What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယုံကြည်မှု ရှိပြီး ဖက်ရှင်ကျနေစေဖို့ ရှိထားသင့်တဲ့ အရည်အချင်းများ

ယုံကြည်မှု ရှိပြီး ဖက်ရှင်ကျနေစေဖို့ ရှိထားသင့်တဲ့ အရည်အချင်းများ google

မိန်းကလေးတစ်ယောက်ဖြစ်ရတာ တော်တော်မလွယ်ပါဘူး၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး စမတ်ကျတဲ့

အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာ ပိုတောင်မလွယ်ပါဘူး။ အားလုံးရဲ့အမြင်မှာ လှပပြီး စမတ်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် နောက်ကွယ်မှာ ဖက်ရှင်နဲ့ပတ်သက်လို့ ဒီလိုအရည်အချင်းတွေရှိဖို့လိုပါတယ်။

(၁) အ၀တ်အစားတွေကို အစီအစဉ်တကျထားတတ်ရမယ်။

အ၀တ်တွေကို ခေါက်ပြီးထပ်ထားတာထက် ချိတ်ထားတာက သင့်အတွက်ပိုကောင်းတဲ့ဖက်ရှင်ကိုရွေးချယ်ဖို့ အထောက်အကူဖြစ်စေပါတယ်။ အချိန်ကုန်လည်းသက်သာစေပါတယ်။ အ၀တ်အစားတွေကို မရှင်းဘဲ ဖြစ်သလိုထားထားတာက အချိန်တွေနှောင့်နှေးစေပြီး သင့်ကိုစိတ်ရှုပ်စေတာကြောင့် အစီအစဉ်တကျထားဖို့ အကြံပေးချင်ပါတယ်။

(၂) အချိန်မရတဲ့နေ့တွေအတွက် ကြိုပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

တချို့နေ့တွေမှာ အိပ်ရာထနောက်ကျတာမျိုး၊ တခြားအကြောင်းကြောင့် နောက်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုနေ့တွေမှာ ဖြစ်သလိုတွေ လုပ်သွားပြီး အ၀တ်အစားကိုလည်း တွေ့ကရာတွေ ကောက်ဝတ်သွားတာမျိုး လုပ်မိတတ်ပါတယ်။ အဲ့ဒီလိုမဖြစ်ရအောင် အချိန်မရတဲ့နေ့တွေမှာ အဆင်သင့်ဝတ်ဖို့အတွက် ၂ စုံ ၃စုံလောက် ထားထားပါ။ ဒါမှမဟုတ်ရင်လည်း ဘာနဲ့မှ တွဲစပ်ဖို့မလိုဘဲ ၀တ်သွားရ လွယ်ကူတဲ့ ဂါဝန် ၂ ထည် ၊ ၃ ထည်လောက် အသင့်ဝတ်လို့ရအောင် မီးပူတိုက်ပြီး ထားထားပါ။

(၃) ရာသီဥတုနဲ့ကိုက်ညီတဲ့ဖက်ရှင်ကို ဝတ်ဆင်ပါ။

ပူအိုက်တဲ့အချိန်မှာ အင်္ကျီအထူကြီးတွေဝတ်တာ၊ ချွေးထွက်စေတဲ့အ၀တ်အစားတွေဝတ်တာက သင့်ကိုစမတ်မကျစေတဲ့အပြင် ရုပ်ပျက်ဆင်းပျက်တွေဖြစ်စေပါတယ်။ ဒါကြောင့် အေးတဲ့အချိန်လည်း အေးတဲ့အချိန်အလျောက်၊ ပူတဲ့အချိန်လည်း ပူတဲ့အချိန်အလျောက် ရာသီဥတုနဲ့ ကိုက်ညီတာလေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ အဲ့ဒါက သင့်ကို သက်တောင့်သက်သာပုံစံမျိးဖြစ်စေပြီး လူတွေကြားထဲမှာ ပိုကြည့်ကောင်းစေပါလိမ့်မယ်။

(၄) ဖက်ရှင်နဲ့ပတ်သက်လို့ မျက်ချေမပြတ်လေ့လာပါ။

သင့်အနေနဲ့ လေဒီဆန်ဆန်ကျက်သရေရှိတဲ့ပုံစံမျိုးသဘောကျတာလား၊ cute ပုံစံလေးတွေကြိုက်တာလား၊ ယောက်ျားလေးဆန်ဆန်ပုံစံမျိုးလား ၊ ကိုယ့်အကြိုက်နဲ့ ကိုက်ညီတဲ့ Model ၊ cele တွေကို ကြည့်ပြီး သူတို့လိုတစ်ပုံစံတည်းမဟုတ်ဘဲ သူတို့ကို Inspired ယူပြီး ကိုယ့်ပုံစံဖြစ်အောင် ပြန်ဝတ်ပါ။

(၅) ကိုယ်ပိုင်ဟန်ရှိဖို့လဲ လိုအပ်ပါတယ်နော်။

ကိုယ်ပိုင်ဟန်ရှိတာက လူတစ်ယောက်ကို ဆွဲဆောင်မှုပိုရှိစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့လည်း ကိုယ်အကြိုက်ဆုံးပုံစံတစ်ခုကို အခြေခံပြီး အဲ့ဒီပုံစံကနေမှာ ခွဲထွက်လာတာမျိုးလေးတွေ ၀တ်ပါ။ ဥပမာ – သင်က အနက်ရောင်ကိုအရမ်းကြိုက်တယ်ဆိုရင် နေ့တိုင်း အနက်ရောင်ပါတာလေးတစ်ခုခုဝတ်တာမျိုး၊ မိန်းကလေးဆန်ဆန်ပုံစံမျိုးကြိုက်ရင် ဂါဝန်လေးတွေပဲဝတ်ပြီး အဲ့ဒီမှာမှ အပေါ်ထပ်လေးတွေထပ်ဝတ်တာ၊ accessories လေးတွေနဲ့တွဲတာမျိုးလေးတွေ လုပ်ကြည့်ပါ။

(၆) Size မတော်တာတွေလုံးဝမ၀တ်ပါနဲ့။

ကိုယ်နဲ့အရမ်းကျပ်လွန်းတာ ၊ ဆိုဒ်သေးလွန်းတာတွေက ခန္ဓာကိုယ်မှာ ဘယ်လိုမှကြည့်မကောင်းဘဲ အဆင့်အတန်းမရှိတဲ့ပုံစံမျိုးဖြစ်စေတာကြောင့် အဲ့လိုမျိုး ဆိုဒ်မတော်တာတွေဆို နှမြောပြီး တခါတလေ၀တ်တာမျိုး လုံးဝမလုပ်လိုက်ပါနဲ့။ အ၀တ်အစားထက် ကိုယ့်ရဲ့ သွင်ပြင်က အများကြီးနှမြောဖို့ကောင်းတာကြောင့် ဆိုဒ်မတော်တာတွေ သူများကို ပြတ်ပြတ်သားသားပေးပစ်လိုက်ပါနော်။

Related Article: ငပျင်းမလေးတွေ ဖက်ရှင်နဲ့ ပတ်သက်ပြီး လုပ်တတ်တဲ့ အကျင့်များ

Source: bayder

Myanmar Textile and Garment Directory

Read 1616 times
Rate this item
(1 Vote)