What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Pattern making(Guide for pre-production processes)

zaw+uni ခ်ဳပ္ထည္ျပဳလုပ္ေသာ အထည္ခ်ဳပ္စက္႐ုံမ်ားသည္ လုိအပ္ေသာ အထည္သားကုိ အထည္သားေပးသြင္းသူ အမ်ဳိးမ်ဳိးတုိ႔ထံမွ ၀ယ္ယူၾကသည္။

ထုိသုိ႔ အထည္သားကုိ ရယူျခင္းမျပဳခင္ ထုတ္လုပ္မည့္ ခ်ဳပ္ထည္ ထုတ္လုပ္ရန္ ထုတ္လုပ္မႈအႀကိဳလုပ္ငန္းစဥ္ကုိ လုပ္ကုိင္ၾကမည္ျဖစ္သည္။ ထုိလုပ္ငန္းစဥ္ကုိ pre-production processes ဟု ေခၚေ၀ၚၿပီး အတုိေကာက္အားျဖင့္ ပီပီ(PP) ဟု ေခၚၾကေလ့ရွိသည္။
ပီပီ လုပ္ငန္းစဥ္အဆင့္တြင္ ေယဘုယ်အားျဖင့္ ေအာက္ပါအဆင့္မ်ား ပါ၀င္သည္။
· Pattern making ပက္တန္ ျပဳလုပ္ျခင္း
· Garment sampling ခ်ဳပ္ထည္ နမူနာ လုပ္ကုိင္ျခင္း
· Fabric development အထည္သား ရွာေဖြ၀ယ္ယူျခင္း
· Fabrics and trims approvals အထည္သားႏွင့္ အဆင္တန္ဆာမ်ား
အတြက္ အတည္ျပဳျခင္း
· Fabric and trims sourcing အထည္သားႏွင့္ အဆင္တန္ဆာမ်ား ရယူ
မည့္ရင္းျမစ္မ်ား(ေပးသြင္းမည့္သူမ်ား) ကုိ သတ္မွတ္ျခင္း
· PP meeting ပီပီ စည္းေ၀းတုိင္ပင္ ညိႇႏိႈင္းဆုံးျဖတ္ျခင္း

ႏုိင္ငံတကာ အထည္ခ်ဳပ္လုပ္ငန္းနယ္ပယ္တြင္ ပီပီအပိုင္းကုိသာ သီးသန္႔ လုပ္ကုိင္ေသာ လုပ္ငန္းမ်ား ရွိပါသည္။ လိုအပ္ခ်က္မ်ားအတုိင္း စီမံေဆာင္ရြက္ၿပီး အထည္ခ်ဳပ္စက္႐ုံသုိ႔ ေပးသြင္းသည္ကုိ အထည္ခ်ဳပ္စက္႐ုံမွ ရယူၿပီး အထည္ခ်ဳပ္သည္။ ဥပမာ ျမန္မာႏုိင္ငံရွိ အထည္ခ်ဳပ္စက္႐ုံတြင္ ခ်ဳပ္မည္ဆုိပါက ၎စက္႐ုံႏွင့္ ဆက္သြယ္ၿပီး ေပးပုိ႔ေပးမည္ ျဖစ္သည္။
ခ်ဳပ္ထည္မ်ားကုိ အေျမာက္အျမား ထုတ္လုပ္မည္ျဖစ္ေပရာ အစစအရာရာ ေသခ်ာေအာင္ လုပ္ၾကရသည္။ အစေကာင္းမွ အေႏွာင္းေသခ်ာမည္။

· Pattern making ပက္တန္ ျပဳလုပ္ျခင္း
ဒီဇုိင္းပုံၾကမ္းဆြဲထားသည္ကုိ အေျခခံၿပီး လုပ္ကုိင္သည္။ ကပ္တန္ကု္ ပက္တန္ကၽြမ္းက်င္သူ pattern master က ခ်မွတ္ေပးသည္။ အ၀တ္အစားဒီဇုိင္းတစ္ခုကုိ ကုိယ္ခႏၶာအရြယ္အစား အႀကီးအေသး( ဥပမာ XL L M S)အရ အံ၀င္ေအာင္ခ်ဳပ္ေပးႏုိင္ရန္ အတုိင္းအတာမ်ား သတ္မွတ္ေပးၿပီး ပက္တန္ကုိ ထုတ္ေပးသည္။ ထုိပက္တန္ပုံမ်ားျဖင့္ အထည္သားကုိ ျဖတ္ေတာက္မည္ ျဖစ္သည္။ သုိ႔ျဖစ္ရာ ခ်ဳပ္ထည္၏ အပုိင္းအမ်ဳိးမ်ဳိးတုိ႔အတြက္ ပက္တန္ပုံစံမ်ား ေရးဆြဲေပးသည္။
ယခင္က ေပတံအေျဖာင့္၊ ေပတံအေကာက္၊ ေထာင့္မွန္ေပတံ စသည္မ်ားျဖင့္ ခဲတံကုိ သုံးစြဲကာ စကၠဴေပၚတြင္ ခ်ဆြဲၾကရသည္။ ယခုအခါ CAD system ေဆာ့ဖ္၀ဲကုိ သုံးစြဲၾကသည္။ ျမန္ဆန္မွန္ကန္ၿပီး ပုံအတိအက် ရရွိေစသည္။

