What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မလုပ်ဆောင်သင့်တော့တဲ့ ဖက်ရှင် အမူအကျင့်ဟောင်းများ

မလုပ်ဆောင်သင့်တော့တဲ့ ဖက်ရှင် အမူအကျင့်ဟောင်းများ google

အမြဲတမ်း အသားသေနေတာတွေ ကနေ ခွဲထွက်ကြည့်ရတာ ပျော်ရွှင်စရာ ပိုကောင်းပါတယ်။

ဒီတစ်ပတ်မှာတော့ ကိုယ့်ဆီမှာ စွဲမြဲနေတဲ့ ဖက်ရှင် အမူအကျင့်ဟောင်းတွေထဲက ဖယ်ရှားပစ်ရမှာ လေးတွေကို ပြောပြမယ်နော်။ ကိုယ် လည်း ဒီထဲမှာ ပါနေသူဆိုရင် အပြောင်း အလဲလေးတွေ လုပ်ကြည့်ပြီး ရင်ခုန်စရာ new look လေးတွေကို ဖန်တီး ကြည့်လို့ ရတာပေါ့။

(၁) အိတ်နဲ့ ဖိနပ်ကို အရောင်တူတူ တွဲ ရမယ်။ ဒါက တော်တော်လေး ရိုးအီနေ တဲ့ အမြင်ကြီးပါ။ အိတ်က အဝါဆို ဖိနပ် ကို အစိမ်း ဒါမှမဟုတ် ဖိနပ်က အနက် ဆို အိတ်ကို အဖြူ။ အဲဒီလို Match Colorထဲက ရွေးပြီး ပြန်တွဲတာမျိုး လုပ် ရင်လုပ်၊ မဟုတ်ရင်တော့ လုံးဝ ဆန့် ကျင်ဘက် ဖြစ်နေတာမျိုးကို ရွေးပစ်ပါ။ တကယ် သစ်သွားတာကို ခံစားမိပါလိမ့် မယ်။

Read: ချည်ထည်လေးတွေရဲ့ လူသိပ်မသိတဲ့ အားနည်းချက် (၆) ချက်

(၂) အနက်နဲ့ အပြာရင့်၊ အပြာမှိုင်းတွေ ကို တွဲမဝတ်ရဘူးလို့များ ထင်မှတ်နေမိ သေးလား။ အနက်ရောင် ရှပ်လေးနဲ့ နေဗီပြာ ဘောင်းဘီလေးနဲ့သာဆို စမတ် ဖြစ်တဲ့ ဖက်ရှင်လေးရပါပြီ။ ဒါမှမဟုတ် လည်း တီရှပ်နက်ပြာလေးနဲ့ ဂျင်းန်အ မည်းပေါ့။ ဘယ်လောက် လွတ်လပ်ပေါ့ ပါးတဲ့ အတွဲအစပ်လဲ။

(၃) Print တွေ၊ Pattern တွေကို တွဲမဝတ် ရဘူး၊ အပေါ်က အဆင်ဆို အောက် ဘက်ကို ဗြောင်ပဲ လုပ်ရမယ်။ ဒီလိုတွေ အသေမှတ်ခဲ့ကြတယ် မဟုတ်လား။ အခု ကတော့ ကိုယ့်မှာ ဖက်ရှင်အမြင်ရှိတာ သေချာတယ်ဆိုရင် အပေါ်ရော အောက် ပါ ခပ်ရှုပ်ရှုပ်လေးတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် လိုက်ဖက်အောင်တော့ တွဲစပ် တတ်ရမယ်နော်။ တစ်ကိုယ်လုံး အပြည့် ကြီး မဟုတ်ဘဲ အတိုတို့၊ လက်ပြတ်တို့ အဲဒီလို ပုံစံလေးရွေးပြီး ထင်ရှားတဲ့ Accessory လေးတွေနဲ့တော့ တွဲဖက် တတ်ဖို့ လိုပါတယ်။

(၄)အရင်က ငွေရောင်နဲ့ ရွှေရောင် Accessory တွေကို တွဲမဝတ်ရဘူးလို့ သတ်မှတ်ထားကြတယ် မဟုတ်လား။ အခုကတော့ ရွှေရောင်နာရီနဲ့ ငွေရောင် လက်ကောက်တွေကို တွဲဖက်တတ် မယ်ဆို ဖက်ရှင်ဖြစ်မှာပဲ။ ရွှေရောင်နဲ့ ငွေရောင် ဆွဲကြိုးတွေကို ဆင့်ပြီး ဆွဲတာ မျိုးဆိုရင် ပိုပြီးတောင် မိုက်ပါသေး တယ်။

(၅) အပြောင်အလက်လေးတွေဆိုရင် ညပွဲတွေကျမှပဲ ထုတ်ဝတ်ဖို့ သူ့အလိုလို သတ်မှတ်ထားကြတယ်။ အခု အဲဒါကို စွန့်ပစ်လိုက်ပါတော့။ နေ့ဘက်တွေမှာဆို လည်း အပြောင်အလက်ပါတဲ့ အင်္ကျီကို ဘောင်းဘီနဲ့ တွဲဝတ်တာ၊ စီးကွင့်သိပ် မများတဲ့ ဂါဝန်တိုလေးကို ဖိနပ် ရှင်းရှင်း လေးနဲ့ တွဲတာ၊ ငွေမှုန်လေးတွေနဲ့ အသားကပ်ဘောင်းဘီကို အင်္ကျီဖြူ ရှည် ရှည်နဲ့ တွဲလိုက်တာမျိုးတွေနဲ့ ငြိမ်အေး သွားစေမယ့် အတွဲအစပ် တစ်ခုခုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် Day Time တွေအတွက်လည်း အိုခေပါတယ်။

Source: now magazine

Myanmar Textile and Garment Directory

Read 1384 times
Rate this item
(1 Vote)
Tagged under