What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စမတ်ကျတဲ့ ပျိုမေလေးဖြစ်စေဖို့ လုပ်ဆောင်သင့်သည့်အချက်များ

စမတ်ကျတဲ့ ပျိုမေလေးဖြစ်စေဖို့ လုပ်ဆောင်သင့်သည့်အချက်များ google

ခေတ်ကာလအနေအထားအရ မိန်းကလေးတစ်ယောက်ကလှဖို့ထက် စမတ်ကျနေဖို့လိုပါတယ်။ သူများအမြင်မှာလှနေဖို့ထက် ခပ်သန့်သန့်ပုံစံလေးနဲ့ အမိုက်စားလေးဖြစ်နေအောင် ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာပြောပြပေးမှာပဲဖြစ်ပါတယ်။

၁။ Skin Care လုပ်ဖို့ပါ

ပျိုမေတို့အတွက် မိတ်ကပ်အကောင်းစားတွေဘယ်လောက်သုံးသုံး Skin Care မလုပ်နိုင်ဘူးဆိုရင် အချည်းနှီးပဲဖြစ်မှာပါ။ Skin Care ကိုသာ ကောင်းကောင်းသုံးမယ်ဆိုရင် မိတ်ကပ်လိမ်းထားထား မထားထား လှပပြီး ဆွဲဆောင်မှုလေးရှိနေစေမှာပဲဖြစ်ပါတယ်နော်။

Skin Care

၂။ ဆံပင်

ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ ပုံစံကိုလုံးဝပြောင်းသွားစေနိုင်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တောင်တင်စားရပါတယ်။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံလေးလုပ်ထားဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး စမတ်ကျနေစေမှာပါ။ ဒါကြောင့် ဆံသားထိန်းသိမ်းဖို့၊ ဆံပင်ပုံကျလှပစေဖို့ ဂရုတစိုက်ပြုလုပ်ပေးဖို့လဲလိုပါတယ်နော်။

hair

၃။ဖိနပ်

လူတစ်ယောက်စီးထားတဲ့ဖိနပ်ကိုကြည့်ပြီး ဘယ်လောက်စမတ်ကျလဲ ဆိုတာကိုသိနိုင်ပါတယ်။ ဖိနပ်ကောင်းကောင်းလေးတွေက ကိုယ့်ဘ၀မှာနေရာကောင်းကောင်းလေးတွေကို ပို့ဆောင်ပေးနိုင်တာကြောင့် ကြာရှည်ခံပြီး စမတ်ကျလှပတဲ့ ဖိနပ်လေးတွေ ၀ယ်ယူထားဖို့လဲ မမေ့ပါနဲ့နော်။

lady

၎။ အားကစား

ဒီအချက်ကလဲ လုပ်သင့်တဲ့အချက်လေးပဲဖြစ်ပါတယ်နော်။ မိန်းကလေးတစ်ယောက်ခန္ဓာကိုယ်လေးက လှပနေရင်ဘာလေးပဲဝတ်ဝတ်ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အားကစားလုပ်တာကလည်း လိုအပ်တဲ့အချက်လေးပဲဖြစ်ပါတယ်နော်။

gym1

Textile & Garment Directory

Read 1572 times
Rate this item
(1 Vote)