What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒိုင်ယာနာရဲ့ ခေါက်ရာတွန့်ရာ သတို့သမီး ၀တ်စုံ

တော်ဝင်နန်းထိုက် သတို့သမီးဝတ်စုံမှာ တွန့်ရာခေါက်ရာတွေ ထင်နေတာ ပရပွ ဖြစ်နေတယ်။ ၀တ်စုံကို ၀တ်ပြီး အိပ်ရာထဲ လှဲအိပ်ပြီးမှ ထလာသလို ဖြစ်နေတယ်။
ဘယ်လိုဖြစ်လို့ အခုလို တွန့်ရာခေါက်ရာတွေ များကုန်ရတာလဲ။

ကြာတာတော့ ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်တုန်းက တစ်ကမ္ဘာလုံး သည်းသည်းလှုပ်ပြီး ကြည့်ခဲ့ကြတဲ့ ဒိုင်ယာနာရဲ့ မင်္ဂလာလက်ထပ်ပွဲမှာ ဖြစ်ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ။

ထုံးတမ်းစဉ်လာအရ မြင်းဆွဲတဲ့ ရထားလုံးနဲ့ လိုက်ပါလာတဲ့ ဒိုင်ယာနာက ရထားလုံးရဲ့ တံခါးကို ဖွင့်ပြီး အပြင်ကို ဆင်းလိုက်တယ်။ ထိမ်းမြားပွဲ ကျင်းပမယ့် စိန့်ပေါဘုရားကျောင်းဆီကို လျှောက်လှမ်းတယ်။
အခုလို တော်ဝင်မင်္ဂလာပွဲတွေမှာ သတို့သမီးဝတ်စုံကို ဘယ်မှာချုပ်တယ်။ ၀တ်စုံက ဘယ်လိုဆိုတာတွေကို အထူးလျှို့ဝှက်ထားတယ်။ မင်္ဂလာပွဲနေ့ လူထုရှေ့မှောက်ကို ရောက်တော့မှသာ သတို့သမီးဝတ်စုံကို ပထမဆုံးအကြိမ်အဖြစ် မြင်ကြရတယ်။ ချုပ်လုပ်ပေးရတဲ့သူတွေကလည်း လျှို့ဝှက်သိုသိပ်ကြရတယ်။ ၀တ်စုံဒီဇိုင်းကို ပုံကြမ်းဆွဲပြပြီး အတည်ပြုချက်ရတဲ့အခါ အဲဒီပုံကြမ်းကို တစ်စစီဆွဲဆုတ်ပစ်ပြီး ဖျောက်ဖျက်ပစ်ရတယ်။

သတို့သမီးဝတ်စုံက ဆင်စွယ်ဖြူအရောင်။ ထုံးစံအတိုင်း ရေသီနားက ရှည်ရှည်လျားလျား။
ဒိုင်ယာနဲ့အလှတရား၊ မင်္ဂလာဝတ်စုံရဲ့ ဖွေဖွေဖြူနေတဲ့ အလှပသာဒတို့က ကြည့်ရှုနေတဲ့ ပရိသတ်ကို ဖမ်းစားလိုက်တယ်။ အခုခေတ်ဖေ့ဘုတ် အီမိုရှင်းနဲ့ဆိုရင် Wow! ဖြစ်ကုန်ကြတယ်။

 

Royal Wedding

 

ဒါပေမဲ့ ကြည့်ရှုနေတဲ့ သန်းချီတဲ့ဦးရေမှာ တစ်ဦးတစ်ယောက်ရဲ့ Wow! က အံ့သြခြင်းအပြင် အထိတ်တလန့် ဖြစ်သွားတဲ့ အီမိုရှင်းတွေ ရောပါနေတယ်။ သူက အဲဒီ သတို့သမီးဝတ်စုံကို ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်တဲ့ အမျိုးသမီး အဲလစ်ဇဘက် အီမြူရယ် ဖြစ်ပါတယ်။

