What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင် အန္တရာယ် အစွန်းအသွယ်သွယ်မှကင်းဝေေးစဖို့

ဖက်ရှင် အန္တရာယ်တွေထဲမှာ မလွှဲမရှောင်သောဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးဆိုးကတော့ အစွန်းအထင်းတွေပါပဲ

။ ဒီအစွန်းအထင်းတွေကို ဖျောက်နည်းကြိုတင်သိမှသာရုတ်တရက် ကြုံလာတဲ့ အခိုက်ချက်ချင်းရှင်းနိုင်မှာမို့ လေ့လာထားလိုက်ရအောင်………

-       အဆီစွန်း

ရေနဲ့ မလျှော်ဖွတ်ခင်မြေဖြူနဲ့ အရင်ချွတ်ပါ။

-       ကော်ဖီစွန်း

Baking sodaနဲ့ ချွတ်ပါ။ဒါမှမဟုတ် ဗင်နီဂါအဖြူနဲ့ လည်းချွတ်နိုင်ပါတယ်။

-       နှုတ်ခမ်းနီစွန်း

အရက်ပြန်(သို့)အရက်ကို ယူပြီး ဂွမ်းစနဲ့တို့ချွတ်ပါ။baby wipes (ရေစိုတစ်သျှူး) နဲ့ လည်းချွတ်နိုင်ပါသေးတယ်။

-       အမည်းဆီစွန်း

ဆိုဒါနဲ့ချွတ်ပါ။ကိုကာကိုလာနဲ့ လည်းချွတ်လို့ရပါတယ်။ဆပ်ပြာမှုန့်နဲ့အတူ ဆိုဒါ(သို့)ကိုကာကိုလာရောပြီးလျှော်ဖွတ်ပါ။

-       ချွေးစွန်း

ချိုင်းအောက်နေရာမှာသိသာထင်ရှားစွာ ကွက်နေတဲ့ ချွေးအစွန်းကို လီမွန်ရည်နဲ့ ရေ ဆတူရောစပ်ပြီး အစွန်းအထင်းဖြစ်နေတဲ့နေရာကိုချွတ်ပါ။ဆားပါအနည်းငယ်ထည့်ပေးနိုင်ပါတယ်။

-       သွေးစွန်း

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နဲ့ ချွတ်ပါ။ ဗင်နီဂါနဲ့ လည်းချွတ်နိုင်ပါတယ်။ ဆားထည့်ပြီးတော့လည်းလျှော်ဖွပ်နိုင်ပါသေးတယ်။

-       မိတ်ကပ်အစွန်း

Shaving Cream နဲ့ ချွတ်ပါ။

-       ၀ိုင်နီ

ဆားနဲ့ချွတ်ပါ။ဒါမှမဟုတ် ၀ိုင်ဖြူနဲ့ လည်းချွတ်နိုင်ပါသေးတယ်။

-       မှင်စွန်း

မှင်စွန်းရင် နွားနို့နဲ့ ချွတ်ပါ။Hairspray နဲ့ လည်းချွတ်နိုင်ပါသေးတယ်။ သွားတိုက်ဆေးနဲ့ လည်းချွတ်နိုင်ပါသေးတယ်။

-       ဖောင်ဒေရှင်းအစွန်း

ပန်းကန်ဆေးတဲ့ ဆပ်ပြာနဲ့ အရင်ပွတ်ပြီးရေနွေးနဲ့ လျှော်ဖွပ်ပါ။

-       ချောကလတ်အစွန်း

ပန်းကန်ဆေးဆပ်ပြာရေနဲ့ ချွတ်နိုင်ပါတယ်။

-       Permanent Marker အစွန်း

အသားအရေပေါ်မှာဆိုSunscreen နဲ့ချွတ်ပါ။နံရံမှာဆိုသွားတိုက်ဆေးနဲ့ ချွတ်ပါ။ကော်ဇောမှာဆိုဗင်နီဂါနဲ့ ချွတ်ပါ။အ၀တ်အစားမှာဆိုလက်သန့်ဆေး hand sanitizer နဲ့ချွတ်ပါ။ သစ်သားမှာဆို အရက်ပြန်နဲ့ ချွတ်ပါ။

-       ကြိုတင်ကာကွယ်ခြင်း

အစွန်းအထင်းတွေဖြစ်လာပြီဆိုရင် အစွန်းအထင်းကို ဖျောက်ရင်းနဲ့ အ၀တ်အစားရဲ့ အရောင်အသွေး ကိုပါပျက်စီးသွားတတ်ပါသေးတယ်။ တခါတရံမှာတော့ အ၀တ်အစားဟာအစွန်းအထင်းကို ချွတ်ရင်းဖိပွတ်ရင်း ပြဲဆုတ်သွားတာတွေလဲရှိပါတယ်။ဒါကြောင့် အစွန်းအထင်းမဖြစ်ရအော် ကြိုတင်ကာကွယ် ခြင်းဟာ အကောင်းဆုံးဖြစ်တယ်။

-       ရေ

ဘယ်လိုအစွန်းအထင်းမျိုးတွေဘဲဖြစ်ဖြစ် ဖြစ်ဖြစ်ချင်းရေနဲ့ အရင်ဆေးကြောပါ။ရေဟာအကောင်းဆုံး ဖြစ်ပါတယ်။ပြီးတော့မှသက်ဆိုင်ရာ အစွန်းပျောက်ဆေးကိုသုံးပြီးချွတ်သင့်ပါတယ်။

-       အပူကိုရှောင်

အပူဟာအစွန်းအထင်းရဲ့ စိမ့်ပျံ့နှံမှုကို လျင်မြန်စေပါတယ်။ဒါကြောင့် အစွန်းအထင်းဖြစ်လာပြီဆိုရင် နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင်ထားပါ။

Read 1511 times
Rate this item
(0 votes)