What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Online Shop ကနေ အဝတ်အစား မှာတော့မယ် ဆိုရင်

Online Shop ကနေ အဝတ်အစား မှာတော့မယ် ဆိုရင် google

ဒီနေ့တော့ အွန်လိုင်းပေါ်ကနေ ဈေးဝယ်ရတာ နှစ်ခြိုက်ကြတဲ့ ပျိုမေအများစု ကြုံရလေ့ရှိတဲ့ အခက်အခဲတစ်ချို့နဲ့ အွန်လိုင်းပေါ်က အဝတ်အစား ဝယ်တော့ မယ်ဆိုရင်

သိထားရမယ့် အချက်တစ်ချို့ကို ပြောပြပေးချင်ပါ တယ်။ မဟုတ်ရင် အဝတ်အစားတွေက ကိုယ်နဲ့ အဆင်မပြေတာမျိုး၊ ငွေအပိုကုန်တာမျိုး ဖြစ်လာမှာ မို့ပါ။

၁၊။ ကိုယ်လိုအပ်နေတာ ဘာဆိုတာ ကိုယ့်ကိုကိုယ် သေချာ သိပါစေ
ဒီအပိုင်းက အရေးအကြီးဆုံးအပိုင်းပါ။ ကိုယ့်ဗီရိုထဲမှာ ဘာတွေရှိပြီး အဝတ်များတယ်။ ဘာကာလာလေးတွေရှိတယ်။ ဘယ်အဝတ်အစားကတော့ဖြင့် တကယ်လိုအပ်နေတယ် ဆိုတာမျိုး သေချာသိနေဖို့ လိုပါတယ်။ ပုံစံတစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါ ဝယ်တာမျိုးကတော့  ငွေအပိုကုန်စေတာမို့ မလုပ်ဖြစ်ဖို့ လိုအပ်ပါတယ်။

Read More: ညိုချောလေးတွေနဲ့ လိုက်ဖက်တဲ့ အင်္ကျီအရောင်များ

၂။ ကိုယ်ဝယ်မယ့် အွန်လိုင်းရှော့အကြောင်းလည်း သိအောင် လုပ်ပါ။
အကျီလှလှလေး တင်ထားတာနဲ့ ဘာမမေး ညာမမေး တန်းပြီးအော်ဒါတင်တာမျိုးထက် ကိုယ်ဝယ်မယ့်အွန်လိုင်းရှော့ရဲ့pageကို ဝင်ကြည့်ပြီး တခြားသူတွေဝယ်တဲ့အခါ အဆင်ပြေမပြေ customer နဲ့ ဆက်ဆံရေးကို လေ့လာပါ။ customer တွေရဲ့ review ကိုလည်း ဝင်ဖတ်ပါ။ ဝယ်မယ့်အကျီအဝတ်အစား အကြောင်း၊ size နဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ ကာလာနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ လိုချင်တဲ့ရက်အတိအကျ ရောက်နိုင်ပါ့မလား၊ မှာလိုက်လို့ရောက်လာတဲ့အခါ လွဲနေတာမျိုး ဘာညာဆိုရင် ပြန်လဲပေးမပေး သိချင်တာကို အားမနာပဲမေးပါ။

Source: I am Fashion

Myanmar Textile and Garment Directory

Read 1556 times
Rate this item
(0 votes)