What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မှန်ကန်တဲ့ Bra ကို ဘယ်လို ရွေးချယ်မလဲ?

မှန်ကန်တဲ့ Bra ကို ဘယ်လို ရွေးချယ်မလဲ? google

အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ဖက်ရှင်တွေဟာ တစ်နေ့ထက် တစ်နေ့ ပြောင်းလဲနေပါတယ်။

အဲ့လို ပြောင်းလဲနေတဲ့အထဲကမှ လိုက်ဖက်တဲ့ Bra ကို ရွေးချယ်တတ်ဖို့ကလဲ အရေးကြီးပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ ဒီနေ့မှာ ဆွယ်တာ ဝတ်မယ်ဆိုရင် နောက်တစ်နေ့မှာ ကျောပြောင်အင်္ကျီ ဝတ်ချင်လဲ ဝတ်မှာပါ။ အကြိုက်ဆိုတာကလဲ အမြဲတမ်း ပြောင်းလဲ နေတာပဲ မလား? Bra မှာလဲ ရွေးချယ်စရာတွေက အမျိုးမျိုး အရောင် အမျိုးမျိုး ရှိပါတယ်။ ကိုယ့်ရဲ့ အင်္ကျီ အောက်မှာ သိမ်းဝှက်ထားတဲ့ Bra အမျိုးမျိုး ရှိတဲ့ထဲကမှ  သိုင်းကြိုး Bra ( strap Bra )၊  Band Style တွေ ဆိုပြီး ကိုယ်ကြိုက်တာ ကိုယ် ရွေးချယ်လို့ ရပါတယ်။ ပုံလေးတွေနဲ့ သေချာ ရှင်းပြပေးပါမယ်နော်။

Strap Bra

Strap Bra

 

Band Bra

Band Bra

 

မှန်ကန်တဲ့ Bra ကို ရွေးချယ်ဖို့အတွက် သိသင့်တဲ့ အချက်တွေကို Textile ပရိသတ်ကြီးအတွက် ပြောပြပေးပါမယ်နော်။

(၁) မှန်ကန်တဲ့ အရောင်ကို ရွေးချယ်ပါ။
ပါးလွှာတဲ့ အင်္ကျီကို ရွေးချယ်ထားတဲ့နေ့မှာဆိုရင် ပိုပြီးတောင် ဂရုစိုက်သင့်ပါတယ်နော်။ အဲ့လို အချိန်မှာဆိုရင် အနက်ရောင် Bra ကို ရွေးချယ်သင့်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာဆိုရင်တော့ ကြိုက်တဲ့အရောင်ကို ရွေးချယ်နိုင်ပါတယ်ရှင်။

Color

 

(၂) နေရာဒေသနဲ့ လိုက်အောင် Bra အမျိုးအစားကို ရွေးချယ်ပါ။
ဥပမာ ပြောပြရရင် လေ့ကျင့်ခန်း လုပ်တဲ့အခါ အားကစား Bra ကို ရွေးချယ်တာမျိုးပါ။ အားကစားလုပ်ချိန်မှာ လှုပ်လှုပ်ရှားရှားတွေ လုပ်ရတဲ့ အခါ လျောမကျစေဖို့နဲ့ ရင်သားပုံ မပျက်စေဖို့အတွက် အားကစား Bra ကို ရွေးချယ်သင့်တာပါ။ လေ့လာချက်တစ်ခုအရ အားကစား Bra ကို လေ့ကျင့်ခန်းလုပ်ချိန်မှာ ဝတ်ဆင်သင့်တယ်လို့ အကြံပြုထားတဲ့သူ ၇၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

Sport Bra

 

(၃) အဝတ်အစားနဲ့ ကိုက်ညီတဲ့ Bra အမျိုးအစားကို ရွေးချယ်ပါ။
ပေါ့ပေါ့ပါးပါး Tshirt တွေနဲ့ တွဲပြီး ဝတ်ဆင်သင့်တဲ့ Bra ကတော့ Stick Bra ပါ။ ပုံလေးနဲ့ သေချာ ပြပေးထားပါတယ်နော်။

Stick Bra

 

ချည်သားနဲ့ လုပ်ထားတဲ့ Tshirt တွေ အတွက် အဆင်အပြေဆုံးကတော့ seamless bra ပါ။

seamless bra

 

V ပုံစံ လည်ပင်းပေါက် အင်္ကျီ အတွက်ဆိုရင်တော့ plunging bra ကို ရွေးချယ်သင့်ပါတယ်။

plunging bra

 

Bra ကြိုးကို မပေါ်စေချင်တဲ့ အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ဖို့ဆိုရင်တော့ halter bra ကို ဝတ်ဆင်ဖို့ ကြိုးစားကြည့်ပါ။

halter bra

 

အဝတ်အစား မျိုးစုံအတွက် မတူညီတဲ့ Bra တွေ ပြောင်းလဲဝတ်ဆင်ကြည့်ပါ။ Bra အမျိုးအစား တစ်မျိုးထဲကိုပဲ ဝတ်ဆင်တာမျိုး မလုပ်ပါနဲ့နော်။  လှပဖို့အတွက်ဆိုရင် Bra ရွေးချယ်တတ်ဖို့ကလဲ အဓိက နေရာမှာ ပါဝင်နေတာမို့ပါ။ ဒီလောက်ဆိုရင် Textile ပရိသတ်ကြီးလဲ သိသင့်သလောက် သိသွားပြီထင်ပါတယ်။ နောက်နေ့တွေမှာလဲ ဖက်ရှင်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်သော အချက်များကို မျှဝေပေးအုံးမှာမို့ ဆက်လက် အားပေးကြပါအုံးရှင်။

Author- Su Yee Htet

Myanmar Textile and Garment Directory

Read 1676 times
Rate this item
(0 votes)
Tagged under