာမ်ိဳး။

အရင်တုန်းက ကိုယ့်ဆီမှာ ရှိနေဖူးတဲ့ ကုတ်အင်္ကျီဒီဇိုင်းကို မကြိုက်တော့ဘူးဆိုရင် အပ်ချုပ်ဆိုင်သွားပြီး ဟိုပြင်ဒီပြင်လုပ်လိုက်ပါ။ အထာကျသွားပါလိမ့်မယ်။

 

၁၉။ ဒေါက်မြင့်ဖိနပ်တွေနဲ့ ခြေစွပ်နဲ့ တွဲမ၀တ်သင့်ဘူးဆိုတာမျိုး။

ဒေါက်မြင့်ဖိနပ်အမျိုးမျိုးကို သူနဲ့သင့်တော်တဲ့ ခြေစွပ်တွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒါဟာလည်း ခုနောက်ဆုံး ခေတ်စားနေတဲ့ ဖက်ရှင်တွေထဲက တစ်ခုပါ။

 

Source : Shwe Chit Thu

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 1381 times
Rate this item
(0 votes)
Tagged under