What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခန္ဓာကိုယ်အချိုးအစားအလိုက်ရွေးချယ်ဝတ်ဆင်သင့်တဲ့ အနောက်တိုင်းမင်္ဂလာဝတ်စုံများ

ခန္ဓာကိုယ်အချိုးအစားအလိုက်ရွေးချယ်ဝတ်ဆင်သင့်တဲ့ အနောက်တိုင်းမင်္ဂလာဝတ်စုံများ Google

မင်္ဂလာဆောင်နှင်းကြမယ့်သတို့သမီးလေးတွေအနေနဲ့မြန်မာ့ရိုးရာထိုင်မသိမ်းနဲ့ပွဲထွက်မယ်ဆိုရင် လိုက်ဖက်မှုရှိတတ်ကြပေမယ့်


အနောက်တိုင်းမင်္ဂလာဝတ်စုံတွေဆင်မြန်းမယ်ဆိုရင်တော့ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် မင်္ဂလာဝတ်စုံကိုရွေးချယ်တတ်ဖို့တော့လိုပါမယ်နော်။

 

ကိုယ့်ခန္ဓာကိုယ်ရဲ့ဆွဲဆောင်မှုအရှိဆုံးနေရာကိုအသားပေးပြီးဖန်တီးပေးထားတဲ့မင်္ဂလာဝတ်စုံလေးကိုဝတ်ဆင်မှသာ မင်္ဂလာပွဲလေးမှာ

 

မင်းသမီးလေးတစ်ပါးလိုလှပကြော့ရှင်းနေမှာပဲဖြစ်ပါတယ်။

 

ဒါကြောင့် ခန္ဓာကိုယ်အချိုးအစားအလိုက်ရွေးချယ်ဝတ်ဆင်သင့်တဲ့ အနောက်တိုင်းမင်္ဂလာဝတ်စုံတွေအကြောင်းကို

 

ဖော်ပြပေးလိုက်ရပါတယ်။


အခြေခံအားဖြင့် အနောက်တိုင်းမင်္ဂလာဝတ်စုံပုံစံ(၆)မျိုးရှိပါတယ်။

 

(1) Empire Line Gown

 

w1


အနည်းငယ်ပြည့်တဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတဲ့သတို့သမီးလောင်းလေးတွေအနေနဲ့ Empire Line Gown ကို

 

ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။


Empire မင်္ဂလာဝတ်စုံဟာ ရင်ဘတ်အလှကိုပေါ်လွင်ထင်ရှားစေပြီး ခါးအထက်ပိုင်းတွင်ထည့်သွင်းထားသောခါးစည်းအောက်မှ

 

တဖားဖားကျနေသော ဂါဝန်စလေးတွေက ဆူဖြိုးနေသောဝမ်းဗိုက်အဆီတွေကိုဖုံးကွယ်ပေးထားနိုင်ပါတယ်။

 

Empire ဂါဝန်သည်ကိုယ်ဝန်ဆောင်သတို့သမီးလေးတွေအတွက်လည်းသင့်တော်ပါတယ်။

 

(2) A-Line Gown

 

w2

 

အပေါ်ရင်ပြတ်ပုံစံလေးနဲ့အောက်ကိုနည်းနည်းချင်းကားသွားစေတဲ့ ဂါဝန်လေးကိုတော့ အင်္ဂလိပ်အက္ခရာ A နဲ့တူလို့

 

အေလိုင်းဂါဝန်ရယ်လို့လူသိများလှပါတယ်။

 

အေလိုင်းဂါဝန်ရဲ့အားသာချက်ကတော့ ခန္ဓာကိုယ်ကောက်ကြောင်းလေးတွေကိုပေါ်လွင်သယောင်ဖြစ်စေတာပဲဖြစ်ပါတယ်။

 

ရင်ဘတ်နဲ့လက်မောင်းပြေပြစ်လှပတဲ့သတို့သမီးလေးတွေအနေနဲ့အေလိုင်းဂါဝန်လေးကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။



(3) The Ballgown 

 

w3

 

ဒီဂါဝန်စတိုင်လ်ဟာ ခန္ဓာကိုယ်အချိုးအစားမျိုးစုံနဲ့လိုက်ဖက်သော်လည်း ခန္ဓာကိုယ်သေးတော့ပြီးအရပ်ရှည်တဲ့သတို့သမီးလေးတွေအတွက်

 

အလိုက်ဖက်ဆုံးဖြစ်ပါတယ်။


အားသာချက်အနေနဲ့စကပ်ပွပွဖောင်းထောင်းလေးဟာ သတို့သမီးလေးရဲ့ခါးကိုမြှင့်တင်ပေးပြီး ခန္ဓာကိုယ်အောက်ပိုင်းလေးကိုလည်းပြည့်သယောင်

 

ဖြစ်စေတာပဲဖြစ်ပါတယ်။

 

 

