What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရေပန်းစားနေရင်တောင် မဝတ်သင့်တဲ့ အတွဲအစပ်များ

ရေပန်းစားနေရင်တောင် မဝတ်သင့်တဲ့ အတွဲအစပ်များ google

ပျိုမေတို့တွေက နေ့စဉ်ဝတ်စားဆင်ယင်ရာမှာ ကိုယ်တိုင်နှစ်သက်သဘောကျတဲ့ ဖက်ရှင်လေးတွေရော၊ လက်ရှိရေပန်းစားနေတဲ့ Trend ဖြစ်နေတဲ့

ဖက်ရှင်လေးတွေရော ၀တ်တတ်ကြပါတယ်။ ကိုယ်ဝတ်နေကျပုံစံမျိုးတွေဆိုရင် သိပ်မှားစရာအကြောင်းမရှိပေမယ့် ကိုယ်ဝတ်နေကျမဟုတ်တဲ့ trend ဖြစ်နေတဲ့ အသစ်အဆန်းပုံစံမျိုးကို ၀တ်မယ်ဆိုရင်တော့ အတွဲအစပ်လေးတွေ မမှားအောင် သတိထားရပါမယ်။ ဒါကြောင့် ဖက်ရှင်အသစ်အဆန်းလေးတွေ တွဲဝတ်မယ်ဆိုရင် မှားတတ်တဲ့ အတွဲအစပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂါဝန်ဝတ်တဲ့အခါ
အသားကပ်ဂါဝန်ဝတ်တဲ့အခါ ရှူးဖိနပ်၊ ကြိုးသိုင်းဖိနပ်နဲ့ ဒေါက်ဖိနပ်တို့နဲ့ပဲ တွဲဝတ်ပါ။ ဘွတ်ဖိနပ်၊ ညှပ်ဖိနပ်အပါးနဲ့ လည်ရှည်ဖိနပ်တွေနဲ့ မလိုက်ဖက်ပါဘူး။

(၂) အသားကပ်ဘောင်းဘီအမည်းဝတ်ရင်
အသားကပ်ဘောင်းဘီအမည်း ၀တ်တဲ့အခါ ရှူးဖိနပ်အဖြူ စီးလိုက်ရင် ကြောင်တောင်တောင်ဖြစ်နေပါလိမ့်မယ်။ ဒီတော့ အဖြူကလွဲလို့ တခြား အသားရောင်၊ ပန်းရောင် နဲ့ အနက်ရောင် စတာလေးတွေ စီးလို့ အဆင်ပြေပါတယ်။ နောက်တစ်ခုက ခြေဖျားထိပ်အထိရှည်တဲ့ အသားကပ်ဘောင်းဘီဆိုရင် ကြိုးသိုင်းဖိနပ်နဲ့ လုံးဝမလိုက်ဖက်ပါဘူး။

(၃) ရှပ်အရှည်နဲ့ လည်ရှည်ဖိနပ်
ရှပ်အင်္ကျီ ပုံစံ ဂါဝန်လေးတွေဝတ်ရင် ကြိုးသိုင်းဖိနပ်လေးတွေ စီးပါ။ အဲ့လို ၀တ်စုံလေးတွေနဲ့ မလိုက်ဖက်တာကတော့ လည်ရှည်ဘွတ်ဖိနပ်တွေဖြစ်ပါတယ်။

(၄) ဒူးအတိဂါဝန်နဲ့ဒူးလောက်ရှည်တဲ့ဖိနပ်
ဂါဝန်ဝတ်ရင် ကြိုးသိုင်းဖိနပ်၊ ညှပ်ဖိနပ်အပါး၊ ရှူးဖိနပ်၊ Walking shoe လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒူးလောက်ဂါဝန်ကို ဒူးအထိရှည်တဲ့ ဖိနပ်မျိုးနဲ့ တွဲဝတ်တာမျိုးကို ရှောင်ပါ။

(၅) ဖိနပ်၊ အိတ်၊ လည်စည်းပုဝါ နဲ့ လက်အိတ်
ဖက်ရှင်တွဲစပ်တဲ့အခါ ဖိနပ်၊ အိတ်၊ လည်စည်းပုဝါနဲ့ လက်အိတ်တွေကို အရောင်တူကြီးတွေ တွဲဝတ်တာမျိုးကို ရှောင်ပါ။ ဖိနပ်နဲ့အိတ်နဲ့ အရောင်တူရင် ၊ လည်စည်းပုဝါ နဲ့ လက်အိတ်တို့လို တခြား Accessories တွေကိုတော့ တခြားအဆင်ဒီဇိုင်းမျိုးကို ရွေးပါ။

(၆) ဘောင်းဘီအပွနဲ့ လည်ရှည်ဖိနပ်
ဘောင်းဘီအပွဝတ်ရတာ ကြိုက်တဲ့သူလေးတွေက လည်ရှည်ဖိနပ်မျိုးနဲ့ ဘယ်တော့မှတွဲမ၀တ်ပါနဲ့။ ဘောင်းဘီအပွ ၀တ်ရင် Walking shoe၊ ညှပ်ဖိနပ်အပါး၊ ကြိုးသိုင်းဖိနပ် စတာလေးတွေနဲ့ တွဲဝတ်ပါ။

Related Article: ပိုက်ဆံအများကြီးမသုံးဘဲ အဆင့်အတန်း မြင့်မြင့်နဲ့ ဖက်ရှင် ကျအောင် ဝတ်နည်း

Source: bayder

Myanmar Textile and Garment Directory

Read 1862 times
Rate this item
(1 Vote)
Tagged under