What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗြိတိန် တော်ဝင်မင်္ဂလာဝတ်စုံ သေချာတဲ့အချက် (5)ချက်

မနက်ဖြန် စနေနေ့ မေလ ၁၉ ရက်မှာ လက်ထပ်ထိမ်းမြားတော့မယ့် မဂ္ဂံမာကယ်ရဲ့ သတို့သမီးဝတ်စုံ ဘယ်လိုလဲဆိုတာ အခုအခါမှာ ထိပ်တန်းလျှို့ဝှက် ဖြစ်နေတာမို့ သို့လောသို့ လော စဉ်းစားကြည့်တာကလွဲလို့ ဘာမှ မသေချာပါဘူး။

ဒါပေမဲ့ ဗြိတိန်တော်ဝင် မင်္ဂလာပွဲရဲ့ သတို့သမီးဝတ်စုံနဲ့ ပတ်သက်လို့ သေချာတိကျတဲ့ စည်းကမ်းတွေ ရှိနေပါတယ်။

လက်ရှည် ဖြစ်ရမယ်
*************
သတို့သမီးဝတ်စုံရဲ့ လက်နှစ်ဖက်စလုံး လက်ရှည် ဖြစ်ရပါမယ်။ ဗိုင်းကောက်ကျောက်ပိ ဖြစ်ဖို့လိုတယ်။ ဒါကြောင့် အစဉ်အလာအရ လိုက်နာရတာဖြစ်ပြီး စာနဲ့ပေနဲ့ ပြဋ္ဌာန်းထားတာတော့ မဟုတ်တဲ့အချက်က တော်ဝင်မင်္ဂလာဝတ်စုံတိုင်းဟာ လက်နှစ်ဖက်စလုံး လက်ရှည် ဖြစ်ရပါတယ်။ အနည်းဆုံးအနေဖြင့် ဇာပါးဖြင့် လက်ရှည်ကို ချုပ်လုပ်ရပါတယ်။

သတို့သမီး မဂ္ဂံမာကယ်က အမေရိကန်ဇာတိဖြစ်ပေမဲ့လည်း ရောမရောက်ရင် ရောမသူလိုပဲ ကျင့်ရမှာ ဖြစ်တာမို့ သူဝတ်ဆင်မယ့် သတို့သမီးဝတ်စုံဖြူဟာ လက်နှစ်ဖက်စလုံး လက်ရှည် ဖြစ်ပါလိမ့်မယ်။ ဟောလီဝုဒ်က လာတဲ့သူ ဖြစ်ပေမဲ့ အစဉ်အလာကို လိုက်နာဖို့ပဲ ရှိပါတယ်။

diana wed dress

လက်ကိုင်ပန်းစည်းမှာ မာတဲပန်းခက် ပါရမယ်
***********************
ဝိတိုရိယ ဘုရင်မလို့ သိကြတဲ့ ကွင်းဗစ်တိုးရီးယားလက်ထက်တော်ကတည်းက သူကိုင်တဲ့ လက်ကိုင်ပန်းစည်းမှာ မာတဲ myrtle ပန်းခြုံမှ ပန်းခက်တွေကို သုံးခဲ့ပါတယ်။
မာတဲပန်းခက်က ပြောင်လက်သောအရွက်နဲ့  မွှေးကြိုင်ဖြူဖွေးသောအပွင့်တွေ ပါဝင်တယ်။ လက်ရှိ ဘုရင်မ ဖြစ်တဲ့ အဲလစ်ဇဘက်တုန်းကလည်း မာတဲပန်းစည်းကိုပဲ သုံးစွဲခဲ့ပါတယ်။ ဒိုင်ယာနာတုန်းကလည်း မာတဲပန်းခက်ကိုပဲ ကိုင်ခဲ့တယ်။ ကိတ်တုန်းကလည်း ထိုနည်းလည်းကောင်းပါပဲ။
အဲဒီလို မဟုတ်ဘဲ မဂံ္ဂမာကယ်က တခြားပန်းစည်းကို သုံးစွဲမယ် မထင်ပါဘူး။
မာတဲပန်းခက်ကို မင်္ဂလာထိမ်းမြားခြင်း၊ အိမ်ထောင်ရေး၊ ချစ်ခြင်းမေတ္တာတို့ရဲ့ ပန်းခက်အဖြစ် ရွှေနန်းတော်က ရှုမြင်ပါတဲ့အပြင် ခိုင်မာတဲ့ သမိုင်းကြောင်းလည်း ရှိနေပြန်တယ်။

