What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ခန္ဓာ ပုံပန်းသဏ္ဍာန် ၁၀ မျိုး

အ၀တ်အစားချုပ်ဖို့ ကိုယ်ခန္ဓာကို တိုင်းတာတဲ့အပြင် ကိုယ်ခန္ဓာ ပုံပန်းသဏ္ဍာန် အချိုးအစားတွေကို ဆန်းစစ်သုံးသပ်ဖို့ အချက် (၁၀)ချက်ကို သုံးစွဲကြတယ်။

အမျိုးသမီး တစ်ဦးရဲ့ ကိုယ်ခန္ဓာဟာ စံပြမော်ဒယ်ဖြစ်မနေနိုင်တာမို့ ယခုလို ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန် အချိုးအစား ဆန်းစစ်ချက် Body Figure Analysis ဆိုတာကို လုပ်ကြတယ်။

အချက်တွေကို အေဘီစီဒီ အက္ခရာစဉ် ထိုးပေးထားပြီး တစ်ချက်ချင်းစီမှာ ရှိနေတဲ့ ပုံပန်းသဏ္ဍာန် အချိုးအစားအမျိုးမျိုးကိုတော့ ဂဏန်းစဉ် ၀မ်း တူး သရီး ဖိုး ဆိုပြီး ထိုးကြပါတယ်။

A
Head Height
ဦးခေါင်းအမြင့်နဲ့ အရပ်အမြင့်ကို တိုင်းထွာကြည့်တာ ဖြစ်ပါတယ်။ စံပြမော်ဒယ်ပုံစံနဲ့ နှိုင်းစာရင် ကိုယ်ခန္ဓာအချိုးအစား ဘယ်လို ဖြစ်နေသလဲဆိုတာ နှိုင်းယှဉ်ကြည့်တာပါ။
ကိုယ့်ရဲ့ ဦးခေါင်းအမြင့်ဟာ ဦးခေါင်းရဲ့ အမြင့်ဆုံးနေရာနဲ့ မေးစေ့တို့အကြား ရှိနေတဲ့ အကွာအဝေး ဖြစ်ပါတယ်။

head measure

head measure2

 

ပုံမှာ ပြထားတဲ့ ပုံမှန်အားဖြင့် ရှိရမယ့် ဦးခေါင်းအမြင့်တွေအရ နှိုင်းယှဉ်ကြည့်ကြတယ်။

ရင်သား bust
ခါး waist
တင်ပါး hip
ပေါင်ခြံခွကြား crotch
ဒူးခေါင်း knee
အဲဒီနေရာတွေကို နှိုင်းယှဉ်ကြည့်တာ ဖြစ်ပါတယ်။

ဦးခေါင်းတစ်ခုစာကို အပေါ်ကနေ အောက်ကို တိုင်းသွားပါတယ်။ ခါးက ဦးခေါင်းထိပ်ကနေ ဦးခေါင်း ၃ ခုစာနေရာမှာ ရှိနေရင် စံထားတဲ့မော်ဒယ်နဲ့ အချိုးအစား တူညီပါတယ်။ တကယ်လို့ ဦးခေါင်း ၃ ခုစာကို ကျော်နေရင် စံထားတာထက် ပိုနိမ့်နေတယ်။ low လို့ သတ်မှတ်ရမှာ ဖြစ်ပြီး ၃ ခုစာ မပြည့်ရင်တော့ ပိုမြင့်နေတယ်။ high လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ရင်သား bust တင်ပါး hip ပေါင်ခြံခွကြား crotch ဒူးခေါင်း knee တို့ကိုလည်း အလားတူ နှိုင်းယှဉ်ကြည့်ပြီး နိမ့် မြင့် ဆန်းစစ်သတ်မှတ်ပါတယ်။

B
Back Types
ကျောပုံသဏ္ဌာန်အမျိုးမျိုး

 

back type


ပုံမှာ နံပါတ်(၁)ဟာ ပုံမှန်စံပြ ideal ကျောပုံသဏ္ဌာန် ဖြစ်ပါတယ်။ ကျောပြင် ထက်အောက်တစ်လျှောက်မှာ ပျော့ပျော့လေး ကွေးနေတယ်။ ခါးနေရာမှာ သိမ်သွားပြီး တင်ပါး အနည်းငယ် ခုံးထွက်နေတယ်။