(4) The Trumpet

 

w4


ရင်ဘတ်မှပေါင်လယ်လောက်ထိခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်အောင်ချုပ်လုပ်ထားပြီးအောက်ပိုင်းကိုကားကားလေးဖြစ်သွားသယောင်

 

ဖန်တီးချုပ်လုပ်ထားတဲ့ the trumpet ဂါဝန်ဟာဆိုရင် ကောက်ကြောင်းလှတဲ့သတို့သမီးလေးတွေနဲ့လိုက်ဖက်မှုအရှိဆုံးဖြစ်ပါတယ်။

 

(5) The Sheath Gown

 

w5

 

ခြေမျက်စိထိအရှည်ရှိတဲ့ The Sheath Gown ကို The column dress လို့လည်းလူသိများလှပါတယ်။

 

ချပ်ရပ်တဲ့ပုံစံလေးနဲ့ဂါဝန်လေးဟာ အရပ်ရှည်တဲ့သတို့သမီးလေးဖြစ်ဖြစ်၊ အရပ်ပုတဲ့သတို့သမီးလေးဖြစ်ဖြစ်ဝတ်ဆင်မယ်ဆိုရင် လိုက်ဖက်မှုရှိနေမှာပါ

 

(6) The Mermaid

 

w6

 

ရင်ညွှန့်မှဒူးအထိချပ်ရပ်စွာချုပ်လုပ်ထားပြီးဒူးအောက်ပိုင်းကနေ ကားကားရှည်ရှည်လေးဖြစ်အောင်ဖန်တီးချုပ်လုပ်ထားတဲ့

 

The Mermaid Dress လေးဟာဆိုရင် The TrumpetDress နဲ့ဆင်သယောင်ရှိပေမယ့်မတူပါဘူနော်။

 

The Mermaid Dress ဟာ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုအတိအကျပုံဖော်ပေးနိုင်တာကြောင့်ကမ္ဘာ့တစ်ဝှမ်းကသတို့သမီးလေးတွေ

 

ရွေးချယ်ဝတ်ဆင်မှုများလှပါတယ်။

 

ဘယ်လိုဝတ်စုံဒီဇိုင်းကိုပဲရွေးချယ်ဝတ်ဆင်ပါစေ။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှသာ မင်္ဂလာပွဲနေ့လေးမှာ 100%လှပနိုင်မှာလည်းဖြစ်ပါတယ်။

 

အဝတ်အထည်စက်ရုံ ( ၅၃၄ ) ခုကြည့် ရန်

 

COVID

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

မဂၤလာေဆာင္ႏွင္းၾကမယ့္သတို႔သမီးေလးေတြအေနနဲ႔ျမန္မာ့ရိုးရာထိုင္မသိမ္းနဲ႔ပြဲထြက္မယ္ဆိုရင္ လိုက္ဖက္မႈရွိတတ္ၾကေပမယ့္

အေနာက္တိုင္းမဂၤလာဝတ္စံုေတြဆင္ျမန္းမယ္ဆိုရင္ေတာ့ကိုယ္နဲ့အလိုက္ဖက္ဆံုးျဖစ္မယ့္ မဂၤလာဝတ္စံုကိုေရြးခ်ယ္တတ္ဖို႔ေတာ့လိုပါမယ္ေနာ္။

ကိုယ့္ခႏၶာကိုယ္ရဲ႕ဆြဲေဆာင္မႈအရွိဆံုးေနရာကိုအသားေပးၿပီးဖန္တီးေပးထားတဲ့မဂၤလာဝတ္စံုေလးကိုဝတ္ဆင္မွသာ မဂၤလာပြဲေလးမွာ မင္းသမီးေလးတစ္ပါးလိုလွပေၾကာ့ရွင္းေနမွာပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ခႏၶာကိုယ္အခ်ိဳးအစားအလိုက္ေရြးခ်ယ္ဝတ္ဆင္သင့္တဲ့ အေနာက္တိုင္းမဂၤလာဝတ္စံုေတြအေၾကာင္းကို ပရိတ္သတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

အေျခခံအားျဖင့္ အေနာက္တိုင္းမဂၤလာဝတ္စံုပံုစံ(၆)မ်ိဳးရွိပါတယ္။

(1) Empire Line Gown

အနည္းငယ္ျပည့္တဲ့ခႏၶာကိုယ္အခ်ိဳးအစားကိုပိုင္ဆိုင္ထားတဲ့သတို႔သမီးေလာင္းေလးေတြအေနနဲ႔ Empire Line Gown ကိုေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။

Empire မဂၤလာဝတ္စံုဟာ ရင္ဘတ္အလွကိုေပၚလြင္ထင္ရွားေစၿပီး ခါးအထက္ပိုင္းတြင္ထည့္သြင္းထားေသာခါးစည္းေအာက္မွတဖားဖားက်ေနေသာ ဂါဝန္စေလးေတြက ဆူျဖိဳးေနေသာဝမ္းဗိုက္အဆီေတြကိုဖံုးကြယ္ေပးထားႏိုင္ပါတယ္။

