What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေ့စဉ်သုံးနေတဲ့ အရာတွေထဲက သင့်ပုံရိပ်ကို ကျဆင်းစေတဲ့ အချက်(၉)ချက်

ခေတ်သစ်ကမ္ဘာကြီးထဲမှာ ကွဲပြားခြားနားတဲ့ ဖက်ရှင်ဒီဇိုင်းတွေ မရေတွက်နိုင်တဲ့ ဖက်ရှင် trend တွေဟာ ရာသီအလိုက် လျှင်မြန်စွာ ပြောင်းလဲလို့ လာနေပါတယ်။ အဲ့ဒီထဲမှာမှ မတူကွဲပြားတဲ့ စတိုင်တွေကို ရောထွေးပေါင်းစပ်ခြင်းက တကယ့်ကို အံ့သြဖွယ်ရာပါပဲ။ သို့သော်လည်း အခြေခံ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး။ နေ့စဉ် ဝတ်ဆင်လေ့ရှိတဲ့ အရာတွေထဲက ဘယ်လိုအရာတွေကို ဖုံးကွယ်ပြီး ဘယ်လို အရာတွေကို ရှောင်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်...

1. business ဝတ်စုံနှင့် ရူးဖိနပ်အပါး

Flat shoes with a business suit min

ရူးဖိနပ်အပါးတွေဟာ သင့်ခြေချင်းဝတ် ပိုကြီးအောင် ဖြစ်ပေါ်လာနိုင်ပြီး ခြေထောက်တုတ်စေတယ်လို့ ထင်စေနိုင်ပါတယ်။ ဒီလို ရှုးဖိနပ်တွေက bussiness outfit တွေနဲ့ မသင့်လျော်ပါဘူး။ ဒေါက်မြင့်ဖိနပ်တွေက ကြည့်ကောင်းစေပြီး သင့်ကို စမတ်ကျလှပစေမှာ ဖြစ်ပါတယ်။

2. ရှပ်အင်္ကျီအရှည်ကို ဂျင်းဘောင်းဘီ အပြင်သို့ထုတ်ဝတ်ခြင်း

Long shirt over jeans min

ရှပ်အင်္ကျီအကျပ်အရှည်တွေကို ဘောင်းဘီအပြင်ဘက်သို့ ထုတ်ဝတ်ခြင်းဟာ သင့်ပုံပန်းသွင်ပြင် ရှည်လျားလွန်းတယ်လို့ ထင်စေတယ်။ ဒါ့အပြင် ဘောင်းဘီတိုတွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ပိုပြီးတော့တောင် ကြည့်ရတာ အဆင်မပြေဖြစ်ပါတယ်။ အကောင်းမွန်ဆုံးနည်းလမ်းကတော့ ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝင်ခြင်းဟာ ကြည့်ကောင်းစေပြီး ပြီးပြည့်စုံတဲ့ စတိုင်တစ်ခုပါပဲ။

3. ပွဲအခမ်းအနားတွေမှာ အိတ်ကြီးကြီးတွေကို အသုံးပြုခြင်း

Voluminous bag for events min

ဒီလို အိတ်ကြီးကြီးတွေက တကယ့်ကို အသုံးဝင်တဲ့ အရာပါ။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်တဲ့အခါတွေနဲ့ business ဝတ်စုံတွေအတွက် လိုက်ဖက်လွန်းပါတယ်။ ဒါပေမဲ့ ပွဲအခမ်းအနားတွေ သွားတဲ့အခါမှာတော့ ကျစ်လျစ်သိပ်သည်းပြီး သေးငယ်တဲ့ အိတ်တွေကို ရွေးချယ်ခြင်းက အကောင်းဆုံးပါပဲ။ ပမာဏကြီးမားတဲ့ အိတ်တွေကို ရွေးချယ်ခြင်းဟာ မသင့်လျော်ပါဘူး။