ဝိတိုရိယ ဘုရင်မက မင်းသား အဲလ်ဘတ်နဲ့ ထိမ်းမြားတော်မူတော့ ၁၈၄၀ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ပါတယ်။ အဲလ်ဘတ်ရဲ့ အဖွားက သတို့သမီးလောင်လျာကို မာတဲ
ပန်းခက်တွေ လက်ဆောင်ပေးတယ်။ ၀ိတိုရိယ ဘုရင်မက သူ့စံအိမ်တော်ရဲ့ ပန်းခြံထဲမှာ အဲဒီမာတဲပန်းစည်းကို စိုက်တော်မူတယ်။
၁၈၅၈ ခုနှစ်မှာ သူ့သမီးတော် မင်္ဂလာဆောင်တော့ အဲဒီမာတယ်ပန်ခြုံမှ ပန်းခက်တွေ ခူးယူစေပြီး လက်ကိုင်ပန်းစည်းမှာ ထည့်သုံးစေခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တော်ဝင်သတို့သမီးအဆက်ဆက် မာတဲပန်းခက်ပါတဲ့ ပန်းစည်းကို ကိုင်ကြတဲ့ ထုံးတမ်းအစဉ်အလာ ဖြစ်သွားခဲ့ပါတော့တယ်။
အဲဒီ မူလပန်းခြံကို လူထု ၀င်ရောက်ကြည့်ရှုဖို့ ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ပြီး ဖွင့်ပေးထားခဲ့လို့ ပန်းခြုံကို ဖြူဖွေးသောအပွင့်တွေနဲ့တကွ ကြည့်နိုင်ကြတဲ့အပြင် မွှေးကြိုင်တဲ့ ပန်းရနံ့တွေကိုပါ ရူရှိုက်နိုင်ကြပြီ ဖြစ်ပါတယ်။

martel

ဒီနေရာမှာ ပိုတိကျစွာ ပြောပြလိုတာက လက်ကိုင်ပန်းစည်းမှာ မာတဲပန်းချက် ပါဖို့သာ အစဉ်အလာဖြစ်ပြီး အဲဒီပန်းခြုံမှ မဟုတ်ဘဲ တခြားနေရာမှာ ရှိတဲ့ မာတင်ပန်းခြုံထံမှ မာတဲပန်းခက်တွေကိုလည်း သုံးခွင့် ရှိပါတယ်။ မှတ်မိနေတာက ဒိုင်ယာနာတုန်းက သူ့ကို ချစ်ခင်သူတစ်ဦးမှ ပေးအပ်တဲ့ မာတဲပန်းခက်ကို သုံးစွဲခဲ့ပါတယ်။

ဒီတော့ လက်ထပ်ပွဲကျင်းပမယ့် စိန့်ဂျော့ ဘုရားကျောင်းမှာ သတို့သမီး မဂ္ဂံမာကယ်ရဲ့ လက်ထဲ ကိုင်ထားတဲ့ပန်းစည်းမှာ မာတဲပန်းခက် ပါဝင်လိမ့်မယ်။