Empire ဂါဝန္သည္ကိုယ္၀န္ေဆာင္သတို႔သမီးေလးေတြအတြက္လည္းသင့္ေတာ္ပါတယ္။

(2) A-Line Gown

အေပၚရင္ျပတ္ပံုစံေလးနဲ႔ေအာက္ကိုနည္းနည္းခ်င္းကားသြားေစတဲ့ ဂါဝန္ေလးကိုေတာ့ အဂၤလိပ္အကၡရာ A နဲ႔တူလို႔ ေအလိုင္းဂါဝန္ရယ္လို႔လူသိမ်ားလွပါတယ္။

ေအလိုင္းဂါဝန္ရဲ႕အားသာခ်က္ကေတာ့ ခႏၶာကိုယ္ေကာက္ေၾကာင္းေလးေတြကိုေပၚလြင္သေယာင္ျဖစ္ေစတာပဲျဖစ္ပါတယ္။ရင္ဘတ္နဲ႔လက္ေမာင္းေျပျပစ္လွပတဲ့သတို႔သမီးေလးေတြအေနနဲ႕ေအလိုင္းဂါဝန္ေလးကိုေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။

(3) The Ballgown

ဒီဂါဝန္စတိုင္လ္ဟာ ခႏၶာကိုယ္အခ်ိဳးအစားမ်ိဳးစံုနဲ႕လိုက္ဖက္ေသာ္လည္း ခႏၶာကိုယ္ေသးျပီးေတာ့အရပ္ရွည္တဲ့သတို႔သမီးေလးေတြအတြက္အလိုက္ဖက္ဆံုးျဖစ္ပါတယ္။

အားသာခ်က္အေနနဲ႕စကပ္ပြပြေဖာင္းေထာင္းေလးဟာ သတို႕သမီးေလးရဲ႕ခါးကိုျမႇင့္တင္ေပးၿပီး ခႏၶာကိုယ္ေအာက္ပိုင္းေလးကိုလည္းျပည့္သေယာင္ျဖစ္ေစတာပဲျဖစ္ပါတယ္။

(4) The Trumpet

ရင္ဘတ္မွေပါင္လယ္ေလာက္ထိခႏၶာကိုယ္ေကာက္ေၾကာင္းေပၚလြင္ေအာင္ခ်ဳပ္လုပ္ထားၿပီးေအာက္ပိုင္းကိုကားကားေလးျဖစ္သြားသေယာင္

ဖန္တီးခ်ဳပ္လုပ္ထားတဲ့ the trumpet ဂါဝန္ဟာဆိုရင္ ေကာက္ေၾကာင္းလွတဲ့သတို႔သမီးေလးေတြနဲ႔လိုက္ဖက္မႈအရွိဆံုးျဖစ္ပါတယ္။

(5) The Sheath Gown

ေျခမ်က္စိထိသာအရွည္ရွိတဲ့ The Sheath Gown ကို The column dress လို႔လည္းလူသိမ်ားလွပါတယ္။

ခ်ပ္ရပ္တဲ့ပံုစံေလးနဲ႔ဂါဝန္ေလးဟာ အရပ္ရွည္တဲ့သတို႕သမီးေလးျဖစ္ျဖစ္၊အရပ္ပုတဲ့သတို႔သမီးေလးျဖစ္ျဖစ္ဝတ္ဆင္မယ္ဆိုရင္ လိုက္ဖက္မႈရွိေနမွာပါ

(6) The Mermaid

ရင္ညႊန္႔မွဒူးအထိခ်ပ္ရပ္စြာခ်ဳပ္လုပ္ထားၿပီးဒူးေအာက္ပိုင္းကေန ကားကားရွည္ရွည္ေလးျဖစ္ေအာင္ဖန္တီးခ်ဳပ္လုပ္ထားတဲ့ The Mermaid Dress ေလးဟာဆိုရင္ The TrumpetDress နဲ႔ဆင္သေယာင္ရွိေပမယ့္မတူပါဘူးေနာ္။

The Mermaid Dress ဟာ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွကို အတိအက်ပံုေဖာ္ေပးႏိုင္တာေၾကာင့္ ကမၻာ့တစ္ဝွမ္းကသတို႔သမီးေလးေတြ ေရြးခ်ယ္ဝတ္ဆင္မႈမ်ားလွပါတယ္။

ဘယ္လိုဝတ္စံုဒီဇိုင္းကိုပဲေရြးခ်ယ္ဝတ္ဆင္ပါေစ။ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိမွသာ မဂၤလာပြဲေန႔ေလးမွာ 100%လွပႏိုင္မွာလည္းျဖစ္ပါတယ္။

textile picture

 

အဝတ်အထည်စက်ရုံ ( ၅၃၄ ) ခုကြည့် ရန်

 

Myanmar Textile and Garment Directory

Read 1585 times
Rate this item
(0 votes)