What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျပြီး သင့်ရဲ့ ရုပ်သွင်ကို ပြောင်းလဲပေးမယ့် အရောင်(၇)ရောင်

မိန်းကလေးတွေအတွက် ဖက်ရှင်က အဓိက ကျသလိုပဲ ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်ကလည်း ကိုယ့်ရဲ့ ရုပ်သွင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

ရွေးချယ်လိုက်တဲ့ အရောင်က ကိုယ်နဲ့ လိုက်ဖက်မှုရှိနိုင်သလို တခါတရံ ရွေးချယ်မှုမှားယွင်းတာကြောင့်လည်း မလိုက်ဖက်မှုတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် လိုက်ဖက်မှုရှိပြီး ဖက်ရှင်ကျစေမယ့် အရောင်တွေကို ပြောပြပေးပါမယ်။

၁။ အနီရောင်

red dress min

အနီရောင်ကတော့ ဆွဲဆောင်မှုအရှိဆုံးအရောင်ပါ။ အသားလည်းဆောင်ပြီး လိုက်ဖက်မှုရှိပါတယ်။ ပွဲအခမ်းအနားတွေမှာ ဝတ်ဆင်သွားရင် လူအများကြား ထင်ပေါ်လှပနေမှာပါ။

၂။ အနက်ရောင်

black dress min

အနက်ရောင်က လူတိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်ဆိုလည်းမမှားပါဘူး။ ဘယ်တော့မှ ရိုးမသွားတဲ့ အရောင်ပါ။ ဆွဲဆောင်မှုရှိပြီး စမတ်ကျစေတယ်။ ဒီအရောင်ကို ရွေးချယ်ဖို့ လက်မလွှတ်သင့်ဘူးနော်။

၃။ ပန်းရောင်

pink dress min

ပန်းရောင်လေးက နူးညံ့ပြော့ပြောင်းပြီး အေးချမ်းလှတဲ့ အရောင်ဖြစ်ပါတယ်။ သင့်ကို ချစ်စရာကောင်းစေမှာ အမှန်ပဲနော်။

အနီရောင်ကို ဘယ်လိုအရောင်တွေနဲ့ တွဲဖက် ရွေးချယ်သင့်သလဲ

၃။ နေဗွီပြာရောင်

navy min

နေဗွီပြာကတော့ လူကြိုက်အများဆုံး အရောင်ဖြစ်ပါတယ်။ ပွဲလည်းတင့်တယ်ပြီး ဆွဲဆောင်မှုရှိစေတယ်။ သင့်ရဲ့ရုပ်သွင်ကို ပြောင်းလဲပေးနိုင်တဲ့ အရောင်လေးပါ။

၎။ ခရမ်းရောင်

purple dress min

ခရမ်းရောင်ဟာ အနီနဲ့အပြာကို ရောစပ်ထားတဲ့ အရောင်ဖြစ်တယ်။ ဒီအရောင်ကည်း ဆွဲဆောင်မှုရှိစေတဲ့ အရောင်တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ပွဲအခမ်းအနားတွေ သွားတဲ့ အခါ ဒီအရောင်လေးကို ရွေးချယ်ဖို့ မမေ့နဲ့နော်။

၅။ အဝါနုရောင်

orange dress min

အရောင်ငြိမ်ပြီး အမြင်အေးစေတယ်။ ချစ်စရာကောင်းပြီး ပေါ့ပါးသွက်လက်တဲ့ အသွင်ပေါ်စေတာကြောင့် ဒီအရောင်ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

၆။ အစိမ်းရောင်

green dress min

အစိမ်းရောင်က ပေါ်လွင်လှပပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဒီအရောင်လေးဟာ သင့်ကို ထက်မြတ်ပြီး ရဲရင့်စေတဲ့ ပုံပေါက်စေမှာပါ။

၇။ မီးခိုးရောင်

grey dress min

မီးခိုးရောင်ဟာ အရောင်ငြိမ်ပြီး လူတိုင်းနီးပါးနဲ့ လိုက်ဖက်မှုရှိတယ်။ ဒီအရောင်က သင့်ဗီရိုထဲမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အရောင်တစ်ရောင်ဖြစ်ပါတယ်။

 

Author:TDA

Read 19860 times
Rate this item
(2 votes)