4. Ankle Boot နှင့် စကပ်တို

Ankle boots with a short skirt min

ankle boot ဖိနပ်နှင့် စကပ်တွေက မလိုက်ဖက်ပါဘူး။ အမြင်အာရုံမှာ ခြေတံတိုစေတယ်လို့ ထင်စေနိုင်တယ်။ classic ဆန်တဲ့ ရူးဖိနပ် (သို့) ဒေါက်ဖိနပ်တွေကို ရွေးချယ်နိုင်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ အထာကျပြီး မိုက်နေစေဖို့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ

5. ချောင်ကျိတဲ့ အရာတွေကိုဘဲ ရွေးချယ်ခြင်း

Several 22loose22 items at once min

ပွရောင်းရောင်း အဝတ်အစားတွေဟာ ကိုယ်မလိုချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေဖြစ်တဲ့ ခါး ၊ တင်ပါး ၊ ရင်သား နေရာတို့ကို ဖုံးကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ချောင်ကျိကျိ အရာတွေကို ဝတ်ဆင်မယ်ဆိုရင် သင့်ပုံပန်းသဏ္ဍန်နဲ့ လိုက်ဖက်ပြီး အခြားပေါင်းစပ်မယ့် အရာတွေနဲ့ ဟန်ချက်ညီအောင် ပြုလုပ်ပါ။

6. ဘောင်းဘီတို နှင့် တင်းကျပ်တဲ့ အဝတ်အစား

Tights with shorts min

ဘောင်းဘီတိုတွေက နွေရာသီမှာဘဲ ဝတ်ဆင်ရမယ့်လို စဉ်းစားထားတဲ့ အယူအဆတွေက မလိုအပ်တော့ပါဘူး။ ဘယ်လို ရာသီမဆို ဝတ်ဆင်နိုင်ပြီး သူနဲ့အကောင်းဆုံးတွဲဖက်မယ့် outfit တွေကို ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်မယ့် အင်္ကျီကျပ်ကျပ်တွေကိုပဲ ရွေးချယ်စေချင်ပါတယ်။

7. ဖိနပ်ကြီးကြီးတွေ

Bigger shoes min

ဖိနပ်ကြီးကြီးတွေဟာ ကြည့်ရတာ အမြင်မလှပါဘူး။ ခြေထောက်ရောင်ရမ်းနိုင်ပြီး သက်တောင့်သက်သာလည်း မရရှိနိုင်ပါဘူး။ ဒါကြောင့် ဖိနပ်ဝယ်တဲ့အခါမှာ ကိုယ်ရဲ့ခြေထောက်နဲ့ ကွက်တိဖြစ်စေမယ့် မှန်ကန်တဲ့ ဆိုဒ်မျိုးကိုပဲ ရွေးချယ်ပါ။

8. လည်ထောင်အင်္ကျီပုံစံ

Turtlenecks min

ဂုတ်တိုတဲ့သူတွေ ဒါမှမဟုတ် လေးထောင့်ပုံစံနဲု့ တူတဲ့ လည်ပင်းပုံစံမျိုးဆိုရင်တော့ ဒီလို လည်ထောင်တဲ့ အဝတ်အစားတွေကို ရွေးချယ်တဲ့အခါမှာ အထူးသတိထားဖို့ လိုအပ်တယ်။ တကယ်လို လည်ပင်းပေါက်ကျယ်တဲ့ အင်္ကျီတွေကို ဝတ်ရတာမကြိုက်ဘူးဆိုရင် လည်စည်းပုဝါက သင့်ကို အထောက်အကူ ပြုစေနိုင်ပြီး သင့်ရဲ့ပုံရိပ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။

9. ဘရာကြိုး

Bra straps min
အဝတ်အစား ဝတ်ဆင်တဲ့အခါ ဘရာကြိုးမြင်နေရခြင်းဟာ အပေါစားဆန်တဲ့ ပုံပေါက်စေတယ်။ ဒါကြောင့် သင့်ရဲ့ကျောဘက်မှာ ဘရာကြိုးနှစ်ခုကိုပူးပြီး စာရွက်ညှပ်တဲ့ clip နဲ့ ချည်နှောင်လိုက်ပါ။

 

Author:TDA

Read 8534 times
Rate this item
(2 votes)