နံပါတ်(၂)ဟာ flat ကျောပြင် အဖြောင့်ဖြစ်နေပြီး တင်ပါးနေရာ ခုံးထနေတယ်။

နံပါတ်(၃)ဟာ rounded ကျောပြင် ကွေးခုံးနေတာ သိသာတယ်။ တင်ပါး ခုံးထနေတာလည်း သိသာတယ်။

နံပါတ်(၄)ဟာ dowager’s hump လက်ပြင်ကုန်းတဲ့သူ။

C
Back bust chest
ကျောကုန်၊ ရင်သားနဲ့ ရင်ဘတ် သုံးခုဆက်နွှယ်နေပုံအရ ဆန်းစစ်တာ ဖြစ်ပါတယ်။

back bust relation


နံပါတ်(၁)ဟာ ပုံမှန်စံပြ ideal ပုံသဏ္ဌာန် ဖြစ်ပါတယ်။

နံပါတ်(၂)ဟာ ကျောသိမ်ပြီး ရင်ကြီးတဲ့ ပုံသဏ္ဌာန် ဖြစ်ပါတယ်။

နံပါတ်(၃)ဟာ ကျောပြည့်ပြီး ရင်သေးတဲ့သူပါ။

နံပါတ်(၄)ဟာ ကျောချိုင့်ဝင်ပြီး ရင်လည်း ပြားသူ ဖြစ်ပါတယ်။

နံပါတ်(၅)ဟာ ရင်အုပ်မောက်သူ ဖြစ်ပါတယ်။ အဲဒီမှာ နားလည်ရမှာက ရင်သား ကြီးတာ သေးတာကို မဆိုလိုဘူး။ ရင်အုပ်က ရှေ့ကို မောက်နေတာဖြစ်ပြီး လက်ပြင်ကုန်းတဲ့သူရဲ့ ရင်အုပ်လိုမျိုး ဖြစ်နေတာမျိုးပါ။


D
Hip Types
တင်ပါးအမျိုးမျိုး

hip

နံပါတ်(၁)ဟာ ပုံမှန်စံပြ ideal ပုံသဏ္ဌာန် ဖြစ်ပါတယ်။ ခါး၊ ပခုံးတွေနဲ့ တင်ပါးတို့ အချိုးအစား လိုက်ဖက်ညီကြပါတယ်။

နံပါတ်(၂)ဟာ အသည်းနှလုံးပုံ။ ခါးအောက်မှာ တင်ပါး ကားထွက်သွားတယ်။ ပေါင်တွေ ထိနေတယ်။

နံပါတ်(၃)ဟာ လေးထောင့်ပုံ ဖြစ်ပါတယ်။ တင်နဲ့ပေါင် တစ်ဖြောင့်တည်း ဖြစ်နေပါတယ်။

နံပါတ်(၄)ဟာ ဒိုင်းမွန်းပုံ ဖြစ်ပါတယ်။ တင်ပဆုံရိုးနေရာဟာ အကားဆုံးဖြစ်နေပါတယ်။ ပခုံးနဲ့ ခါးတို့ ကျဉ်းနေတာကြောင့် တင်ပါး ကားနေတာ ပိုသိသာနေစေပါတယ်။

E
arm type
လက်ပုံစံအမျိုးမျိုး

arm

နံပါတ်(၁)ဟာ ပုံမှန်စံပြ ideal ပုံသဏ္ဌာန် ဖြစ်ပါတယ်။ အရိုးနဲ့အသားတွေ အချိုးအစား လိုက်လျောညီထွေမှု ရှိနေပါတယ်။

နံပါတ်(၂)ဟာ ပိန်ပိန်သွယ်သွယ် လက် ဖြစ်ပါတယ်။ ပခုံးရိုး၊ တံတောင်ရိုး၊ လက်ဖျံရိုးတို့ ထင်ရှားနေတယ်။

နံပါတ်(၃)ဟာ လက်မောင်းအိုး ပြည့်တဲ့လက် ဖြစ်ပါတယ်။ အသားက ပျော့အိပြီး တွဲကျနေတဲ့ဟာမျိုး ဖြစ်ပါတယ်။

နံပါတ်(၄)ဟာ လက်တစ်ချောင်းလုံး အသားပြည့်တဲ့လက် ဖြစ်ပါတယ်။ အသားအပြင် အဆီလည်း ရှိနေတတ်ပါတယ်။