· Garment sampling ခ်ဳပ္ထည္ နမူနာ လုပ္ကုိင္ျခင္းကုိ သီျခားေရးသား တင္ဆက္သြားပါမယ္။

ရန္ကုန္ အထည္ခ်ဳပ္ေလာက စစ္တမ္းထြက္ေပၚ လင့္ခ္

ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ စနစ္အမ်ဳိးမ်ဳိး လင့္ခ္

 

CAD

uni

ချုပ်ထည်ပြုလုပ်သော အထည်ချုပ်စက်ရုံများသည် လိုအပ်သော အထည်သားကို အထည်သားပေးသွင်းသူ အမျိုးမျိုးတို့ထံမှ ဝယ်ယူကြသည်။ ထိုသို့ အထည်သားကို ရယူခြင်းမပြုခင် ထုတ်လုပ်မည့် ချုပ်ထည် ထုတ်လုပ်ရန် ထုတ်လုပ်မှုအကြိုလုပ်ငန်းစဉ်ကို လုပ်ကိုင်ကြမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်ကို pre-production processes ဟု ခေါ်ဝါ်ပြီး အတိုကောက်အားဖြင့် ပီပီ(PP) ဟု ခေါ်ကြလေ့ရှိသည်။
ပီပီ လုပ်ငန်းစဉ်အဆင့်တွင် ယေဘုယျအားဖြင့် အောက်ပါအဆင့်များ ပါဝင်သည်။
· Pattern making ပက်တန် ပြုလုပ်ခြင်း
· Garment sampling ချုပ်ထည် နမူနာ လုပ်ကိုင်ခြင်း
· Fabric development အထည်သား ရှာဖွေဝယ်ယူခြင်း
· Fabrics and trims approvals အထည်သားနှင့် အဆင်တန်ဆာများ
အတွက် အတည်ပြုခြင်း
· Fabric and trims sourcing အထည်သားနှင့် အဆင်တန်ဆာများ ရယူ
မည့်ရင်းမြစ်များ(ပေးသွင်းမည့်သူများ) ကို သတ်မှတ်ခြင်း
· PP meeting ပီပီ စည်းေဝးတိုင်ပင် ညှိနှိုင်းဆုံးဖြတ်ခြင်း

နိုင်ငံတကာ အထည်ချုပ်လုပ်ငန်းနယ်ပယ်တွင် ပီပီအပိုင်းကိုသာ သီးသန့် လုပ်ကိုင်သော လုပ်ငန်းများ ရှိပါသည်။ လိုအပ်ချက်များအတိုင်း စီမံဆောင်ရွက်ပြီး အထည်ချုပ်စက်ရုံသို့ ပေးသွင်းသည်ကို အထည်ချုပ်စက်ရုံမှ ရယူပြီး အထည်ချုပ်သည်။ ဥပမာ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် ချုပ်မည်ဆိုပါက၎င်းစက်ရုံနှင့် ဆက်သွယ်ပြီး ပေးပို့ပေးမည် ဖြစ်သည်။
ချုပ်ထည်များကို အမြောက်အမြား ထုတ်လုပ်မည်ဖြစ်ပေရာ အစစအရာရာ သေချာအောင် လုပ်ကြရသည်။ အစကောင်းမှ အနှောင်းသေချာမည်။

· Pattern making ပက်တန် ပြုလုပ်ခြင်း
ဒီဇိုင်းပုံကြမ်းဆွဲထားသည်ကို အခြေခံပြီး လုပ်ကိုင်သည်။ ကပ်တန်ကု် ပက်တန်ကျွမ်းကျင်သူ pattern master က ချမှတ်ပေးသည်။ အဝတ်အစားဒီဇိုင်းတစ်ခုကို ကိုယ်ခန္ဓာအရွယ်အစား အကြီးအသေး( ဥပမာ XL L M S)အရ အံဝင်အောင်ချုပ်ပေးနိုင်ရန် အတိုင်းအတာများ သတ်မှတ်ပေးပြီး ပက်တန်ကို ထုတ်ပေးသည်။ ထိုပက်တန်ပုံများဖြင့် အထည်သားကို ဖြတ်တောက်မည် ဖြစ်သည်။ သို့ဖြစ်ရာ ချုပ်ထည်၏ အပိုင်းအမျိုးမျိုးတို့အတွက် ပက်တန်ပုံစံများ ရေးဆွဲပေးသည်။
ယခင်က ပေတံအဖြောင့်၊ ပေတံအကောက်၊ ထောင့်မှန်ပေတံ စသည်များဖြင့် ခဲတံကို သုံးစွဲကာ စက္ကူပေါ်တွင် ချဆွဲကြရသည်။ ယခုအခါ CAD system ဆော့ဖ်ဝဲကို သုံးစွဲကြသည်။ မြန်ဆန်မှန်ကန်ပြီး ပုံအတိအကျ ရရှိစေသည်။

· Garment sampling ချုပ်ထည် နမူနာ လုပ်ကိုင်ခြင်းကို သီခြားရေးသား တင်ဆက်သွားပါမယ်။

Read 1258 times
Rate this item
(0 votes)