What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဇာမချဲ့တဲ့ မဂ္ဂံမာကယ်ရဲ့ သတို့သမီး ၀တ်စုံများ

Meghan Markle ရဲ့ ပထမဆုံးအကြိမ် ထိမ်းမြားလက်ထပ်ပွဲကို ဂျမေကာမှာ ဆင်နွှဲခဲ့တယ်။ ဆင်မြန်းခဲ့တဲ့ သတို့သမီးဝတ်စုံက အဖြူရောင် ဘိုဟီမီးယန်း စတိုင်လ် bohemian-style (စိတ်လွတ်ကိုယ်လွတ် ပေါ့ပါးလွတ်လပ်သောစတိုင်လ်)၊ မျက်နှာလွှားဇာ မပါဘူး။


ပခုံးကြိုး မပါ၊ ပခုံး အပြည့်ပေါ် ၀တ်စုံ ဖြစ်ပါတယ်။ ခါးမှာ သတ္တုခါးပတ်တစ်ခုနဲ့ ထိန်းပေးထားတယ်။ အောက်ခြေအနားက ကြမ်းပြင်ပေါ် ပုံကျနေပေမဲ့ ရေသီနား ရှည်ရှည်လျားလျား မပါဘူး။ ခါးပတ်က ပြောင်ပြောင်လက်လက်ဖြင့် ၀တ်စုံဖြူပေါ်မှာ ထင်းနေတယ်။
မင်္ဂလာပွဲ ကျင်းပတဲ့နေရာက ပင်လယ်ထဲမှ ကျွန်းငယ်နိုင်ငံတစ်ခု ဖြစ်တဲ့ ဂျမေကာရဲ့ ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာဆိုတော့ အခုလို သတို့သမီးဝတ်စုံဟာ ဆီလျော်သင့်မြတ်တယ်လို့ ဆိုရမယ်။

 

Meghan Markle First Wedding Dress

Meghan Markle First Wedding Dressnight

မဂ္ဂံမာကယ်ရဲ့ ဒုတိယအကြိမ် မင်္ဂလာပွဲကို ၁၉ ရက် မေလ ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့ပြီး တော်ဝင်နန်းထိုက် မင်္ဂလာပွဲ ဖြစ်ပါတယ်။

သူ့ရဲ့ သတို့သမီးဝတ်စုံကို Ralph & Russo မှ ချုပ်လုပ်ပေးနေတယ်လို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့တယ်။

ထိပ်တန်းလျို့ဝှက်ချက်အဖြစ် သိုသိပ်ထားတဲ့ သူ့ရဲ့ မင်္ဂလာဝတ်စုံကို မင်္ဂလာပွဲနေ့ကျမှ မြင်ကြတွေ့ကြရတယ်။

 

Capture22

Daily Express သတင်းရဲ့ အဆိုအရ ဒီဇိုင်းနာက ဗြိတိသျှမှ နာမည်ကျော် အမျိုးသမီး ဒီဇိုင်နာ Clare Waight Keller လို့ သိရပါတယ်။

Waight Keller ဟာ ပြီးခဲ့တဲ့နှစ်က ပြင်သစ်နိုင်ငံမှ သမိုင်းအစဉ်အလာ ကြီးမားတဲ့ ဖက်ရှင်တိုက် Givenchy မှာ Artistic Director အဖြစ် ခန့်အပ်ခံရသူ ဖြစ်ပါတယ်။

Givenchy ရဲ့ သမိုင်းကြောင်းမှာ Artistic Director ရာထူးကို အမျိုးသားများကိုသာ ခန့်အပ်ခဲ့ဖူးပြီး အမျိုးသမီးတစ်ဦးအနေဖြင့် Waight Keller ဟာ ပထမဆုံး ခန့်အပ်ခံရသူ ဖြစ်ပါတယ်။

ClareWaightKeller

အခု သတို့သမီးဝတ်စုံဟာ မျက်နှာလွှားဇာ ငါးမီတာ ရှည်တာလောက်ပဲ ထူးထူးခြားခြား ပြောစရာရှိပြီး လည်ပင်းပေါက်က boat neck လှေပုံ ဖောက်ထားတာမို့ သူလိုငါလို သာမန်သာသာမျှသာ ဖြစ်ပါတယ်။

တော်ဝင်မင်္ဂလာပွဲရဲ့ အဆင့်အတန်းကို မီရုံမျှလောက်သာ ရှိပါတယ်။ အတည်မပြုရသေးတဲ့ သတင်းတစ်ခုမှာတော့ မဂ္ဂံမာကယ်က မင်္ဂလာဝတ်စုံအတွက် အထောက်အပံ့စရိတ်မှ ငွေတွေကို အိုးအိမ်မဲ့တွေအတွက် လှူဒါန်းထားတယ်လို့ ဆိုပါတယ်။

အဆင်တန်ဆာအနေဖြင့် မာရီ ဘုရင်မကြီးရဲ့ သရဖူဦးဆောက်ပန်းကို ဆင်မြန်းထားပါတယ်။ အဲလစ်ဇဘက် ဘုရင်မကြီးက ငှားရမ်းထားတာ ဖြစ်ပါတယ်။ ပလက်တီနမ်အသားမှာ စိန်စီထားတယ်။ Cartier မှ နားကပ်တွေရယ်၊ လက်ကောက်ရယ်ကို ပံ့ပိုးပေးထားပါတယ်။

Capture221

Capture225

Capture222

 

Meghan Markle 4

 

Capture226

အဆင်တန်ဆာအနေဖြင့် မာရီ ဘုရင်မကြီးရဲ့ သရဖူဦးဆောက်ပန်းကို ဆင်မြန်းထားပါတယ်။

အဲလစ်ဇဘက် ဘုရင်မကြီးက ငှားရမ်းထားတာ ဖြစ်ပါတယ်။ ပလက်တီနမ်အသားမှာ စိန်စီထားတယ်။

Capture227

Cartier မှ နားကပ်တွေရယ်၊ လက်ကောက်ရယ်ကို

ပံ့ပိုးပေးထားပါတယ်။

rexfeatures 9685436cd

 

 

Read 2281 times
Rate this item
(0 votes)