F
ဝမ်းဗိုက်နဲ့ ပေါင်တို့ရဲ့ ဆက်နွှယ်မှု

abdomin tight


I ပုံ၊ R ပုံ၊ S ပုံ၊ ဘဲဥ 0 ပုံ နဲ့ ၀ ပုံ ဆိုပြီး ၄ မျိုး ရှိတယ်။

အဲဒီ ၄မျိုးနဲ့ မကိုက်ညီရင်တော့ deviation သွေဖည်တဲ့ပုံ လို့ သတ်မှတ်ပါတယ်။

G
ပခုံး အမျိုးအစားများ

shoulder

နံပါတ်(၁)ဟာ ပုံမှန်စံပြ ideal ပုံသဏ္ဌာန် ဖြစ်ပါတယ်။ ပခုံးလျောကျတာ ၂၅ ဒီဂရီအစောင်း ရှိတဲ့သူ ဖြစ်ပါတယ်။

နံပါတ်(၂)ဟာ ပခုံးစောင်း ပုံသဏ္ဌာန် ဖြစ်ပါတယ်။ ပခုံးလျောကျတာ ၁၅ ဒီဂရီ အစောင်းထက် ကျော်လွန်နေတယ်။

နံပါတ်(၃)ဟာ လေးထောင့်ပခုံး ဖြစ်ပါတယ်။ လည်ပင်းနဲ့ ပခုံးတို့ ၉၀ ဒီဂရီ ထောင့်မှန်ဝန်းကျင် ဖြစ်နေပါတယ်။

နံပါတ်(၄)ဟာ အသားပို ပခုံးဖြစ်ပါတယ်။ လည်ပင်းနဲ့ပခုံးတို့မှာ ကြွက်သားစိုင် ရှိနေတယ်။

နံပါတ်(၅)ဟာ ပိန်သွယ်တဲ့ ပခုံး ဖြစ်ပါတယ်။ ညှပ်ရိုးတွေ ပေါ်လွင်နေပါတယ်။

H
ပခုံး ခါး တင်ပါး အချိုးအစား

shoulder hip


နံပါတ်(၁)ဟာ ပုံမှန်စံပြ ideal ပုံသဏ္ဌာန် ဖြစ်ပါတယ်။ ပခုံး ခါး တင်ပါး အချိုးအစား မျှတတဲ့သူ ဖြစ်ပါတယ်။

နံပါတ်(၂)ဟာ Hourglass သဲနာရီပုံပန်းသဏ္ဌာန် ဖြစ်ပါတယ်။

နံပါတ်(၃)ဟာ ခါးဖြောင့်တန်းနေတဲ့သူ ဖြစ်ပါတယ်။

နံပါတ်(၄)ဟာ ပခုံးကျယ်ပြီး တင်ပါးသေးသူ ဖြစ်ပါတယ်။

နံပါတ်(၅)ဟာ ပခုံးကျဉ်းပြီး တင်ပါးကျယ်သူ ဖြစ်ပါတယ်။

I
ခြေထောက်အမျိုးမျိုး

leg


နံပါတ်(၁)ဟာ ခြေခွင်သူ ဖြစ်ပြီး အပြင်ဘက်ကို ခွင်တာ ဖြစ်ပါတယ်။

နံပါတ်(၂)ဟာလည်း ခြွေခွင်သူ ဖြစ်ပြီး အတွင်းဘက်ကို ခွင်သူ ဖြစ်ပါတယ်။

နံပါတ်(၃)ဟာ ပုံမှန်ခြေထောက်တွေ ဖြစ်ပြီး ပိန်ပိန်သွယ်သွယ် ခြေထောက်မျိုး ဖြစ်ပါတယ်။

နံပါတ်(၄)ဟာလည်း ပုံမှန်ခြေထောက်တွေဖြစ်ပြီး အသားပြည့်တဲ့သူ ၀ဖြိုးတဲ့သူတွေရဲ့ ခြေထောက်မျိုး ဖြစ်ပါတယ်။


J
မတ်တတ်ရပ်ပုံ

stance


နံပါတ်(၁)ဟာ ပုံမှန်မတ်တတ်ရပ်သူ ဖြစ်ပါတယ်။

နံပါတ်(၂)ဟာ ရှေ့ကို နည်းနည်းကိုင်းပြီး မတ်တတ်ရပ်သူ ဖြစ်ပါတယ်။

နံပါတ်(၃)ဟာ မတ်မတ်တောင့်တောင့် မတ်တတ်ရပ်သူ ဖြစ်ပါတယ်။

 

ချက္က၀ါ

Read 4976 times
Rate this item
(0 votes)
Tagged under