ဇာထည်
*******

သတို့သမီးဝတ်စုံတွေမှာ ဇာထည်မပါရင် မပြီးဘူး။ ဗြိတိန် ရွှေနန်းတော်ရဲ့ သတို့သမီးဝတ်စုံမှ ထည့်သုံးမယ့် ဇာထည်ဟာ ၀တ်ပြီးသားအ၀တ်အစားမှ ဇာထည်ကို ဖြုတ်ယူပြီး ချုပ်တပ်ပေးထားတာကို သုံးကြတယ်။
အခုခေတ်စကားနဲ့ ပြောရရင် တစ်ဖန်ပြန်လည်သုံးစွဲခြင်း recycle လုပ်ရတာ ဖြစ်ပါတယ်။
သာဓကအားဖြင့် ၂၀၁၁ ခုနှစ် ကိတ်ရဲ့ သတို့သမီးဝတ်စုံကို Alexander McQueen က ချုပ်လုပ်ပေးခဲ့တယ်။ အဲဒီမှာ တပ်ထားတဲ့ဇာသားက အမေရိကန် မင်းသမီး ဂရေ့စ်ကဲလီ ၁၉၅၆ ခုနှစ်မှာ မင်္ဂလာဆောင်တော့ ဆင်မြန်းခဲ့တဲ့ ၀တ်စုံမှ ဖြုတ်ယူထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက မိုနာကိုမှ မင်းသား တတိယမြောက် ရိန်းနီးယားနဲ့ ဂရေ့စ်ကဲလီ ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ သတို့သမီး မဂ္ဂံမာကယ်ရဲ့ဝတ်စုံမှာလည်း အစဉ်အလာမပျက် သတို့သမီး ၀တ်စုံအဟောင်းမှ ဇာသား ပါဝင်လိမ့်မယ်။

ပခုံးနဲ့ ရင်ကြား နေရာတွေ မပေါ်ရဘူး
***************
လည်ပင်းပေါက်ကို ကတ်ရဲ့ သတို့သမီးဝတ်စုံမှာလို ဗီအပေါက် ဖောက်လို့ ရတယ်။ ဒါပေမဲ့ ရင်နှစ်မွှာကြား များများစားစား ပေါ်တဲ့အထိတော့ ဗီက ရှည်လို့ မရဘူး။ ပြီးတော့ ပခုံးသား မပေါ်ရဘူး။

သတို့သမီးဝတ်စုံ ဆင်စွယ်ဖြူရောင် ဖြစ်မယ်ဆိုတာတော့ ပြောဖို့ မလိုပါဘူး။

ဒီတော့ အခုဆက်လက်ပြီး အဆောင်အယောင်တစ်ခုအကြောင်းနဲ့ နမ်းတဲ့အကြောင်းကို တင်ပြလိုပါတယ်။
တော်ဝင်သတို့သမီးဟာ စိန်သရဖူဦးဆောက်ပန်းကို ဆင်မြန်းတယ်။ ဒိုင်ယာနာတုန်းက သူ့မိသားစု အစဉ်အဆက် ထိန်းသိမ်းထားတဲ့ စိန်သရဖူဦးဆောက်ပန်းကို ဆင်မြန်းခဲ့တယ်။ ကိတ်တုန်းကတော့ ရွှေနန်းတော်က ထုတ်ငှားပေးခဲ့ပါတယ်။

ကေအိုင် အက်စ်အက်စ် ကစ်စ်
*********************
မင်္ဂလာပွဲတွေမှာ ထုံးစံတစ်ခုက , “You may now kiss the bride” လို့ ပြောပြီး နမ်းခိုင်းတယ်။ အထူးသဖြင့် အမေရိကန်တွေ လုပ်ကြတယ်။ ဗြိတိသျှ တော်ဝင် မင်္ဂလာပွဲတွေမှာတော့ အဲဒီအစီအစဉ်ကို ချန်လှပ်ထားတယ်။
Church of England က အထွတ်အမြတ်ထားတဲ့ သာသနာမြေပေါ်မှာ အဲဒီလို နမ်းတာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။
ဒါဆို သတို့သားက သတု့သမီးကို လူအများရှေ့မှ နမ်းမပြရတော့ဘူးလား။
ကေအိုင် အက်စ်အက်စ် ကစ်စ် မပြရတော့ဘူးလား။
မနမ်းပြဘဲ ဘယ်နေလိမ့်မလဲ။
William နဲ့ Kate တို့ မင်္ဂလာဆောင်တုန်းကတော့ လူအများရှေ့ ပထမဆုံးအကြိမ် နမ်းပြခြင်းကို ဘတ်ကင်ဟမ်နန်းတော်ကို ပြန်ရောက်ပြီးတော့မှ လေသာဆောင် အပြင်ထွက်လာပြီး နမ်းပြခဲ့ကြပါတယ်။

kiss

Read 2154 times
Rate this item
(0 votes)