အီမြူရယ်နဲ့ ခင်ပွန်းသည် ဒေးဗစ်တို့နှစ်ဦးဟာ လပေါင်းအတန်ကြာအောင် ဆင်စွယ်ရောင် တာဖက်တာ ပိုးတုထည်နဲ့ ရှေးဇာထည်ဝတ်ရုံတို့ကို တအံ့တသြဖြစ်အောင် ဖန်တီးခဲ့ကြတယ်။
မင်္ဂလာဝတ်စုံမှာ ပုလဲလုံးလေးတွေ ခုရေ တစ်သောင်းကျော် တွဲသီပေးထားတယ်။ လက်မောင်းအိုးပွပွကို ဖန်တီးပေးထားတယ်။ ကုန်ကျစရိတ်က ပေါင် ကိုးထောင် (ကျပ် သိန်း ၁၆၀ ကျော်) ရှိတယ်။

တီဗီအင်တာဗျူးတစ်ခုမှာ ဆင်မြူရယ်က အခုလို ပြောပြခဲ့တယ်။ “နည်းနည်းပါးပါးတော့ ခေါက်ရာတွန့်ရာ ရှိလိမ့်မယ်ဆိုတာ ကျွန်မတို့ သိထားတယ်။ ဒါပေမဲ့ စိန့်ပေါမှာ သူ ရထားလုံးပေါ်က ဆင်းပြီးတဲ့အခါ သတို့သမီးဝတ်စုံမှာ တွန့်ရာခေါက်ရာတွေကို တွေ့လိုက်ရတော့ ကျွန်မတို့ ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး မေ့လဲမတတ် ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ခေါက်ရာတွန့်ရာတွေ ပရပွနဲ့ ဖြစ်နေတယ်”
သူမက မှတ်ချက်ပြုတယ်။ “ကျွန်မတို့ ထင်ထားတာထက် အများကြီး များနေတယ်”

ဝတ်စုံနဲ့ အစမ်းလေ့ကျင့်ခဲ့ကြပေမဲ့ တခြားအလားတူ ၀တ်စုံကို သုံးစွဲခဲ့ကြပြီး ချုပ်ထားတဲ့ အသားက မတူဘူး။ ဒီတော့ နည်းနည်းပါးပါး တွန့်တာခေါက်ရာထင်တာလောက်ပဲ ရှိခဲ့ပါတယ်။

ဘယ်လိုဖြစ်လို့ အခုလို တွန့်ရာခေါက်ရာတွေ များကုန်ရတာလဲ။

အဲဒီမေးခွန်းရဲ့ အဖြေအတွက် နောက်ကြောင်းပြန်လိုက်ပြီး အဖြေရာကြတဲ့အခါ ရထားလုံး ပြဿနာ ရှိခဲ့တာကို သိကြရတယ်။
ဖြစ်ပုံက ဒီလိုပါ။

ဒိုင်ယာနာက ရထားလုံးပေါ် ထိုင်စီးရမယ့်ကိစ္စကို ထည့်မစဉ်းစားမိဘဲ သတို့သမီးဝတ်စုံရဲ့ ရေသီနားကို ကြီးသထက်ကြီးအောင် လုပ်ခိုင်းခဲ့တယ်။ တာဖက်တာပိုးတုထည်က အကြီးကြီး ဖောင်းကြွနေတဲ့အထိ ဖြစ်သွားတယ်။ အလျားက ၂၅ ပေအထိ ဖြစ်သွားတယ်။ ဒီတော့ ရထားလုံးပေါ် တက်ထိုင်တဲ့အခါ မဆန့်တော့လို့ လိပ်ခေါက်ကုန်ပြီး တွန့်ရာခေါက်ရာတွေ ထင်ကုန်တာ ဖြစ်ပါတယ်။

cart

Read 26548 times
Rate this item
(4 votes)