အိန္ဒိယ အထည်အလိပ်လုပ်ငန်းကဏ္ဍ ကွမ်းသီး ဆိုးဆေး သုံးစွဲနည်း အသစ်တွေ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွမ်းသီးများကို ပြုတ်သောအခါ ထွက်လာသော Adike chogaru ရည်သည် အရောင်အမျိုးမျိုး ထွက်စေရန် အညိုရောင်မှ ပန်းရောင်အထိ၊ ဂေါ်မုတ်နီနှင့် အဝါနုရောင် အစရှိသော အရောင်ဆိုးဆေးပြုလုပ်ရန် အသုံးပြုနိုင်သည်။
ကမ္ဘာပေါ်တွင် ကွမ်းသီးအများဆုံး ထုတ်လုပ်သူနှင့် စားသုံးသူ အိန္ဒိယနိုင်ငံတွင် ကွမ်းသီးများကို ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများတွင်လည်းကောင်း၊ ပါးစပ်ထဲ တမြုံ့မြုံ ဝါးရန်လည်းကောင်း နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။
ယခုအခါ ကွမ်းသီးများကို အသုံးပြု၍ ပတ်ဝန်းကျင် ထိခိုက်မှု မရှိသော သဘာဝဆိုးဆေးအဖြစ် ချည်ထည်များ အရောင်ဆေးဆိုးရန် စိတ်ဝင်စားမှု ကြီးထွားလာပါသည်။
ကွမ်းသီးသည် အမြဲမပြတ် စားသုံးသူ၏ သွားများကို အရောင်ဆိုးပေးသည်။ ကွမ်းတံတွေး ပေကျံသည့်နေရာများတွင်လည်း အရောင်စွန်းထင်း ကျန်ရစ်သည်။ ထိုသို့ အရောင်စွဲမြဲသည့် သတ္တိ ကောင်းသော်လည်း အာရှ-ပစိတ်ဖိတ်ဒေသရှိ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ဘူတန်တို့အပြင် အိန္ဒိယတွင် ဆိုးဆေးအဖြစ် အနည်းအကျဉ်းသာ သုံးစွဲခဲ့ကြပါသည်။
ကွမ်းသီးပင်မှ မှည့်နေသောကွမ်းသီးများ ဆွတ်ခူးပြီးလျှင်ပြီးချင်း အခွံများကို ခွာပစ်သည်။ ထို့နောက် ပြုတ်သည်။ ပြီးလျှင် နေလှန်းပြီး ခြောက်သွေ့စေသည်။ ထိုလုပ်ငန်းစဉ်တွင် adike chogaru ဟု ဒေသိယ ဘာသာစကားဖြင့် ခေါ်သည့် အနီရင့်ရင့် အရည်ကို ဘေးထွက်ပစ္စည်းအဖြစ် ရရှိသည်။
ယခုအခါ ၎င်းကွမ်းရည် Chogaru ကို အထည်အလိပ် ဒီဇိုင်းသမားများနှင့် ထုတ်လုပ်သူများက ဆိုးဆေးအဖြစ် အသုံးပြုလာကြသည်။
အိန္ဒိယအနောက်တောင်ပိုင်း Karnataka ရှိ Dharwad ရှိ စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ်မှ ပါမောက္ခ Geeta Mahale နှင့် Jyoti Vastrad တို့၏ လမ်းညွှန်မှုအောက်တွင် ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့သော သုတေသနမှ ဆိုးဆေးအဖြစ် အသုံးပြုနိုင်ပုံကို နည်းသစ် ဖော်ထုတ်နိုင်ခဲ့သည်။
Chogaru သည် နေရောင်ခြည်နှင့် ထိတွေ့သောအခါ ပျားရည်ကဲ့သို့ ပျစ်သွားသည်။ နောက်ဆုံးတွင် ခရစ္စတယ်အဖြစ် မာကျောသွားရာ အမှုန့်ကြိတ်ပြီး သယ်ယူဖို့ လွယ်ကူအောင် စီစဉ်နိုင်သည်။
သဘာဝဆိုးဆေးအဖြစ် chogaru ကို အညိုရောင် နှင့် အဝါနုရောင် မှ ဂေါ်မုတ်နီ နှင့် ပန်းရောင်အထိ အရောင်ဆိုးရန် သုံးနိုင်သည်။
အိန္ဒိယတွင် Karnataka ပြည်နယ်သည် ကွမ်းသီး အထွက်အများဆုံး ပြည်နယ် ဖြစ်သည်။ ယမန်နှစ်က ကွမ်းသီးပြုတ်ရည် chogaru လီတာ ၂ သိန်းခန့် ထုတ်လုပ်ခဲ့သည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U