What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ရမယ့် အချက်များ

ဖက်ရှင်နဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ရမယ့် အချက်များ google

ပျိုမေလေးတို့အတွက် ရွေးချယ်ရမယ့် ဖက်ရှင်ဆိုတာ အရမ်းကိုမှ ကျယ်ပြန့်ပါတယ်။ တော်ကြာနေရင်း

အသစ်တွေပေါ်လာလိုက် တော်ကြာနေရင်း ခေတ်နောက်ပြန်ဆွဲသွားလိုက်နဲ့ လိုက်မမီနိုင်အောင် ဂွကျပါသေးတယ်။ ဒါပေမဲ့ ဖက်ရှင်ချစ်သူတွေကတော့ ဖက်ရှင်ရေစီးကြောင်း ဘယ်လိုပဲအပြောင်းအလဲမြန်ပါစေ တကောက်ကောက်လိုက်ရတာပါပဲလေ။ ဒီလိုရေစီးကြောင်းအတိုင်းစီးမျောရာမှာလည်း ဆောင်ရန်ရှောင်ရန်အချက်တွေ ရှိသေးတာမို့ သိသင့်သိထိုက်တဲ့ ရှောင်ရန်အချက်တွေကို ပြောပြပေးမယ်နော်။

(၁) ကိုယ့်ကိုယ်ကိုယ် ဝတယ်ဆိုပြီး ဝတာကို မပေါ်လွင်စေချင်လို့ အင်္ကျီပွပွကြီးတွေ ဝတ်တာမျိုးရှောင်ကြဉ်ပါ။ အင်္ကျီပွပွကြီးတွေက သင့်ရဲ့ခန္ဓာကိုယ်ကို မပေါ်လွင်စေမယ့်အပြင် ပိုဝသလိုအသွင်ပါ ပေါက်စေပါတယ်။

(၂) ဈေးချနေပြီဆိုတိုင်း အင်္ကျီတွေကို ပြေးမဝယ်ပါနဲ့။ ယောင်းရဲ့ဘတ်ဂျက်ကို ထိခိုက်နိုင်ပါတယ်။

၃) အရမ်းပါးတဲ့အင်္ကျီတွေ၊ ပေါင်လယ်လောက်ပဲရှိတဲ့စကတ်တွေ၊ ချက်ပေါ်အင်္ကျီတွေနဲ့ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေကို အများကြီး ပြုံပြီး မဝယ်ပါနဲ့။

(၄) အိတ်တွေလွယ်တဲ့အခါ ပစ္စည်းတွေအများကြီး ပြည့်ကျပ်နေအောင် မထည့်ပါနဲ့။ အိတ်ကြီးဖောင်းကားနေတာ ဘယ်လိုမှကြည့်လို့မလှပါဘူး။

(၅) နားတစ်ဖက်တည်းမှာ နားပေါက်နှစ်ပေါက်ထက် ပိုမဖောက်ပါနဲ့။ နားပေါက်တွေများနေတာက ပျိုမေလေးတွေကို ပိုပြီး စမတ်ကျစေမှာ မဟုတ်ပါဘူး။

(၆) အရောင်တွေအများကြီးကို တစ်ခါတည်း တွဲမဝတ်ပါနဲ့။ အဝတ်အစားဝတ်တဲ့အခါမှာ အရောင်သုံးရောင်ထက် များသွားရင် ကြောင်ကြောင်ကျားကျားနဲ့ ကြည့်လို့မလှတော့ပါဘူးနော်။

Read: မှန်ကန်တဲ့ Bra ကို ဘယ်လို ရွေးချယ်မလဲ?

Source: for her myanmar

Myanmar Textile and Garment Directory

Read 1274 times
Rate this item
(1 Vote)
Tagged under