What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျင်းဘောင်းဘီအကျပ်တွေကို တစ်နေ့လုံးဝတ်ထားမယ်ဆိုလျှင် ရရှိလာနိုင်မည့် ဆိုးကျိုး(၆)ရပ်

ဂျင်းဘောင်းဘီအကျပ် ဝတ်ဆင်ခြင်းသည် ဖက်ရှင်အမှတ်အသားများထဲမှ တစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်း မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေလည်း ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်လာကြပါတယ်။

ဂျင်းဘောင်းဘီအကျပ်ဝတ်တာက သင့်ကို Sexy ကျစေတယ်၊ Fashion ကျစေတယ်ဆိုပေမယ့် သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဂျင်းဘောင်းဘီအကျပ်တွေကို နေ့စဥ်ပုံမှန်ဝတ်ဆင်ခြင်းက သင့်ခန္ဓာကိုယ်တွင်းရှိ ရောဂါအချို့ကို တဖြည်းဖြည်း တိုးလာစေပါတယ်။

အထူးသဖြင့် ဂျင်းဘောင်းဘီတွေဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောထားကြပါတယ်။

(၁) Skinny Pants Syndrome
ဂျင်းဘောင်းဘီအကျပ်တွေက စတိုင်ကျတာမှန်ပေမဲ့ အပြင်သွားတဲ့အခါမျိုးမှသာ ခဏတဖြုတ် ဝတ်ဆင်တာ ပိုကောင်းပါတယ်။ အပြင်ကပြန်လာတဲ့အခါ ချက်ချင်း ဘောင်းဘီပွပွတစ်ထည် လဲဝတ်သင့်ပါတယ်။ ဂျင်းဘောင်းဘီအကျပ်ကို တစ်နေ့လုံးအကြာကြီး ဝတ်ဆင်ထားခြင်းက သင့်ခြေထောက်က ကြွက်သားနဲ့ အာရုံကြောတွေကို ထုံကျင်ကိုက်ခဲ နာကျင်စေနိုင်ပါတယ်။ ဒါ့အပြင် ခြေသလုံးသွေးပြန်ကြောအတွင်း သွေးခဲခြင်းမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ထိုအခြေအနေမျိုးတွေကို Skinny Pants Syndrome လို့ခေါ်ပါတယ်။

(၂) သွေးလည်ပတ်မှုကိုနှေးကွေးစေခြင်း
ဂျင်းဘောင်းဘီအကျပ်ဝတ်တဲ့အခါ သင့်ခြေထောက်တွေ လေလံနာကျင်သလို ခံစားရရင် သက်တောင့်သက်သာရှိတဲ့ ဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်တာ အကောင်းဆုံးပါပဲ။ သင့်ခါးတစ်ဝိုက် တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာက သင့်ရဲ့သွေးလည်ပတ်မှုကို လျော့ကျစေပြီး နှလုံးနဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ သွေးတွေစီးဆင်းဖို့ အထောက်အကူပြုတဲ့ သွေးပြန်ကြောတွေအတွက် ပိုပြီးခက်ခဲစေနိုင်ပါတယ်။

(၃) ရင်ပူရင်ဆာဖြစ်ခြင်း
ဂျင်းဘောင်းဘီအကျပ်တွေကို အကြာကြီးဝတ်ဆင်ရင်းနဲ့ သင့်ခါးတစ်ဝိုက်မှာ အရာတွေထင်ကျန်ခဲ့တာကို သင်သေချာပေါက် သတိထားမိဖူးမှာပါ။ ဝမ်းဗိုက်ကို ဖိအားဖြစ်စေတဲ့ အဝတ်အစားအကျပ်တွေက အစာအိမ် အက်ဆစ်ပြန်စီးခြင်း (Acid Reflux) ကို ဖြစ်စေနိုင်ပါတယ်။ သင်က ရင်ပူရင်ဆာဖြစ်ခြင်းကို မခံစားဘူးရင်တောင် ဂျင်းဘောင်းဘီအကျပ်ကို နှစ်ပတ်လောက် ပုံမှန်ဝတ်ဆင်မယ်ဆိုရင် သင်လည်း အစာအိမ်အက်ဆစ်ပြန်စီးခြင်း ဖြစ်လာနိုင်ပါတယ်။

(၄) ဆီးလမ်းကြောင်းရောဂါဖြစ်ခြင်း
ဂျင်းဘောင်းဘီကို တင်းတင်းကျပ်ကျပ်ဝတ်တာက အမျိုးသားတွေအတွက်လည်း ကြောက်စရာကောင်းတဲ့ အန္တရာယ်တစ်ခုပါပဲ။ မျိုးပွားအင်္ဂါကို ထိခိုက်စေပြီး ဆီးလမ်းကြောင်းနှင့်ပတ်သတ်သော ကျန်းမာရေးပြသနာများလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် ဂျင်းဘောင်းဘီအကျပ်ကို အချိန်အကြာကြီး ၀တ်တာက အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

(၅) ကိုယ်နေဟန်ထားပေါ် သက်ရောက်ခြင်း
ဂျင်းဘောင်းဘီအကျပ်တွေကို အကြာကြီးဝတ်ဆင်ရင် သင့်ရဲ့ကိုယ်နေဟန်ထားမှာ ပျော့တိပျော့ခွေ ဖြစ်သွားနိုင်ပါတယ်။ ‌ဂျင်းဘောင်းဘီအကျပ်တွေက သင့်ရဲ့ခါးနဲ့ တင်းပါးကြားရှိ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျှတမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ခါးအောက်ပိုင်းကို အလွန်အမင်း ကွေးညွှတ်စေနိုင်တဲ့အတွက် သင့်ရဲ့ကျောရိုးနုလွှာမှာ ဖိအားဖြစ်စေနိုင်ပါတယ်။

(၆) အမျိုးသမီးလိင်အင်္ဂါထိခိုက်စေခြင်း
နေ့စဉ်နေ့တိုင်း ဂျင်းဘောင်းဘီအကျပ်တွေ ဝတ်ဆင်တာက ကူးစက်ရောဂါနဲ့ ယားယံခြင်းတွေကို ကြုံတွေ့ရနိုင်ခြေများပါတယ်။ အဲဒီအထဲကမှတစ်ခုက နာတာရှည် အမျိုးသမီးအပြင်လိင်အင်္ဂါ နာကျင်ခြင်း (Vulvodynia) အခြေအနေဖြစ်ပါတယ်။ ဂျင်းဘောင်းဘီအကျပ်ကို တစ်ပတ် (၄) ကြိမ် (သို့) (၄) ကြိမ်ထက် ပိုဝတ်ဆင်တဲ့ အမျိုးသမီးတွေက မဝတ်တဲ့အမျိုးသမီးတွေထက် Vulvodynia ဖြစ်နိုင်ခြေ ပိုများတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ရပါတယ်။

Source - Hindustannewshub

Read 541 times
Rate this item
(0 votes)